Saturday, December 22, 2018

အတ္တကိလမထလမ်း

အတ္တကိလမထလမ်း
➡➡➡➡➡➡➡➡➡➡➡➡

နောက်ရှောင်ရမယ့်လမ်းက လက်ဝဲလမ်း၊ အစွန်းရောက်တဲ့ လက်ဝဲလမ်းဖြစ်တယ်၊ ချမ်းသာသုခတွေရဲ့အပြစ်ကိုတော့ မြင်တယ်၊ ချမ်းသာခံစားနေလို့ ဇိမ်ခံနေလို့ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး၊ ကြိုးပမ်းရမယ် ခန္ဓာကိုယ်ကို ညှဉ်းပမ်းရမယ်၊ ဒါမှ အသိဉာဏ်တွေ ထွက်လာမယ်ဆိုပြီးတော့ အတွေးတွေ ဝင်လာပြီး အစွန်းရောက်တဲ့ အကျင့်ကို ကျင့်တယ်...👆

အတ္တကိလမထနုယောဂ''
ကိုယ်ခန္ဓာကြီးကို ပင်ပမ်းအောင် ညှဉ်းပမ်းတယ်၊ အစာပြတ် ရေငတ်နေတယ်နော်၊ ခန္ဓာကိုယ်ကို ပင်ပမ်းအောင် ညှဉ်းပမ်းနှိပ်စက် အားထုပ်တဲ့ နည်းမှန်သမျှကို
" self-mortification '' လို့ခေါ်တယ်၊
ဘုန်းကြီးတို့ တခါက ရွှေတိဂုံဘုရား ရောက်သွားတော့ ဘုရားပေါ်မှာ အမျိုးသမီးကြီးတယောက်က ဘာအကျင့်ရယ်တော့ မသိဘူး နေလုံးကြီးကို စိုက်ကြည့်နေတယ် ဘယ်လိုအကျိုးရှိလဲတော့ မသိဘူး၊
သူ့မျက်လုံးကြီးကတော့ နီရဲနေတယ်၊
အဲဒါဟာ ''အတ္တကိလမထနုယောဂ'' လို့ ခေါ်တဲ့ ' တပ ' အကျင့်တွေဟာ မျိုးစုံအောင် ရှိတယ်ဆိုတော့ ဒါတွေက
သတိပြုရမယ့် အချက်တွေပဲ....
..........................👆👆👆

ပါမောက္ခချုပ်ဆရာတော်
"အရှင်နန္ဒမာလာဘိဝံသ''( Ph.D) ၏
( ဓမ္မတာဝန်အကြောင်း တရားတော်)မှ

"နမော သံဃဿပါ အရှင်ဘုရား'' 💙

➡➡➡➡➡➡➡➡➡➡➡➡

No comments:

Post a Comment