Wednesday, November 7, 2018

သစ်ပင်စိုက်သူနေ့စဉ်ကုသိုလ်တိုးပုံ

<^>#ဝနရောပသုတ်
      #သစ်ပင်စိုက်သူနေ့စဉ်ကုသိုလ်တိုးပုံ
     ~~~~~~~~~~~~~~~~~~~~

နတ်သားတစ်ပါးလျောက်ထား......
အရှင်ဘုရား -
@အဘယ်သူတို့အား
နေ့၌လည်းကောင်း, ည၌လည်းကောင်း
အခါခပ်သိမ်းကောင်းမှုသည်တိုးပွားပါသနည်း?
@အဘယ်သူတို့သည်
တရား၌လည်းကောင်း, သီလ၌လည်းကောင်း
တည်ကုန်သည်ဖြစ်၍
နတ်ပြည်သို့ သွားပါကုန်သနည်း?
~~~~~~~~~~~~~~~~~~
မြတ်ဗုဒ္ဓဖြေကြား.........
အချင်းနတ်သား -
®အကြင်သူတို့သည်
သီးပင်, ပန်းပင်, တောသစ်ပင်တို့ကို
စိုက်ကုန်၏။
တံတားခင်းကုန်၏။
ရေအိုးစင်, ရေတွင်း, အိမ်ကျောင်းဇရပ်တို့ကို
လှူကုန်၏။
ထိုသူတို့အား
နေ့၌လည်းကောင်း, ည၌လည်းကောင်း
အခါခပ်သိမ်းကောင်းမှုသည်တိုးပွား၏။
®ထိုသူတို့သည်
တရား၌လည်းကောင်း, သီလ၌လည်းကောင်း
တည်ကုန်သည်ဖြစ်၍
နတ်ပြည်သို့ သွားရကုန်၏။

                 Credit :; Pinn Pinn
            ©©©©©©©©©©©©©©©©

                  #ကောင်းကျိုးလိုရာပြည့်ကြပါစေ

No comments:

Post a Comment