Friday, December 21, 2018

တလုတ်​စားဖူး သူ့​ကျေးဇူး.. အထူး မ​မေ့အပ်​ပြီ

* တလုတ်​စားဖူး သူ့​ကျေးဇူး..
အထူး မ​မေ့အပ်​ပြီ:):):)
¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥[]*

*မမြင်​ မစမ်း
လောက လမ်း
မဲ​မှောင်​ ခရီးကြမ်း။

*ပိုးစုန်းကြူး အလင်​​ရောင်​!
လမ်းပြ​ဆောင်
ကျေးဇူးတင်​ရ​အောင်​။

*ဖိုးလမင်း လာလည်း
ဆရာပဲ၊
လမ်းညွှန်​ပြ​နေဆဲ..

*'ဘ၀' လမ်းအ​မှောင်​ကို
အလင်းပြ​သမျှ..
ကျေးဇူး အသ​င်္ချေရ။

*​နေမင်း ပွင့်​လာ:):):)
'​လောကကမ္ဘာ'
'အသိအမြင်​' ထူး၍
'​ပန်းတိုင်​' ရှာ!
ကျေးဇူး အနန္တပါ။

*ကြားဆရာ:):):)
မြင်​ဆရာ:):):)
သင်​ဆရာ..မခွဲ
အားလုံးရဲ့​ကျေးဇူးက၊
မဆုံး​အောင်​ပဲ
'အနန္တ' ရှိတတ်​စမြဲ။

*'အတ္တ'ခံခါ ​ကျေးဇူး​မေ့၊
'ငါမာန်​'တက်​ပြီး..
'ပညာ​'​တွေ့!
ငါ့အသိသာ ငါရှာ​တွေ့!
မာန်​ခံ​နေကြသ​ရွေ့:):):)

*ဆရာလည်း​ ​ပျောက်​!
ဘုရားလည်း ​ပျောက်​!
ဘာသာကွယ်​ခါ..
'အတ္တ'​ဖောက်
ကျေးဇူးဂုဏ်​​တွေ ​ဖျောက်​။

*အသိဥာဏ်​နည်းတဲ့
ခွေး​တောင်​မှ၊
ကျေးဇူးရှင်​ လက်​ဆို
မကိုက်​ကြ၊
ကျေးဇူးသိတတ်​ကြ။

*တလုတ်​စားဖူး
သူ့​ကျေးဇူး
အထူးသိ ရမည်​။

*ဆရာ ကာပြန်​<<<
အာ​ခေါင်​ လှံ!
အဆုံး စူးတတ်​သည်​။

*'အတ္တ' အားကြီး
'ငါမာန်​' စီး:):):)
'နိ​ရောဓ'ပျက်​ခါ..
မာန်​ခံပြီး..

*'ပရမတ်​​'​တွေ့လည်း:):)
'ငါ' ခံလျှက်​!
'ပန်းတိုင်​' ​ပျောက်​​နေတတ်​။
*အသင်​လူသားညံ့မည်​​လော???

မှ:):):)
*​ရွှေထီး(သဘာဝသစ္စာ)*

No comments:

Post a Comment