Monday, December 31, 2018

နှစ်ဟောင်း နှစ်သစ်

🚩❝ နှစ်ဟောင်း နှစ်သစ် ❞🚩

🌿 🌿 🌿
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးကာလ
နှစ်ဟောင်းကနေ နှစ်သစ်ကို
ကူးပြောင်းခွင့်ရတာဟာ
နှစ်ဟောင်းမှာ ငါမသေခဲ့လို့ပဲ -

🌿 🌿 🌿
နှစ်ဟောင်းမှာ မသေခဲ့ပေမယ့်
နှစ်သစ်ကိုရောက်တာနဲ့
ငါ့အသက် တစ်နှစ်ကြီးလာပြီ၊
သေဖို့ တစ်နှစ်ပိုနီးလာပြီ -

🌿 🌿 🌿
နှစ်သစ်ရဲ့ ရက်စွဲ တစ်ခုခုမှာ
ငါသေချင် သေသွားနိုင်တယ်။
နှစ်ဟောင်းမှာ သေခြင်းတရားကို
လွန်မြောက်ခဲ့ပေမယ့်
နှစ်သစ်မှာ လွန်မြောက်ချင်မှ
လွန်မြောက်မယ်။
အဲဒီလို သေခြင်းတရားနဲ့
ပတ်သက်ပြီးတော့လည်း
ဆင်ခြင်သုံးသပ်ရပါမယ် -

🌿 🌿 🌿
ခုလို နှစ်ဟောင်းကုန်ကျူး
နှစ်သစ်ကူးတော့မယ့် အချိန်ကာလမှာ
ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားတဲ့
သေခြင်းတရားကိုလည်း
သတိရဖို့ လိုအပ်ပါတယ် -

🌿 🌿 🌿
မသေခင် -
လုပ်ပိုင်ခွင့်ရှိတဲ့ ကာလလေးမှာ
ဘာအလုပ်တွေ လုပ်မယ်၊
ဘာအလုပ်တွေ ဦးစားပေးမယ်ဆိုတာကိုလည်း
ကြိုတင်စီမံကိန်း ချထားရပါမယ် -

🌿 🌿 🌿
တချို့အလုပ်တွေဆိုရင်
မလုပ်မဖြစ် လုပ်မယ်လို့ကို
အဓိဋ္ဌာန် ဆောက်တည် ထားရပါမယ်။
မသေခင် အချိန်ပိုင်းလေးမှာ
အလုပ်သင့်အလုပ်ထိုက်ဆုံး
အလုပ်တွေကို ဖြစ်အောင် လုပ်ကြဖို့ပါပဲ -

【ဒေါက်တာအရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)】

❁ အပ္ပမာဒေန သမ္မာဒေထ ✍
❀ရွှင်လန်း❀ချမ်းမြေ့❀ပါစေ❀

No comments:

Post a Comment