``` အနိစ္စ လက္ခဏာ သုံးပါး ´´´
°°°°°°°°°°°°°°°°°°°
<> ဘုရားဟော ဒေသနာ အရ _~
အနိစ္စလက္ခဏာ သည်
( ၁ ) သမ္မုတိအနိစ္စ ၊
( ၂ ) သန္တတိအနိစ္စ ၊
( ၃ ) ခဏိကအနိစ္စ ၊
ဟူ၍ ( ၃ ) သုံးပါးရှိသည် ။
( ၁ ) " သမ္မုတိ အနိစ္စ ''
°°°°°°°°°°°°°°°
<> လောကီလူများ ခေါ်ဝေါ်ပြောဆိုလေ့ရှိသော
ထင်ရှားသည့် - မမြဲခြင်းသဘောကို
" သမ္မုတိ အနိစ္စ " ဟု ခေါ်ပါသည် ။
" ဥပမာ " <> လူသေခြင်း ၊ ကျောင်း ၊ ဘုရား ၊
စေတီ ၊ နေအိမ် ၊ မြို့ရွာ ၊ ပန်းကန်ကွဲ ၊
ပျက်စီးခြင်းမျိုးကို
"" သမ္မုတိ အနိစ္စ " ဟုခေါ်သည် ။
( ၂ )" သန္တတိ အနိစ္စ "
°°°°°°°°°°°°°°°°°
<> " သန္တတိ အနိစ္စ " ၏ သဘောမှာ
ရုပ်အစဉ် ၊ နာမ်အစဉ် တို့၏ တစ်မျိုးမှ တစ်မျိုးသို့
ပြောင်းလည်း ချုပ်ပြတ်ခြင်း သဘော ဖြစ်ပါသည် ။
" ဥပမာ " <> ( က ) အေးသော ရုပ်အစဉ်
ချုပ်ပျောက်ပြီး ပူသော ရုပ်အစဉ် ဖြစ်ပေါ်လာခြင်း ။
( ခ ) ပေါ့ပါး လျင်မြန်သော ရုပ်အစဉ် ချုပ်ပျောက်ပြီး
လေးလံ ထိုင်းမှိုင်းသော ရုပ်အစဉ် ဖြစ်ပေါ်ခြင်း ။
( ဂ )လောဘစိတ် အစဉ် ချုပ်ပျောက်ပြီး
ဒေါသ စိတ်အစဉ် ဖြစ်ပေါ်ခြင်း ။
( ဃ ) သုခဝေဒနာ အစဉ် ချုပ်ပျောက်ပြီး
ဒုက္ခ ဝေဒနာ အစဉ် ဖြစ်ပေါ်ခြင်း ။
( င ) အဆင်း ရူပါရုံကို စွဲလမ်းသော စိတ်အစဉ်
ချုပ်ပျောက်ပြီး ၊ အသံ သဒ္ဒါရုံကို စွဲလမ်းသော
စိတ်အစဉ် ဖြစ်ပေါ်ခြင်း ၊ စသည်တို့သည်
" သန္တတိအနိစ္စ " ၏ သဘောများပင်ဖြစ်သည် ။
( ၃ ) " ခဏိက အနိစ္စ "
°°°°°°°°°°°°°°°°
<>" ခဏိက အနိစ္စ " ၏ သဘောမှာ
မျက်စိတမှိတ် လျှပ်တပြက် လက်ဖျစ်တတွက် ၊
အတွင်းမှာ ရုပ်.နာမ်ခန္ဓာတို့၏ ကုဋေ တစ်သိန်းမက
ဖြစ်၍ ပျက်သော သဘော ဖြစ်သည် ။
အထက်ပါ အနိစ္စ သုံးမျိုးအနက် ၊
" သမ္မုတိ အနိစ္စ " ကို မြင်ရုံမျှ ဖြင့်
" ဝိပဿ နာဉာဏ် "
အစစ်အမှန် ရတယ်ဟု မဆိုနှိုင်ပါ ။
" သန္တိ အနိစ္စ " ကို မြင်ခဲ့ပါလျှင်
" ဝိပဿ နာဉာဏ် "
အစစ်အမှန် ဟု ဆိုနှိုင်ပါသည် ။
( ၃ ) " ခဏိက အနိစ္စ " ကို
ဉာဏ်မှီအောင် လိုက်၍
မြင်သိ နှိုင်ရန် လွန်စွာ ခဲယဉ်းပေမည် ။
" သန္တ တိ အနိစ္စ ရှုပုံ "
°°°°°°°°°°°°°°
သဲအင်ဂူဆရာတော်ဘုရားကြီး၏ …
ကိုယ်တွေ့ မှာ....
#သောတာပန် ဖြစ်ရန် အားထုတ်ဆဲ
ယောဂီသည်
" ဥပမာ " ၊ တာင့်တဲ့ ဝေဒနာ၏ အစတိုးပွားလာခြင်း
နှင့် တိုးပွားလာမှု ရပ်ပြီး ဆုတ်ယုတ်သွားခြင်း ။
တောင့်တဲ့ဝေဒနာ ချုပ်ဆုံး ကွယ်ပျောက်မှု
အဆုံး သဘောများကို သိအောင် သတိ နှင့်
ကပ်ပြီး ရှုလို့ သိတယ်ဆိုတာ
#အနိစ္စ ဉာဏ်
အမြင်ပဲ ဖြစ်ပါသည် ။
မမြဲသော သဘောကို အထင်ဉာဏ်ဖြင့် သိတဲ့
အသိ ဖြစ်ပါသည် ။
#သကဒါဂါမ် နှင့် #အနာဂါမ် တို့၏ ထူးခြားမှု
မှာ #သကဒါဂါမိ မဂ်ကျပြီးတဲ့ #အရိယာပုဂ္ဂိုလ်
သည် ၊ အသုဘ သဘောကို အမြင်ဉာဏ် နှင့်
ဒလစပ် မြင်သိနေပါသည်။
#သုဘ သညာကို ပယ်လိုက်ပါသည် ။
သို့သော်..အပုတ်ကောင် အရိုးစုကြီးကို
မြင်နေသေးတဲ့ အတွက် - #ပညတ် မစင်သေးပါ ။
#အနာဂါမ်ကြီးသည် - အနာဂါမိမဂ် ကျပြီး
သည်နှင့် တပြိုင်နက် အသုဘကြီး.အရိုးစု
ကြီးများ ကွယ်ပျောက်၍ #အဆင်းရုပ်ကလပ်
လေးတွေ ဖြစ်ပျက် နေသည်ကို ဒလစပ် မြင်
သိနေသည့် အတွက် #သဏ္ဍာနပညတ် ကို
ပယ်လိုက်ပါသည် ။
# ဃန ပညတ် ကြေသွားပြီး - $သန္တတိပညတ်
သာ ကျန်နေပါသည် ။
" ခဏိက အနိစ္စ " ရှုပုံ ''
°°°°°°°°°°°°°°°°
<> အနာဂါတ်ကြီးသည် <> ရဟန္တာ ဖြစ်အောင်
ဆက်လက် ရှုပွားသောအခါ လျှပ်စစ်တပျက်
လက်ဖျစ်တတွက် အတွင်းမှာ ဖြစ် <> ပျက် နေ
ကြသော ရုပ်ကလာပ် အမှုံလေးတွေကို
ဒလစပ် မြင်နေပါသည် ။
<> ထို အနာဂါမ် အဆင့်သို့ ရောက်မှ
#ခဏိကအနိစ္စ ကို ဉာဏ်မှီအောင် လိုက်၍
ရှုပွားနှိုင်သောကြောင့် ခဏိက အနိစ္စ လက္ခဏာ
ကို မြင်ပါသည် ။
``` ခဏိက.အနိစ္စ နှင့် လယ်တီတရာတော် ´´´
°°°°°°°°°°°°°°°°°°°°°°°°°°°°°
( ၁ ) <> ကျေးဇူးရှင် လယ်တီဆရာတော်ဘုရား
ကြီးက..အနိစ္စလက္ခဏာတွင် မျက်တောင်
တခတ် ၊ လျှပ်တပြက် ၊ အတွင်းမှာပင်
အကြိမ်ပေါင်း များစွာ ဖြစ်နှိုင်သော
#ခဏိက အနိစ္စ အချက်များသည် အဘိဓမ္မာ
စကားပြောကြရာ၌သာ လို၏ ။
" ဝိပဿ နာ အရာ၌မူကား ကိုယ်တွေ့မျက်မြင်မျိုးတွင်
ထင်ရှားလျှက်ရှိကြသော
#သန္တတိ <> ဝိပရိဏာမ သန္တတိ အညထာဘာဝ
သည်သာ လိုရင်း လို့. ဝိပဿ နာဒီပနီကျမ်းမှာ
ဆိုထားပါတယ် ။
မှတ်ချက် ။ ။သန္တ တိ ဝိပရိဏာမ ၊
သန္တတိ အညထာဘာဝ၊
သန္တတိ အနိစ္စ. <> [ ၃ ] သုံးမျိုးတိုသည်
သဒ္ဒါ ကွဲသော်လည်း သဘောမှာ
အတူတူပင်ဖြစ်ပါသည် ။
( ၂ ) လယ်တီဆရာတော်ဘုရားကြီးက..
မျက်စိဖြင့် မြင် သကဲ့သို့ ဉာဏ်အမြင် ပေါက်မှ
ဝိပဿ နာဉာဏ် ဖြစ်သည် ။
အဘိဓမ္မာ ကျမ်းဂန်တတ်၍
ဓမ္မသဘာဝ တို့ကို နေရာကျ သိနှိုင်သော
သဘောယုတ္တိဉာဏ်မျိုးသည်
" ဝိပဿနာဉာဏ် မဟုတ် "
သုတမယဉာဏ် သာတည်း။
<> ယခုကာလ၌ကား <>
သုတမယဉာဏ်အနေ နှင့် ထင်မှု မြင်မှု
နှလုံးသွင်းမှုကိုပင် ဝိပဿနာဉာဏ်ဟု
ထင်မှတ်၍ နေကြသူများပြားသည်။
<> ဆေးလိပ် သောက်လို၍ မီးခြစ်ရာ၌
ခြစ်မိသော နေရာမှ မုန့်ညှင်းစေ့မျှ
မီးတောက် ဖြစ်ပေါ်သည်မှ စ၍ ( အစ )
တိုးပွား၍ လာသည် ကို၎င်း ၊
<> အတိုး အပွား ရပ်ပြီး ဆုတ်ယုတ်၍
သွား သည်ကို၎င်း ( အလယ် ) ၊
<> အဆုံးသတ် သေပျောက်၍
သွားသည်ကို ၎င်း ( အဆုံး ) ။
<> မျက်စိဖြင့် ပစ္စက္ခဒိဋ္ဌ မြင်ကြသကဲ့သို့
ကိုယ်ခန္ဓာ အတွင်း၌ ရုပ်တရား.နာမ်တရား
တို့၏ထိုသို့ အခိုက်အတန့်အားလျော်စွာ
" သန္တတိ အစဉ် အားဖြင့် ခုတင်ခု တဖွားဖွား
ဖြစ်ပေါ် တိုးပွားမှုကို၎င်း ၊
<> အတိုးအပွား ရပ်ပြီးနောက်
ဆုတ်ယုတ်၍ သွားသည်ကို၎င်း ၊
<> အဆုံးမှာ <> အကုန် ကွယ်ပျောက်၍
သွားသည်ကို၎င်း ၊ ဒိဋ္ဌပစ္စက္ခ အားဖြင့်
အသိဉာဏ်တွင် အမြင်ပေါက်အောင်
အားထုတ်မှုသည်
#ဥဒယဗ္ဗယဉာဏ် မည်၏ ။ ဟု အာဟာရ
ဒီပနီ မှာ ရေးသားဖော်ပြထားပြန်ပါတယ် ။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
<> တဖန်....နာမ်..ရုပ်တရား၏ ဖြစ်မှု..ပျက်မှု တို့
သည် လျှပ်တပြက် အတွင်းမှာ အကြိမ်
တရာ တစ်ထောင် မက. ဖြစ်နှိုင် ပျက်နှိုင်သည် ။
<> ထိုသို့သော ခဏိက. အချက် ဖြစ်မှု
ပျက်မှုတို့သည် သတ္တဝါ တို့၏ ဉာဏ်အမြင်မှာ
ပိုင်းခြား၍ ထင်မြင်နှိုင်သော
အရာစု မဟုတ်ကုန်ပြီ။
<> မထင်မြင် နှိုင်သော အရာကို ဝိပဿနာ
၏ အချက်အလက် ပြု၍ ရှုသည်ရှိသော်
အနှစ် တစ်ရာ တစ်ထောင်ပင် ရှုသော်လည်း
#ဝိပဿနာ ဉာဏဒဿန
အဏုမြူ မျှ ဖြစ်ခွင့် မရှိ ။
သမ္မောဟ ဒုက္ခ သာ ဖြစ်ခွင့် ရှိလေသည် ။
<> အဘယ့်ကြောင့်နည်း ဟူမူ..နာမ်တရားတို့
မှာ မျက်တောင်တခတ် လျှပ်တပြက် လက်
ဖျစ်တတွက်ခန့်. ကာလ. အတွင်းမှာ ကုဋေ
တစ်သိန်း မက. ဖြစ်ပျက်မှု မြန်သည်ဟု
ကျမ်းဂန်တို့မှာ လာသည် ။
<> ပကတိ လူတို့မှာ မျက်တောင်
တခတ်ဆိုလျှင်ပင် အလွန် မြန်လှလေပြီ ။
<> ကျမ်းဂန် အဆိုအတိုင်း ကျနလေအောင်
မျက်တောင်တခတ်မှာ အချက်ပေါင်း
ကုဋေတစ်သိန်း ထင်မြင်နှိုင်အောင် ရှုမည်
ဟုကြံစည်ခြင်း ငှါပင် မထိုက်လေသောကြောင့်တည်း။
<> ထို့ကြောင့်.. ဆိုခဲ့ပြီးသော အတိုင်း ခိုကိုးရာ
မရှိအောင် ဖြစ်မှု ပျက်မှု မြန်သည်ကို
ထင်မြင်နှိုင်သည်သာ ပမာဏဟု မုချယုံကြည်ရမည်။
<> ထို သဗ္ဗညုတ ဉာဏ်တော်အရာ နှင့်
အဘိဓမ္မာ ကျမ်းဂန် တို့၌ ပြဆို၍ထားသော
အရာ အချက်များကို နားယောင်၍ စက္ခုဒွါရ
တစ်ဝီထိ အတွင်းမှာ ဖြစ်မှု ချုပ်မှုများကို..
လက္ခဏရေး တင်သည်ဟု ပြောဆိုကြသော
အရာများသည် ယောင်ယမ်းကာသာ ဖြစ်သည် ။
<> ဝိပဿ နာ ဉာဏဒဿန. အစစ်
ဖြစ်နှိုင်ရန်အခွင့်အလန်း ဝေးလှ၏ဟု..
မှတ်လေ ။ ဟုအလင်းပြကျမ်း၌ ဖော်ပြထားပါတယ် ။
ယ္ခု Post အားစာပေဗဟုသုတသာ
မှတ်တမ်းတင် သိမ်းဆည်းထားခြင်းသာဖြစ်ပါသည် ။
ကျေးဇူးပါ ။ ရေးသားသူ မောင်ချမ်းသာ
No comments:
Post a Comment