Saturday, December 22, 2018

မခွာကြည့်နိုင်သေးပဲဆုံးဖြတ်ချက်များမပေးမိစေနဲ့

"စာ"
တတ်သည် မတတ်သည် အဓိကမဟုတ်ပါ ။
ဖတ်သည် မှတ်သည်သာအဓိကဖြစ်သည်....။

"စကား"
များသည် နည်းသည် အဓိကမဟုတ်ပါ ။
မှန်သည် မှားသည်သာ အဓိကဖြစ်သည်....။

"လူ"
ဖြူသည် မည်းသည် အဓိကမဟုတ်ပါ ။
စိတ်ဓာတ် ကောင်းသည် ညံ့သည်သာ အဓိကဖြစ်သည်...။

"ဘွဲ့စာရွက်ရ သူတယောက်ကလည်း
စာတတ်ဆိုတဲ့ နာမည်တလုံးခံယူနိုင်ပေမယ့်
စာ,ဖတ်အား မှတ်အားနည်းလျှင် စာပေစိတ်ဝင်စားတဲ့
မူလတန်း ကျောင်းသားထက် စဉ်းစားဉာဏ်က
ရှိချင်မှ ရှိလာပါလိမ့်မည်....

"အပြောကောင်းတဲ့ သူတယောက်လည်း
လူတွေယုံကြည်မူ့များကို ရထားပေမယ့်
စကားနည်းတဲ့သူတယောက်ထက် အမှန်တရား
အမှန်စကားကို ပြောတတ်ချင်မှ ပြောလေပါလိမ့်မည်....

" ရုပ်ချော,လှ တဲ့သူတယောက်က ချစ်ခင်စရာ
ကောင်းပေမယ့် သူ့ရင်တွင်း စာရိတ္တက ရုပ်ဆိုးလွန်းတဲ့
သူတယောက်ထက် ကောင်းချင်မှ ကောင်းနေပါလိမ့်မည်...

#အပေါ်ယံမြင်နေသမျှဟာလူသားတို့ရဲ့မျက်နှာဖုံးပါ
#မခွာကြည့်နိုင်သေးပဲဆုံးဖြတ်ချက်များမပေးမိစေနဲ့

စွယ်စုံ- ကျွဲကျောင်းသား

No comments:

Post a Comment