Thursday, December 27, 2018

လောကဓံတုန်လှုပ်မှုနှင့် ကရုဏာတုန်လှုပ်မှု ကွာခြားပုံ တရားတော်

👉 (မေး) စိတ်ဆိုး ဒေါသထွက်လာရင် မထွက်အောင်
အဆိုးဆုံးအခြေအနေ ဝုန်းဒိုင်းကြဲသည့်
အနေအထားအထိ မရောက်အောင်
မည်သို့ နှလုံးသွင်းရမည်နည်း။

👍 (ဖြေ) ဒေါသဖြစ်တဲ့အခါ ပထမဆုံး အာရုံလေး
ပြောင်းလိုက်ပါ။ ထွက်သက်၊ ဝင်သက်ဆီကို
စိတ်ပို့လိုက်။ ဝင်လေ၊ ထွက်လေ slow and deep breathing တစ်စက္ကန့် နှစ်စက္ကန့်လောက်လုပ်လိုက်။ အနည်းဆုံး တစ်ကြိမ်လောက် လုပ်လိုက်။
အသက်ပြင်းပြင်းရှူလိုက်။

👍 အဲ့လို အသက်ပြင်းပြင်းရှူလိုက်တယ်ဆိုရင်
neuro System နဲ့ Physiological system က
ပြောင်းသွားတယ်။ အောက်စီဂျင်ကောင်းကောင်းရတဲ့ နှလုံးသား၊ ဒီခန္ဓာကိုယ်က ဒီ stress ရဲ့ ဒဏ်ကို
ပိုပြီးတော့ ခံနိုင်တယ်။

👍 လူတစ်ယောက် ပြောတာကို ကိုယ်မကြိုက်လို့ ဒေါသဖြစ်တယ်ဆိုတာ "ကိုယ် လိုတာ မရတဲ့ လောကဓံဒဏ်ကို ကိုယ်က မခံနိုင်လို့ ပေါက်ကွဲတာ"။ ခဏ ခဏ ပြန်တွေးတယ်။ ပေါက်ကွဲတယ်။

👍 ဒါ့ကြောင့်မို့လို့ စိတ်က အလိုအလျောက် တွေးနေပြီ.. တွေးနေပြီ... မကျေနပ်တဲ့အကြောင်း တွေးနေပြီဆိုရင် အဲ့ဒါလေးကို ကိုယ့်ကိုယ် ပြန်ပြီးတော့ သတိပေးရတယ်. . "စိတ်က အလိုအလျောက်တွေးနေပြီ။ auto mind ဖြစ်နေပြီ။ ဒီမှာ ဒေါသဖြစ်နေပြီ" အဲ့ဒါလေး ကိုယ့်ကိုယ် ပြန်ပြီးသတိပေးရမယ်။

👍 အဲ့လို သတိမပေးဘူးဆိုရင် ကိုယ်နဲ့မတည့်တဲ့သူ၊ ကိုယ့်ကို မကောင်းပြောတဲ့သူရဲ့ ဖေ့ဘွတ်ကိုမှ ကြည့်ချင်တယ်လေ။ အဲ့ဒါကျတော့ ဒေါသပေါက်ကွဲဖို့ပဲ ရှိတယ်။ Calm down ဖြစ်ဖို့ မဖြစ်နိုင်ဘူး။

👍 နောက်တစ်ခုက ဒေါသကို ဒုက္ခအနေနဲ့မြင်ရင်
အဲ့ဒီဒေါသကို ကိုယ်က ဆင်ခြေဆင်လက်ပေးပြီးတော့ မွေးမထားတော့ဘူး။ လူအများစုက ဒေါသကို ဆင်ခြေဆင်လက်ပေးပြီးတော့ မွေးထားတယ်။

👍 ဘာဖြစ်လို့တုန်းဆိုတော့ ဒီဒေါသကို "နင်နဲ့ငါနဲ့" အဲ့လို ပုံစံမျိုး ကြည့်လိုက်တော့ သာယာစရာလို ဖြစ်နေတယ်။ ဒေါသဖြစ်တာကိုပဲ သာယာစရာဖြစ်နေတယ်။
အဲ့ဒါကြောင့် အဲ့ဒီဒေါသက ခဏခဏဖြစ်တာ။

အောက်စဖိုဒ့်ဆရာတော်
(လောကဓံတုန်လှုပ်မှုနှင့် ကရုဏာတုန်လှုပ်မှု ကွာခြားပုံ တရားတော်)

No comments:

Post a Comment