Sunday, December 9, 2018

လူ့အဆင့်မီ ကျင့်ဝတ်တရားများ

လူ့အဆင့်မီ ကျင့်ဝတ်တရားများ

  ⚡️

အမြတ်ဘုံသွား
လူသားမှန်က ကျ င့်စဉ်လှကို....
နှုတ်မှသွင်သွင်
ကိုယ်လျှ င်ကြွကြွ စိတ်ကကြည်ကြည်
ဤသုံးလီဖြင့် စုံညီတက်ကြွ ဖြည့်ပါကြ။

၁။

မိဘတာဝန်ငါးချ က်...
မကောင်းရာတား ကောင်းညွှန်ကြားဦး
သင်ကြားအတတ်
ပေးအပ်တိုးရင်း ကြင်ဖက်နှင်းပေး
ဤရေးငါးချ က်
မိဘဘက် မပျ က်စေကြနှင့်။

⚡️

၂။

သားသမီးတာဝန်ငါးချ က်...
တုံ့လှည့်ကျွေးမွေး လုပ်ရေးစီမံ မွေခံယူထား
လှူ ငြားဝေမျှ  စောင့်ကြမျိုးရိုး
ဤအကျိုးဆက်
သားသမီးဘက် မပျ က်ကြစေနှင့်။

⚡️

၃။

ဆရာ့တာဝန်ငါးချ က်...
သင်စာလည်းပြ ဆုံးမပါဦး
ဘေးစူးရန်ကာ မချ န်ဆရာသား အပ်ထားသင့်ရာ
ငါးဖြာဤချ က်
ဆရာ့ဘက် မပျ က်ကြစေနှင့်။

⚡️

၎။

တပည့်တာဝန်ငါးချ က်...
ညီညာစုဝေး သင်ပေးနာခံ ဝတ်မှန်ဖြည့်ဆည်း
ကြို ဆီးနှုတ်ဆက် လေ့ကျ င့်သင်အံ
ငါးတန်အချ က်
တပည့်ဘက် မပျ က်ကြစေနှင့်။

⚡️

၅။

လင့်တာဝန်ငါးချ က်...
ကိုယ်ချ င်းသက်ညှာ
ရလှာအပ်ဦး မကူးအမြှောင်
အရောင်တင်လွှမ်း ချ စ်ကျွမ်းတုံ့တင်
ငါးအင်အချ က်
လင်မှာဘက် မပျ က်စေကြနှင့်။

⚡️

၆။

မယားတာဝန်ငါးချ က်...
အိမ်တွင်းမှုထိန်း သိမ်းသင့်သိမ်းဦး
မယိင်းလင်မြှောင် သင့်တော်အောင်ဖြန့်
ခိုင်ကြံ့မပျ င်း ငါးခင်းအချ က်
မယားဘက်
မပျ က်ကြစေနှင့်။

⚡️

၇။

သခင့်တာဝန်ငါးချ က်...
ကျွေးလျှ င်အဝ
ကိစ္စစီစဉ် နာလျှ င်ဆေးကု
စုမိခပေး လွှတ်ရေးချိန်ကြည့်
ဝတ်ဖြည့်ငါးချ က်
သခင့်ဘက် မပျ က်ကြစေနှင့်။

⚡️

၈။

ကျွန့်တာဝန်ငါးချ က်...
အိပ်တော့နောက်ဝင် ထလျ င် ရှေ့က
ပေးမှသာယူ လုပ်မှုစေ့စပ် ပြောအပ်ကျေးဇူး
ဝတ်ထူးငါးချ က်
ကျွန်မှာဘက် မပျ က်ကြစေနှင့်။

⚡️

၉။

မိတ်ဖက်ချ င်းချ င်းတာဝန်...
ပေးကမ်းအကူ တန်းတူမှာထား
သူ့စီးပွားဆောင် ချ မ်းသာအောင်ပြော
သဘောမှန်သုံး
ဝတ်ထုံးငါးချ က်
မိတ်ကောင်းဘက် မပျ က်ကြစေနှင့်။

⚡️

၁၀။

ဒကာတာဝန်...
မေတ္တာသက်ဝင် ချ စ်ကြင်ဆောင်ရွက်
နှုတ်မြွက်ချိုသာ လိုရာဖိတ်ထား
တတ်အားရာလှူ 
ငါးဆူဝတ်ချ က်
လူမှာဘက် မပျ က်ကြစေနှင့်။

⚡️

၁၁။

ရဟန်းတာဝန်ခြောက်ချ က်...
မကောင်းလမ်းဖျ က် ကောင်းလက်ညွှန်ကူး
ဟောဦးအသစ် ကောင်းရစ်ကိုနှိုး
နတ်မျိုးသို့တင် မေတ္တာတွင်ပို့
မချူ့ိခြောက်ချ က်
ရဟန်းဘက် မပျ က်ကြစေနှင့်။

⚡️👇

တိုက်တွန်းချ က်စကား...
သူ့တာ-ကိုယ့်တာ ဖို့နှစ်လွှာကား
မြတ်ရာဘုံခင်း လူလူချ င်းဆုံ
နတ်ချ င်းဆုံရာ
ထိုခိုက်မှာသာ ရှိတတ်စွာ၏။

သူ့တာကျေ မှ ကိုယ်ကောင်းရသို့
သူလှဖို့ရာ ဖို့အတာကား
ကိုယ့်မှာကျေ မှ သူချ မ်းမြလိမ့်။

ပြတ်ကတစ်ဖက် မကျေ ညက်သော်
ရန်မတ်တင်းလင်း နှစ်ဖက်ခင်းကြောင့်
ပြုံးခြင်းပျော်ခြင်း နှစ်လိုကင်းလိမ့်။

မိရင်းနှင့်သား မယားနှင့်လင်
သခင်နှင့် ကျွန်
သွန်သင်ဆရာ
တပည့်မှာတွင် လူလျှ င်ရဟန်း
တစ်ခန်းမိတ်ရင်း ဆက်ဆံခြင်း၌
ချ က်ချ င်းလည်းကောင်း
နောက်လည်းကောင်းဖို့
အကြောင်းဆိုက်ရာ ပို့နှစ်လွှာကို
မကွာနေ့ညဥ့်  ပျ က်စေလင့်။ 

⚡️

သိဂါင်္လောဝါဒသုတ် နှင့်အညီ
မဟာဗောဓိမြို င်ဆရာတော်
ရေးစပ်ထားပါသည်။

⚡️Credit;Original

No comments:

Post a Comment