❁"သွာက္ခာတော ဘဂဝတာ ဓမ္မော"❁
✅ #မြတ်စွာဘုရားဟောတဲ့တရားဟာ
အလွဲအမှား မရှိဘူး။
အမှန်အတိုင်း ဟောထားတာ။
❁ " သန္ဒိဋ္ဌိကော"❁
✅ ကိုယ်တိုင်လက်တွေ့လုပ်လို့ရတယ်။
လောကမှာ ကိုယ်တိုင်လည်း တစ်ခါမှ
တွေ့တာမဟုတ်ဘဲနဲ့ လက်ခံနေကြရတာကများတယ်နော်
#တရားဆိုတာ ကိုယ့်ရဲ့ ရင်ထဲနှလုံးထဲ
ရောက်လာတာနဲ့ ကိုယ်တိုင်ခံစားရတာ။ကိုယ်တိုင် သိတာ။
" ဟုတ်တယ် မဟုတ်ဘူး" ကိုယ်တိုင်သိတယ်။
သောကဖြစ်ရင် တရားနှလုံးသွင်းလိုက်တာနဲ့
အဲ့ဒါ သောကပျောက် မပျောက် ကိုယ့်ဟာကိုယ်
သိတယ်။
✦ပျောက်တဲ့နည်းစနစ်အတိုင်း ဆင်ခြင်သုံးသပ်
ကြည့်ရင် နောက်ဆုံးမှာ လုံးဝပျောက်သွား
တဲ့အဆင့်အထိ ရောက်သွားတယ်။
ဒါ ပြောတာ။ ` သိန္ဒိဋ္ဌိကော ´
ကိုယ်တိုင်မြင်နိုင်တယ်။
ဘယ်လောက် ကျေနပ်စရာ ကောင်းလဲ။
ကိုယ်တိုင်မြင်ဖို့ ဘယ်လောက်ထိ
စောင့်ရမလဲဆိုရင်
❁အကာလိကော❁
✅စောင့်စရာ မလိုဘူး။ အခုလုပ် အခုသိတယ်။
ဟုတ်တယ်။
တရားဓမ္မ ကြားနာရင် အခုကြား အခုသိ။
အခုသင် အခုတတ်သွားတာ။
` သိသွားတယ် ´ ဆိုတာ `မသိတာနဲ့ ´
ကပ်နေတာပဲလေ။
❁ ဧဟိပဿိကော ❁
✅ကိုယ်သိသွားသလို သူများသိအောင် ပြောပြလို့
လည်း ရတယ်။
`လာပါ၊လုပ်ကြည့်စမ်းပါ´လို့ ပြောလို့ရတဲ့တရား။
❁ သြပနေယျိကော ❁
✅အချိန်မရွေး ကိုယ့်ရင်ထဲ နှလုံးထဲ ရောက်
သွားတာနဲ့ ရင်ကိုအေးစေတတ်တဲ့ တရား၊
သောက ကင်းဝေးစေတတ်တဲ့တရား၊
❁ ပစ္စတံ_ဝေဒိတဗ္ဗော_ဝိညူဟိ ❁
✅အဆင့်မြင့်တရားမျိုးဖြစ်တဲ့
" နိဗ္ဗာန် မဂ်ဖိုလ် " တို့ကျတော့ တကယ်ပညာရှိမှ သိတာ။
✦အဲဒီတော့ပညာကို တိုးတက်အောင် လုပ်ဦး။
လူတိုင်းလူတိုင်းဟာ အသိပညာ
အဆင့်မီတာမှ မဟုတ်တာလေ။
✦ကဲ_ ကြည့်လေ၊ ရမည်းသင်း မြို့သူမြို့သားအားလုံး တက္ကသိုလ်ကိုရောက်ကြရဲ့လား၊
မရောက်ဘူးလေ နော်။
✦လူတိုင်း လူတိုင်းဆရာဝန်ပညာရော တတ်ရဲ့လား၊
မတတ်ဘူးလေ။ တချို့က မူလတန်း
နဲ့ ပြီးတယ်၊ တချို့က အလယ်တန်းနဲ့ပြီးတယ်၊ တချို့က အထက်တန်း
ရောက်တယ်၊ ဟော _ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးလေ။
✦အဲဒါလိုပဲ မြတ်စွာဘုရား တရားတော်က
အဆင့်ဆင့်ရှိတယ်။
အဆင့်မြင့်တဲ့ တရားကျတော့
" ပစ္စတံ ဝေဒိတဗ္ဗော " အသီးသီး
ကိုယ်တိုင် လက်တွေ့ သိနိုင်တယ်။
ဘယ်သူတွေကမှ သိနိုင်တာတုန်း
ဆို "ဝိညူဟိ " တဲ့။ ဉာဏ်ထက်မြက်သူမှ သိတာ။
✦အဆင့်မီမှရတယ်လို့
ပြောတာ၊ ဒါက သိပ် သဘာဝကျတယ်နော်။
#အဲဒီတော့ ကိုယ်လုပ်ရမှာက ဘာတုန်းဆိုရင်
ပညာရအောင် ရှာရမှာပေါ့။ အမှတ်တမဲ့ မနေရဘူး၊
✦လူတွေမှာ တစ်ခါတစ်ခါ မှားယွင်း
နေတဲ့ အတွေးအခေါ်တွေ ရှိတယ်။
" အသက်ကြီးပြီ၊ ဘာမှလုပ်စရာ မလိုတော့ဘူး၊
အခုမှ ပညာသင်နေလို့ ဖြစ်မှာမဟုတ်တော့ဘူး "
ဒီလို ထင်ကြတယ်နော်။ မဟုတ်ဘူး။
ပညာဆိုတာ အချိန်မရွေး သင်သင့်တယ်ပေါ့။
ဘာပညာပဲဖြစ်ဖြစ် အကျိုးရှိတဲ့ ပညာရပ်များ
ဟာ ဘယ်အချိန်ပဲသိသိ တန်ဖိုးရှိတယ်။
✦ပညာလို့ဆိုတာ စားဝတ်နေရေးပညာလည်း ပညာပဲ။ သို့သော်
" တကယ့်ပညာဆိုတာ သဘာဝရဲ့အစစ်အမှန်ကို
သိတဲ့ပညာမျိုး " ကို ဆိုလိုတာနော်။
ဘဝနေနည်းနဲ့ ပတ်သက်တဲ့ ပညာမျိုး၊
✦အဲဒီပညာမျိုးဟာ အခုသိ
အခုအကျိုးရှိတာမျိုးဖြစ်လို့
လူတိုင်းလူတိုင်းဟာ လေ့လာဆည်းပူး
အားထုတ်သင့်တဲ့ ပညာမျိုး ဖြစ်တယ်။
✦မြတ်စွာဘုရားရဲ့ ဒီတရားတော်တွေဟာ
အခုလိုကြိုးပမ်းအားထုတ်ကြရတယ်။
✦ပညာကို အဓိက ထားပြီးတော့ မြတ်စွာဘုရား
ဟောတာ။
အင်မတန်မှကျေနပ်စရာကောင်းတယ်။
" ငါ့ကို ယုံကြည်ကြလို့ ဆိုတာထက်
အမှန်သိအောင် ကြိုးစားကြ " ဆိုတာ
အဓိကကျတယ်နော်။ ယုံခိုင်းတာ မဟုတ်ဘူး၊
အမှန်သိအောင် လုပ်ခိုင်းတာ။
【ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး】
❁ အပ္ပမာဒေန သမ္မာဒေထ ❁
✿ ရွှင်လန်း ✿ ချမ်းမြေ့ ✿ ပါစေ ✿
✧ ✧ ✧ ✧ ✧ ✧ ✧ ✧ ✧ ✧✧ ✧ ✧ ✧ ✧ ✧
No comments:
Post a Comment