Wednesday, December 12, 2018

" အပ် က္ပုံၾကားမွေတြ႕ခဲ့ရေသာ ဉာဏ္စဥ္မ် ား "( ၁ )

" အပ် က္ပုံၾကားမွေတြ႕ခဲ့ရေသာ ဉာဏ္စဥ္မ် ား "( ၁ )
            ÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
      ( အာဒိနဝ - နိဗၺိဒါ - မုေဥၥတုကမ် တာ )

အိုယောဂီ.....

သင့်လက်ထဲရှိ ထိုအပျ က်တို့ကိုသာ တိုး၍ကြည့်ပါလေ။
ဝိပသ၁နာသည် သူ့အကြောင်းသိလို၍
သူနှင့်ပေါင်းကြည့်သည် ဆိုသည်ကို မမေ့လေလင့်။
သင်သည် မည်မျှ အချိန်ကြာရှည်ကြည့်ကြည့်
အပျ က်သည် အပျ က်သာဖြစ်ချေ ၏။
ထိုအခါ သင်သည် ဘဝကိုလည်းကောင်း၊ခန္ဓာကိုလည်း
ကောင်း အပြစ်မြင်လာချေ ၏။
သည်ဘဝ သည်ခန္ဓာကို ရရှိလာခြင်းကြောင့်
ဤသို့ပျ က်နေခြင်းဟု သဘောပေါက်လာချေ တော့၏။
ဤသည်ပင် အာဒိနဝဉာဏ်ဟုဆိုချေ ၏။
သင်သည် အချိန်ရှိတိုင်း အပ် က္မွအပ် က်သို့ဆက်နေ
သော သင့်ဘဝခန္ဓာကိုမြင်တွေ့ရချေ ၏။
ထိုအပ် က္မွ အပ် က်သို့သာကူးနေသော ဘဝခန္ဓာကို
ကြည့်ရင်းမှပင် ငြီးငွေ့စိတ်များ ဝင်လာချေ ၏။
နေမထူး၊သေမထူးအဖြစ်ကိုလည်း မြင်တွေ့ရချေ ၏။
ဤသည်ပင် နိဗ္ဗိဒါဉာဏ်ဟုဆိုချေ ၏။

   သင်သည် ခန္ဓာ၏ အပ် က္ပုံႀကီးကို ၾကည့္လ် က္က....
* လက္ရိွအပ် က်ဘေးကြီးမှ လွတ်မြောက်လိုစိတ်လည်း
   ဝင်ရောက်လာတတ်၏။
* ယောက်ျားဖြစ်က ရဟန်းဝတ်လျ က် သံသရာမှ-
   လွတ်လိုစိတ်လည်း ကိန်းသေး၏။
* မိန်းမဖြစ်က သီလရှင်ဝတ်လျ က် သံသရာမှလွတ်လို-
   စိတ်လည်း ကိန်းသေး၏။
သင်္ဘောပျ က်ရာ ဘုရားအာရုံသာ ရှိချေ တော့သကဲ့သို့
ဘဝပ် က္ ခႏၶာပ် က္ကို ၾကည့္လ် က္က
လက္ရိွအပ် က်ကြားမှ ရုန်းထွက်လိုခြင်း၊ဘဝသံသာမှ
ရုန်းထွက်လိုခြင်း၊
ထိုရုန်းထွက်နိုင်စွမ်းရှိသည့် ကုသိုလ်မျိုး ကြိုးစားလိုခြင်း
တို့သည် ဆင်ခြင်စိတ်ဖြင့် ပေါ်ပေါက်လာချေ ၏။
ဤသည်ပင် မုဉ္စေတုကမျ တာဉာဏ်ဟုဆိုချေ ၏။

အထက်ပါ ဉာဏ်သုံးဆင့်တို့သည်
အပျ က်ပုံကြားမှ တွေ့ရသောဉာဏ်များဖြစ်ချေ ၏။
ထိုဉာဏ်တို့သည် ဆက်တိုက်ပင် ရက်ခြားလျ က်
မှတ်အားပြည့်ဝမှုသို့လိုက်၍ ပေါ်ထင်တတ်ချေ ၏။
ကြောက်စိတ် ထိတ်လန့်စိတ်တို့သည် အထွဋ်အထိပ်သို့
ရောက်ချေ ၏။
သင်သည် အကယ်၍ သံဝေဂကြောက်မှ တကယ့်-
အကြောက်သို့ရောက်လျ က်..
မကြည့်ရဲတော့လောက်အောင် အဖြစ်သဲ၍ လက်မှိုင်ချ
လိုက်ပါမူကား..
ရှေ့ခရီးမဆက်နိုင်တော့ဘဲ အပျ က်ဘဝနှင့်သာ
ပျ က်ရရှာချေ တော့၏။

အိုယောဂီ.....
ဤဉာဏ်များ၌ မရွှင်သောစိတ်၊ ထိတ်လန့်စိတ်များ
ကြီးစိုးလှချေ ၏။
သဏ္ဌာန်နိမိတ်လည်း မတွေ့ရ၊ အပျ က်ကလည်း
တာရှည်လှသဖြင့် ကိုယ့်ကိုယ်လည်း သံသယဝင်တတ်
ချေ သေး၏။
ငါဝီရိယေလ် ာ့က် သြား၍မ် ား မမြင်လေရော့သလား၊
သို့မဟုတ် ပါရမီကများ ကုန်ခမ်းသွား၍ မမြင်လေရော့-
သလား စသည်ဖြင့် လားတို့သည် ဝင်လာတတ်ချေ ၏။
တွန့်ဆုတ်သောစိတ်ညံ့သည် လှုံ့ဆော်ချေ ၏။
စိတ်ပျ က်ခြင်း၊အားပျော့ခြင်းများလည်း ရှိတတ်ချေ
သေး၏။
အားမလျော့လေနှင့် ရဲတင်းစိတ်ကိုမွေးလျ က်
လမ်းဆုံးမရောက် လက်မမြှောက် တောက်လျှောက်
ငါသွားမည်ဟု ရဲဆေးတင်ပါလေ။
အစရှိလျှ င် အဆုံးရှိသလို အဆုံးရှိလျှ င်လည်း အစရှိ-
မည်သာဖြစ်ချေ သဖြင့်
ဘဝခန္ဓာ သံသရာမချူ ပ်ပြတ်သေးသမျှ  ထိုခရီးထဲမှ
မလွတ်နိုင်သေးပြီဟူ၍လည်း ဆင်ခြင်ပါလေ။
ထိုခရီးခဲမှ လွန်မြောက်ရန်မှာ ငါ၏မှတ်အားဖြစ်ကြောင်း
ကိုလည်း..
သင့်လက်ထဲရှိ သတိကို အားကိုးဖြစ်အောင် အားကိုးပါ
လေ။   ။   ။

အိုယောဂီ...သင်သည် မည်သို့ပင်............

                         ( မဟာဗောဓိမြို င်ဆရာတော်ဘုရားကြီး
                            ဝနဝါသီဉေယျ ဓမ္မသာမိထေရ် ):

No comments:

Post a Comment