ခန္ဓာပျက်ခါနီး လူမမာများအတွက် အဖိုးထိုက်တန်
သော လွယ်ကူသောအကျင့် လျှင်မြန်သောအသိဥာဏ်တရား ဖြစ်ပါသည်...
ရုပ်သဘာဝ(အဆင်းရုပ်ကမ္မဋ္ဌာန်းရှု့ကွက်)
*************************
သဲအင်းဂူဆရာတော်ဘုရားအနေဖြင့် ဂရုဏာရှေ့ထားပြီး
သတ္တ၀ါတို့အားတရားဓမ္မချီးမြင့်နေရာ ရန်ကုန်မြို့ ရွှေဘုန်းပွင့်
စေတီအနီး အသက်အရွယ်အိုမင်းရင့်ရော်ပြီး နာတာရှည်လူမမာ
အမျိုးသမီးတစ်ဦးအား တရားရှူ့ကွက်ပေးပုံကိုဖေါ်ပြပါမည်။
နာတာရှည်များအတွက်အသုံးပြုနိုင်ရန် ဓမ္မဆေးတစ်ခွက်ဖြစ်ပါ
သည်။ ဆရာတော်အားပင့်ဆောင်သူများကလည်း သူတို့ဧ။်
နည်းပရိယာယ်နှင့် သူတို့ အိမ်အရောက် ပင့်ကြပါသည်။
ဆရာတော်ရောက်သွားပါပြီ နာတာရှည်လူမမာမှာ ပက်လက်
ကုလားထိုင်မှ မထနိုင်ပါ ၎င်းနေရာမှာပင် ယိုရ ပေါက်ရ စားရ
ပါသည်။ သူ့ကိုယ်သူလည်း ဒီတောင်မှမကျော်နိုင်ကြောင်း အများသိသကဲ့သို့သိပါသည်။ နဂိုက သဒ္ဓါစရိုက်ရှိသူ ဖြစ်ပုံပေါ်
ပါသည်။ အိမ်သားများက လူနာမျက်ရိပ် မျက်ခြေကိုကြည့်ပြီး
ဆရာတော်နှင့်တကွ နောက်ပါပရိတ်သတ်တို့ကို ဧည့်ဝတ်ကျေ
ပြွန်စွာ ပြုစုစေပါသည်။ လူနာဧ။်ရုပ်အခြေအနေနှင့် နာမ်အ
ခြေအနေကို ဆရာတော်သိလိုက်ပါပြီ။
ဆရာတော်က - ဒကာမကြီး သတိကောင်းသားပဲ
လူနာ - သတိတော့ရှိပါတယ် လူကမလှုပ်နိုင်တော့
ဘူးဘုရား၊
ဆရာတော် - ရုပ်သဘာဝရှူ့ပေါ့၊
လူနာ - မရှူ့တတ်ပါဘုရား၊
ဆရာတော် - မျက်စိမှိတ်လိုက်စမ်း(မှိတ်လိုက်ပါသည်)
ဘာတွေမြင်သလဲ၊
လူနာ - မည်းမှောင်မှောင်ပဲ၊
ဆရာတော် - ကြည့်နေ ကြည့်နေ အဲဒီ မည်းမှောင်မှောင်ကြီး
ကို အခု မည်းမှောင်မှောင်ကြီး ရှိသေးသလား၊
လူနာ - မရှိတော့ပါဘုရား နီကျင်ကျင် ၀ါတာတာ တစ်မျိုး
ပြောင်းသွားပါတယ်၊
ဆရာတော် - ဒကာမကြီး သတိရှိတယ် တရားရပြီ အဲဒါကို
မျက်စိမှိတ်ပြီး ကြည့်နေရင်း အရောင်အဆင်း
ဆိုတဲ့ အဆင်းရုပ်က အရောင်တစ်မျိုးက နောက်
တစ်မျိုးကို ပြောင်းသွားတာ သဘာဝဘဲ ရုပ်ရဲ့
သဘာဝ ပြောင်းလဲ ဖေါက်ပြန်နေတာဘဲ
ဒကာမကြီး ခန္ဓာကိုယ်ကြီးကလဲ ရုပ်ပဲ ငယ်ရာက
ကြီး ကြီးရာက အို အိုရာက သေမှာပဲ ပြောင်းလဲ
နေတယ် အဲဒီတော့ ကိုယ်မနိုင်တဲ့ ကာယခန္ဓာ
ရုပ်ကိုမရှူ့နိုင်ရင် မရှူ့နဲ့ အတွင်းရုပ်နဲ့ အပြင်
ရုပ် ပြောင်းလဲနေတဲ့ သဘော အတူတူပဲ
ကိုယ်ခြေနိုင် လက်နိုင် ဖြစ်တဲ့ အဆင်းရုပ်ကို ရှူ့
ဒကာမကြီးသတိရှိနေသမျှ အဲဒါဘဲရှူ့ မဂ်ဆိုက်
တာသတိနဲ့ဆိုက်တာ နိဗ္ဗာန်သွားတာ သတိနဲ့
သွားတာ အဲဒီသတိလွတ်ရင်တော့ကိုယ်လာတဲ့
လမ်းပြန်ရမှာပဲ ရုပ်သဘာဝ အမြဲမရှိ ပြောင်းလဲ
နေတာပဲ၊
မှတ်ချက်။ ။နောက်နေ့တွင် ထိုလူနာသည် ပက်လက်ကုလား
ထိုင်ပေါ်မှာပင် ခန္ဓာပျက်သွားပါသည်။ ။
*နည်းမသိကမ္ဘာတစ်သိန်းကျင့် ဘယ်တော့မှမရဘူး
နည်းသိရင် လက်တစ်လှိမ့်ကလေး...
*မူလပထမသဲအင်းဂူဆရာတော်ဘုရားကြီးဧ။် ထေရုပတ္တိ စာအုပ်မှကူးယူပူဇော်ပါသည်*
တရားချစ်သူ
No comments:
Post a Comment