Saturday, December 29, 2018

ဂီယာခြောက်ချ က်နှင့် လူကား

<3 ဂီယာခြောက်ချ က်နှင့် လူကား <3
🌂🌂🌂🌂🌂🌂🌂🌂🌂🌂

  လူသားများသည်…
မိမိတို့လက်ဝယ်ရောက် ခန္ဓာကိုယ်ကောင်ကြီးကို
တိုး-ဆုတ်-ကွေ့-ပတ် တန်းတန်းမတ် သွားစေလို
ရာ၌ စရိုက်ခေါ် တပ်မက်သောအကျ င့်၊ပြစ်မှား
သောအကျ င့်၊သိမှားသောအကျ င့်၊ယုံသောအ
ကျ င့်၊စိစစ်သောအကျ င့်၊မျှော်ခေါ်သောအကျ င့်
ထိုခြောက်ပါးတို့တွင် တစ်ပါးပါး လက်ကိုင်ထား
လျ က်က တက်စေ-သက်စေ၏။အမူရာပြ ဂီယာ
များတည်း။
  ထိုသို့သွားစေရာ၌…
အကယ်တိတိ မြို့တွင်း-ရွာတွင်းသွား ခရီးလမ်းကြမ်း
ဖြစ်ပါမူ တပ်မက် ပြစ်မှား တွေဝေမှား သုံးချ က်၊တစ်
ချ က်ချ က်ကို လူသူတို့ ကြိတ်ကြိတ်တိုးလေ ကြပ်
ကြပ်ထိုးလေဖြင့် မိမိတို့ခန္ဓာယာဉ် မောင်းနှင်ပေးကြ
လေကုန်၏။အကယ်တိတိ လူသူကင်းရှင်း တော
တောင်တွင်းဖြစ်ပါမူကား ယုံ-တွေး-သိ သုံးချ က်
တစ်ချ က်ချ က်ကို အာရုံငြိမ်သက် သွားလမ်းညက်
လေ သွက်သွက်ထိုးလေဖြင့် မောင်းနှင်ကြရလေကုန်
၏။
  ထိုခြောက်ချက်တို့ အလုပ်လုပ်နေကြစဉ်ကား…
စေတနာကား ခြေထောက်လီဗာနင်းသည့်ပမာ
စေ့ဆော်လျ က်ကသာ…
သဒ္ဓါကား ဦးခေါင်း ဘယ်-ညာ ငဲ့ပမာ အာရုံတိုက်
အလိုက်သင့်ကာသာ…
ဆန္ဒ၊ဝီရိယကား လက်နှစ်ဖက်နှင့် စတီယာပမာ
အာသာစြဲရဲလ် က္ကသာ…
စိတၱ၊ဝီမံသကား မ် က္လံုးစုံ အကုန်ဝှေ့ကြည့်ပမာ
အကြောင်းလမ်း စူးစမ်းနေသည်သာ…
  သို့ဖြင့်ပင် လူသားတိုင်း မိမိတို့ကိုယ်ခန္ဓာ လိုရာရာ
ခရီးစဉ်မောင်းနှင်နေကြလေရာ…
  ရံတစ်ခါ လမ်းကြောင်း လမ်းစောင်း လမ်းသရောင်း
ပေါ်မှာ…
  ရံတစ်ခါ လမ်းဖြောင့် လမ်းညက် လမ်းကောင်းဘက်
ထဲမှာ…
                   အနန္တကျေးဇူးတော်ရှင်
          မဟာဗောဓိမြို င်ဆရာတော်ဘုရားကြီး
                    (ခန္ဓုပါဒါန ကထာ)

No comments:

Post a Comment