<^>#ဝေဠုဒွါရဝဂ်
#စက္ကဝတ္တိရာဇသုတ်
#သောတာပန်သည်စကြာမင်းထက်သာလွန်ကြောင်း
~~~~~~~~~~~~~~~~~~~~~~
ရဟန်းတို့ -
စကြာမင်းသည် လေးကျွန်းလုံးကို
အစိုးရသောမင်းအဖြစ်ကိုပြု၍
သေလွန်သောအခါ တာဝတိံသာနတ်တို့၏
အပေါင်းအဖော်အဖြစ်သို့ရောက်ရ၏။
နန္ဒဝန်ဥယျာဉ်၌ နတ်သမီးအပေါင်းခြံရံလျက်
နတ်တို့၏ ကာမဂုဏ်ငါးပါးဖြင့်
ပြည့်စုံစွာခံစားရ၏။
သို့သော်လည်း ထိုစကြာမင်းသည်
လေးပါးသောတရားတို့နှင့် မပြည့်စုံသည်ဖြစ်၍
အပါယ်လေးပါးသို့ကျရောက်ခြင်းမှ
မလွတ်သေးချေ။
ရဟန်းတို့ -
အရိယာတပည့်သည် အိမ်စဉ်လှည့်၍
ရသောဆွမ်းဖြင့် မျှတခြင်း ,
စုတ်ပြတ်သောအဝတ်တို့ကို
ဝတ်ဆင်ခြင်းပြုငြားသော်လည်း
လေးပါးသောတရားတို့နှင့် ပြည့်စုံသည်ဖြစ်၍
အပါယ်လေးပါးသို့ကျရောက်ခြင်းမှ
လွတ်မြောက်ပြီးဖြစ်၏။
ရဟန်းတို့ -
အရိယာတပည့်သည်
အဘယ်တရားလေးပါးတို့နှင့်ပြည့်စုံသနည်း
ဆိုသော် .....
(၁)ဘုရား၌ စွဲမြဲစွာ သက်ဝင်ယုံကြည်ခြင်း
(၂)တရား၌ စွဲမြဲစွာ သက်ဝင်ယုံကြည်ခြင်း
(၃)သံဃာ၌ စွဲမြဲစွာ သက်ဝင်ယုံကြည်ခြင်း
(၄)အရိယာတို့နှစ်သက်အပ်သော သီလနှင့်ပြည့်စုံခြင်းတို့ဖြစ်၏။
ရဟန်းတို့ -
ကျွန်းလေးကျွန်းကို အစိုးရသော
စကြာမင်းအဖြစ် ရရှိခြင်းသည်
ဤလေးပါးသောတရားတို့ကို ရရှိခြင်း၏
(၁၆)စိတ် (၁)စိတ်မျှကိုပင် မမှီချေ။
မြတ်ဗုဒ္ဓ
Credit: Pinn Pinn
©©©©©©©©©©©©©©©©©
#ကောင်းကျိုးလိုရာပြည့်ကြပါစေ
No comments:
Post a Comment