Tuesday, November 13, 2018

ချစ်ခြင်းရဲ့ နောက်မှာ သောက လာတယ်

ချစ်ခြင်းရဲ့ နောက်မှာ သောက လာတယ်
မုန်းခြင်းရဲ့နောက်မှာ ဒေါမနသ လာတယ်
အကောင်းလာတာရှိလို့လား

ချစ်ခင်ခြင်းရဲ့နောက်ကွယ်မှာ
သောကရှိတယ်
သောကဖြစ်တယ်ဆိုတာ ချစ်ခင်လို့ဖြစ်တာ
မချစ်တဲ့လူ မသိတဲ့လူ သောကမှ
မဖြစ်တာ
ကိုယ်မသိတဲ့လူအတွက်ပူတယ်လို့
ရှိမှမရှိတာ

ကိုယ်မသိတဲ့အရာ ကိုယ်မပိုင်တဲ့အရာ
ကိုယ်နဲ့ပတ်သက်မှုမရှိဘူးဆိုရင်
သောက လာမှမလာတာ
ဒါဖြင့်
သောကကိုမွေးထုတ်နေတဲ့ ချစ်ခင်ခြင်းဟာ နှစ်သက်စရာကောင်းသလား
မနှစ်သက်စရာကောင်းသလား
                  ကျေးဇူးရှင်ဆရာတော်ကြီး
                 ဒေါက်တာနန္ဒမာလာဘိဝံသ

No comments:

Post a Comment