💢 "သတိရှိရင်" ~~~~~
💢 အကုန်တွက်ကိန်းကိုက်တယ် ~~
◾သတိရဲ့ အဓိက တောင်းဆိုချက်ကတော့ ပစ္စုပ္ပန်ကို တန်ဖိုးထားဖို့ပါပဲ ၊
◾သတိဆိုတာ •••••?
(၁) အာရုံကို ပုံဖော်ရမယ် ၊ ဘာပဲဖြစ်ဖြစ် ဆောင်ရွက်တဲ့ အာရုံဟာ အသိစိတ်ထဲပြတ်သားစွာပေါ်လာရမယ် ။
(၂) အာရုံနဲ့ စိတ် ... ချပ်ချပ်ရပ်ရပ်ကပ်ပေး ။
(၃) အလုပ်မပြီးမှီ ... အာရုံ မပျောက်စေနဲ့ ၊ အသိစိတ်ကို . အာရုံပေါ်မှာမိမိရရစွတ်ထားရမယ် ။
(၄) အလုပ်တခု လုပ်နေစဉ် အခြားအာရုံ ကြားဖြတ်ဝင်မလာစေနဲ့ ၊ အာရုံကို သတိအစီအစဉ်နဲ့ပဲ လက်ခံ ၊ အစီအစဉ် ကင်းမဲ့တဲ့ အာရုံဟာ အသိကို ရူပ်ထွေးသွားစေတယ် ။
အသိ ရူပ်တာကိုပဲ အလုပ်ရူပ်တယ်လို့ ပြော နေကြတာ ။
(၅) ဘာပဲလုပ်လုပ် အလုပ်မပြီးမချင်း...ရှေ့အသိနဲ့ နောက်အသိ အသိချင်းစပ်ထား ။
အစ ၊ အလယ် ၊ အဆုံး အကုန်လုံးသိနေပါစေ ။ အသိချင်း ကွာသွားရင်...ပမာဒ ဝင်လာမယ် ၊ အာရုံ မျက်ခြေပြတ်ပြီး မရေမရာ မျောသွားတတ်တယ် ။
(၆) အလုပ်တိုင်း အရေးကြီးတယ်လို့သဘောထား...သာသနာနဲ့ တွေ့နေသူမှာ အရေးမကြီးတဲ့ အလုပ်မရှိပါဘူး ၊ စား သောက်တာ ၊ သွားတာ လာတာကစ အားလုံး အရေးကြီးပါတယ် ။
♦ အလုပ်တိုင်းရဲ့ နောက်မှာ လုပ်ခ စွမ်းအားတွေ ထိုက်ထိုက် တန်တန် တစ်ပါတည်း ကပ်ပါ လာဖို့ အထူး လိုအပ်ပါတယ် ။
♦ ပစ္စုပ္ပန်တိုင်း တန်ဖိုးထားပြီး မလွတ်အောင် သယ်ဆောင် သွားနိုင်ရင် အားလုံးတွက်ကိန်း ကိုက်ပါတယ် ။
♦ ပညာသင်ရင် ပညာရေး တွက်ကိန်း ကိုက်တယ် ။ စီးပွားရှာတော့ စီးပွားရေးတွက်ကိန်းကိုက်တယ် ။ ...တရား ရှာတော့လည်း တရား တွက်ကိန်း ကိုက်တာပါပဲ ။
♦ စားတာ သောက်တာ ၊ သွားတာ လာတာ ကိစ္စ ခပ်သိမ်းမှာ တရားတွက်ကိန်းကိုက်ပါတယ် ။
♦ အချိန်တိုင်း တွက်ကိန်းကိုက်ရင်
"တစ်ဘဝ" တွက်ကိန်းလည်း ကိုက်မှာပါပဲ ။
🚩 တိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ 🚩
( ယော ) ဆရာတော်
No comments:
Post a Comment