မြန်မာပြည်မှာ တစ်ချိန်တုံးက
မြတ်စွာဘုရားနဲ့ ပတ်သက်ပြီးတော့
စောဒကတက်တယ်၊
ဘုရားရဲ့ဉာဏ်နဲ့ပတ်သက်ပြီး
🌟"သဗ္ဗညုတဉာဏ်"ဆိုတာ ရှိသလားလို့
မေးခွန်းထုတ်တယ်။
⏩ဒီလို ပုဂ္ဂိုလ်မျိုးတွေကလည်း
ပေါ်ထွက်လာသေးတယ်။
တစ်ချို့ကလဲ ရောယောင်ပြီးတော့
လျှောက်ပြီးတော့ စာတွေထဲမှာ
ရေးကြတာတွေရှိတယ်၊
🔜ဗုဒ္ဓနဲ့ဗုဒ္ဓဝါဒ လို့နာမည်တပ်ပြီး အဲဒီထဲမှာ
ကိုယ့်ဝါဒတွေ ရေးတာတွေ ရှိသေးတယ်၊
အင်မတန်မှသတိထားစရာကောင်းတယ်ပေါ့။
အဲဒီထဲမှာ ဘယ်လိုရေးထားတုံး ဆိုရင်
မြတ်စွာဘုရားက သူ့ကိုယ်သူ
"သဗ္ဗညုတဉာဏ်"ရှိတယ်လို့ ဝန်မခံဘူးတဲ့၊
သူက refer လုပ်တဲ့ ညွှန်းတဲ့ သုတ်တွေဟာ
ဘာသုတ်တွေတုံး?
အဲဒီညွှန်းတဲ့သုတ်တွေထဲမှာ
ဘယ်လိုအဓိပ္ပါယ်ရှိတုံးသေချာဖတ်ပုံမရဘူး၊
အဲဒီထဲမှာ "သတတံ သမိတံဉာဏဒဿနံ ပစ္စုပဋ္ဌိတံ
ဟောတိ" အဲဒီစကားလုံးလေးတွေပါတယ်။
🔯 တစ်ခြား ဗုဒ္ဓနဲ့ခေတ်ပြိုင် အယူဝါဒရှိတဲ့
မက္ခလိဂေါသာလ စတဲ့ပုဂ္ဂိုလ်တွေက သူတို့မှာ
လည်း သဗ္ဗညုတဉာဏ် ရှိတယ်လို့ ဝန်ခံကြတယ်၊
သူတို့ ဝန်ခံတဲ့ သဗ္ဗညုတဉာဏ်ကဘယ်လို
အမျိုးအစားတုံးဆိုရင် "အိပ်နေတုံးဖြစ်စေ
ရပ်နေတုံးဖြစ်စေ သွားနေတုံးဖြစ်စေ
ဘယ်အချိန်မှာမဆို သူ့ဉာဏ်က ရှိနေတယ်"
⏩အဲဒီ စကားလုံးကို သတိထားရမယ်။
present ဆိုတာ ထာဝရအမြဲရှိနေတယ်ဆိုတာ၊
အဲဒီလို ဉာဏ်မျိုးတော့ မြတ်စွာဘုရားမှာ မရှိဘူး၊
ကျိန်းစက်တော်မူတဲ့အခါ ဘယ်ဉာဏ်ရှိလိမ့်မလဲ
ကျိန်းစက်နေရင် ဘဝင်စိတ်ပဲ ရှိမှာပေါ့၊
အိပ်ပျော်နေတုံးကို။
💡အဲဒီတော့ အချိန်မရွေး ဉာဏ်ကြီးဟာ
မီးကြီးထွန်းထားရင် လင်းနေသလို အချိန်မရွေး
လင်းနေတယ်လို့ ဒီလို ဝန်ခံနိုင်မလား၊
ရယ်စရာကြီးပေါ့။🔯
🔯သဗ္ဗညုတညာဏ်ဆိုတာ🔯
💫💫💫💫💫💫💫💫
⏩ မြတ်စွာဘုရားကိုယ်တိုင်ကလည်း
ဝေဖန်ထားတယ်
"အေး-တချို့ဘုရားတွေဟာ သူတို့မှာ အိပ်နေတုံး
ရော နိုးနေတုံးရော သွားနေတုံးရောထိုင်နေ
တုံးရော အမြဲတမ်းဉာဏ်တော်ကြီးက
လင်းနေတယ်လို့ ပြောတယ်၊
ဒါပေမယ့် လမ်းမှားလို့ လမ်းမသိလို့ လမ်းမေး
ရတာ ရှိတယ်တဲ့၊
နာမည်မသိလို့ မေးရတာ ရှိတယ်တဲ့၊
မဟုတ်တဲ့လမ်းရောက်သွားလို့ ဒုက္ခရောက်
သွားတာ ရှိတယ်တဲ့"။
ကဲဘယ်လိုလုပ်မတုံး၊အမြဲတမ်းဉာဏ်ကြီး
ရှိနေရင် လမ်းမှားပါ့မလား၊မမှားနိုင်ဘူး၊
လမ်းမေးစရာရော လိုသေးလား၊မလိုဘူးနော်။
❖ မြတ်စွာဘုရားမှာရှိတဲ့ သဗ္ဗညုတဉာဏ်
ဆိုတာ ဘယ်လိုဟာတုံးဆိုတာ
"သိချင်လို့ ကြည့်လိုက်လို့ ရှိရင် မချွင်းမချန်
အကုန် သိတယ်"
သိချင်ပြီဉာဏ်ကို အသုံးချပြီ ဉာဏ်ဆိုတာ
ဓါးလိုပဲလေ၊
အိမ်ထဲထည့်ထားလို့ရှိရင် ဘယ်ခုတ်လို့ရမလဲ၊
ထုတ်ပြီ အသုံးပြုပြီ ဆိုလို့ရှိရင် ဖြစ်နိုင်စွမ်းရှိတယ်
လို့ ဒါပြောတယ်။
🌟သဗ္ဗညုတဉာဏ်ဆိုတာ
အကြောင်းအရာတစ်ခုကို သိချင်လို့ ကြည့်
လိုက်ပြီဆိုရင် ဘာမှမကျန်ရအောင် အပိတ်အပင်
အတားအဆီးမရှိတာ "အနာဝရဏ"လို့
ခေါ်တယ်။
⏩အပိတ်အပင် အတားအဆီးမရှိတဲ့ဉာဏ်၊
ပစ္စုပ္ပန်မှာပဲဖြစ်စေ အတိတ်မှာပဲဖြစ်စေ
အနာဂတ်မှာပဲဖြစ်စေ ဘယ်လောက်ပဲ
ဝေးကွာ ဝေးကွာ ဘယ်လောက်နက်နဲ နက်နဲ
ဘယ်လောက်ခက်ခဲခက်ခဲ သိချင်လို့
ကြည့်လိုက်မယ်ဆိုရင် အကုန်မြင်ရတယ်
လို့ပြောတာ၊အကုန်သိရတယ်လို့ပြောတာ၊
မသိချင်ဘူးဆိုတဲ့ အချိန် ဒီဉာဏ်က ဘယ်
အလုပ်လုပ်မလဲ၊
ဘုရားရှင်လက်မခံတဲ့သဗ္ဗညုတညာဏ်ဆိုတာ
🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠
မသိချင်ဘဲ သူ့ဟာသူ အလိုလို လာသိနေရင်
ဘယ်လိုလုပ် အိပ်လို့ရမတုန်း၊present ဆိုတာ
မဖြစ်ဘူးပေါ့။ဒါက သဘာဝမဟုတ်ဘူး၊
❖ အဲဒီတော့
မြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်ဟာ
ခုနကလို အိပ်နေတုံး အမြဲတမ်းရှိတဲ့
ဉာဏ်မျိုးတော့ ဘုရားက လက်မခံဘူး၊
အဲဒီလို လက်မခံတာကို ရောယောင်ပြီး
ဘုရားက "သဗ္ဗညုတဉာဏ်"လက်မခံဘူးလို့
ရေးတဲ့ပုဂ္ဂိုလ် မြန်မာပြည်မှာရှိတယ်၊ပြီးတော့
အဲဒီလို စာအုပ်ထဲမှာပဲ နိုင်ငံခြားက ရေးတာ
တွေကို အဟုတ်ထင်နေတယ်၊တစ်ချို့မြန်မာပြည်
ကအင်္ဂလိပ်စာတတ်ပုဂ္ဂိုလ်တွေကလည်း
အင်္ဂလိပ်လိုရေးလိုက်လို့ရှိရင် အဟုတ်ထင်နေတာ၊
အဲဒါလည်း
သတိထားစရာလေးတစ်ခုပါပဲ။
❖ အခုလိုပြောရတာဟာ သူများကို
အပြစ်တင်ကဲ့ရဲ့ရှုတ်ချချင်လို့ ပြောတာမဟုတ်ဘူး၊
သတိထားဖို့ပြောတာ၊နိုင်ငံခြားက အင်္ဂလိပ်လို
ရေးထားတဲ့စာအုပ်တွေကို ကိုးကားပြီးတော့
နောက်ယောင်လိုက်ထားတဲ့ စာအုပ်တွေထဲမှာ
ဘာတွေရေးထားလဲ၊မြတ်စွာဘုရားက ၃၁ ဘုံ
ကိုလက်မခံဘူးတဲ့၊
ဗြဟ္မာ့ပြည်ရှိတယ်ဆိုတာ မြတ်စွာဘုရားက
လက်မခံဘူးတဲ့၊အဲဒါကို ထည့်ထားတယ်၊
ထည့်ထားပြီးတော့ ဘာကို အကိုးအကားပြတုံး
ဆိုတဲ့အခါ "တေဝိဇ္ဇ"သုတ်မှာ
မြတ်စွာဘုရားက ဝါသေဋ္ဌဆိုတဲ့ ပုဏ္ဏားကို
"မင်းတို့ဆရာတွေရော ဗြဟ္မာကို မြင်ဖူးလား"
လို့မေးတယ်၊ "မမြင်ဖူးပါဘူး"။
ဒါဆို "ဆရာ့ဆရာကြီးတွေရော မြင်ဖူးလား"။
"မမြင်ဖူးပါဘူး"၊
"ဒါဖြင့် မင်းတို့ ဝေဒကျမ်းပြု ရှေးကဆရာကြီး
တွေရော ဗြဟ္မာကို မြင်ဖူးလား"ဆိုတော့ "
မမြင်ဖူးဘူး"
"ဒါဖြင့် မင်းတို့ဟာ
မမြင်ဖူးဘဲနဲ့ပြောနေကြတာ၊
ရှေးကလူတွေကလည်း မမြင်ဖူးဘူး၊
နောက်ကလူတွေကလည်း မမြင်ဖူးဘူးဆိုတဲ့
မျက်မမြင် သူကန်းတွေရဲ့ အစဉ်အတန်းကြီး
ဖြစ်နေတာပေါ့"လို့ မိန့်တယ်။
⏩ အဲဒီအချက်ကို အထောက်အထားပြုပြီး
မြတ်စွာဘုရားက ဗြဟ္မာမရှိဘူးလို့ ပြောတယ်
လို့မှတ်ချက်ချတယ်။
အဲဒီ စာပိုဒ်လေးရဲ့နောက်ကို
⏩ဆက်ဖတ်လိုက်လို့ရှိ ရင် ဘုရားက
ဘယ်လိုပြောတာတုံးဆိုတာ ရှိတယ်။
🔯အဲဒါကိုတော့ မြှုပ်ထားလိုက်တယ်။
🌟မြတ်စွာဘုရားက
ဘယ်လိုဆက်ပြောတုံးဆိုရင်
"ဝါသေဋ္ဌ ငါက ဗြဟ္မာကိုလည်း မြင်ဖူးတယ်၊
ဗြဟ္မာ့ပြည်ရောက်ကြောင်းတရားကိုလည်း
သိတယ်"
🌟အဲဒါကျတော့ ထည့်မရေးဘူး။
❖ ဒါကြောင့်မို့ Buddhism ကို
လေ့လာမယ်ဆိုရင် မူရင်းကျမ်းကို ဖတ်ရမယ်၊
━ မြတ်စွာဘုရား တရားတော်ကို
လေ့လာမယ်ဆိုရင်
မူရင်းကျမ်းကိုဖတ်ဖြစ်အောင် ဖတ်ပါ၊
━ ကိုးထားတာလေးနဲ့မကျေနပ်နဲ့၊
━ ဗုဒ္ဓရဲ့အယူအဆကို မိမိရဲ့အယူအဆတွေနဲ့
polluted မလုပ်နဲ့၊⏪🌟
━ polluted ဆိုတာ ညစ်နွမ်းစေတာ၊
━ လေကို ညစ်နွမ်းစေတာ air pollution၊
━ ရေကို ညစ်နွမ်းစေတာ water pollution၊
━ အလင်းရောင်တွေ သိပ်များနေလို့
ရှိရင် light pollution၊
━ ဒါမျိုးတော့ view pollution ပေါ့။
အဲဒါကြောင့်
#အင်မတန်သတိထားစရာကောင်းတယ်။
★ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်
ဟောထားတဲ့ မူရင်းကျမ်းထဲက
တစ်ပိုင်းတစ်စတော့လက်ခံတယ်၊
တစ်ပိုင်းတစ်ဆတော့ လက်မခံဘူးဆိုရင်
ဘာနဲ့တူတုံးဆိုရင်
🔯"ငါကြိုက်တာအမှန်၊
🔯 ငါမကြိုက်တာအမှား"
ဒီပုံစံ မျိုးရောက်နေတယ်နော်၊
မကိုးကားဘူးဆိုရင် တစ်ခုမှ
မကိုးကားနဲ့လေ၊
ကိုးပြီးဆိုရင် ချန်မထားနဲ့
အကုန်ကိုးရမယ်၊
ရှေ့စကား နောက်စကားက
အကုန်လုံး ပြည့်ပြည့်စုံစုံ ထည့်ရမယ်၊
ကိုယ်လိုချင်တဲ့ အပိုဒ်လေးကို ဖြုတ်ယူပြီးတော့
ကိုယ်လိုချင်တဲ့နိဂုံး conclusion ဆွဲတာ
ကတော့
အင်မတန်မှ ဆိုးဝါးတယ်၊
ဒါမျိုးတွေရှိတယ်လို့ပြောတာ။ ☜
ပါချုပ်ဆရာတော်ကြီး
အဘိဓမ္မာ မြတ်ဒေသနာ(၂)
စာမျက်နှာ ၂၅၀ မှ ၂၅၄။
Credit Win Soe
No comments:
Post a Comment