Tuesday, December 4, 2018

အများညီ "ဤ" ကို "ကျွဲ" ဖတ်

အများညီ "ဤ" ကို "ကျွဲ" ဖတ်
-----------=--------
လောက၌ အများညီ၍ 'ဤ' ကို 'ကျွဲ' ဖတ် ဆိုကြသကဲ့သို့ လောကရေး၌ဖြစ်စေ
ဓမ္မရေး၌ဖြစ်စေ လက်ခံလိုက်နာကျင့်သုံးသူ များလာပါလျှင် အမှန်ဟုသာ
ထင်နေကြသည်ကများပါ၏။

လောကရေးကိစ္စကို ဘာမှမပြောလိုသော်လည်း ဓမ္မရေးကိစ္စ၌ကား
အမှားဝါဒကို လက်ခံလိုက်နာကျင့်သုံးသူများ၍ အမှန်ဟု ထင်လာကြပြီး အများ
ညီ၍ "ဤ" ကို "ကျွဲ" ဖတ်နေကြပါသော်လည်း ထေရဝါဒ ဓမ္မစာပေများ၏ မှတ်
ကျောက်တင်မှုကို မခံနိုင်ပါလျှင် အမှားဝါဒသာဖြစ်ကြောင်း သိရပါမည်။

တရာသမား အများစု၌ အများညီ၍ "ဤ" ကို "ကျွဲ" ဖတ်နေကြသော အမှားဝါဒတစ်ခုမှာ သက္ကာယဒိဋ္ဌိဟူသည် အဘယ်နည်းဟု မေးလိုက်ပါလျှင် ရုပ်နာမ်ပါး ပရမတ် အရှိတရားကို မမြင်ဘဲ ငါ'သူတပါး'ယောက်ျား'မိန်မ'ပုဂ္ဂိုလ်'သတ္တဝါ ရှိသည်ဟုယူလျှင် သက္ကာယမိစ္ဆာဒိဋ္ဌိဖြစ်သည်ဟု ဖြေဆိုကြသူသာများပါ၏။

ဤအဖြေများကို ကြည့်ပါလျှင် သက္ကာယဒိဋ္ဌိကို အမှန်မသိဘဲ လွဲမှားစွာ သိနေကြောင်း ဖေါ်ပြရာရောက်ပါ၏။

ဤကဲ့သို့ ဖြေဆိုကြသောသူများကို သက္ကာယဒိဋ္ဌိ ဖြစ်သည်ဟုဆိုပါလျှင် အကုသိုလ်ဖြစ်နေသည်ဟု ဆိုရာရောက်ကြောင်း 'ငါ' ကိုမိမိနေရာ၌ထား 'သူ' ဟုဆိုပါလျှင် မိဘ'ဆရာ'သံဃာတော်များ'နောက်ဆုံး မြတ်စွာဘုရားရှင်သည်ပင် သူနေရာ၌ပါကြောင်းယင်းသို့ ဆိုပါလျှင် ရုပ်နာမ်နှစ်ပါး ပရမတ်တရားကို မသိဘဲ "၃၂'ပါးသော လက္ခဏာတော် များနှင့် မဟာပုရိသ ယောကျာ်းထူး ယောက်ျားမြတ် မြတ်စွားဘုရားရှင် အမှန်ရှိပါသည်ဟု ယူလျှင်လည်း သက္ကာယမိစ္ဆာဒိဋ္ဌိဖြစ်၍ အကုသိုလ်ဖြစ်နေသည်ဟု ပြောဝံ့ပါမည် လားဟုမေးသောအခါ ဘုရားရှင်ဖြစ်နေ၍မဖြေဝံ့သူကများပြီး တစ်ချို့က စွတ်မှိတ်ပြီး သက္ကာဒိဋ္ဌိ ဖြစ်သည်ဟု မိုက်မဲစွာဖြေဝံ့သူ များလည်းရှိပါ၏။

ထေရဝါဒစာပေများ၌ကား ဘုရား'တရားသံဃာ အမှန်ရှိသည်ဟု ယုံကြည်ခြင်းသည်သမ္မာဒိဋ္ဌိအမြင်မှန် ကုသိုလ်စိတ်သာဖြစ်၍ အကုသိုလ်အုပ်စုဝင် သက္ကာယမိစ္ဆာဒိဋ္ဌိနှင့် ယှဉ်တွဲ၍ မဖြစ်နိုင်ပါ ရတနာမြတ်သုံးပါး၏ ဂုဏ်ကိုသိ၍ ကိုးကွယ်ဆည်းကပ်လျှင် ဉာဏသမ္ပယုတ်နှင့် ဂုဏ်ကိုမသိဘဲ ကိုးကွယ် ဆည်း ကပ်ပါလျှင် ဉာဏဝိပ္ပယုတ် သရဏဂုံ မဟာကုသိုလ်စိတ် တစ်ခု ခုသာဖြစ်ခွင့်ရှိပါ၏။

မည်မျှမှားယွင်းသော ဝါဒများ လွှမ်းမိုးနေသည်ကို ပညာရှိသူမှန်ပါက သိနိုင်လောက်ပါ၏။

တချို့နာမည်ကြီး အဂ္ဂမဟာ ကမ္မဋ္ဌာန စရိယပုဂ္ဂိုလ် တစ်ပါးကပင် ငါဒါနလုပ်မည်ဟုဆိုလျှင် 'ငါ' ပါနေ၍ ဒိဋ္ဌိပါနေသည်ဟုပင် ဟောကြားထားသည်ကို တွေ့ရပေရာ တပည့်ဒကာများကို လမ်မှားသို့ တွန်းပို့ရာကျပါ၏။

ငါဒါနလုပ်မည်' ငါသူတပါးဥစ္စာကိုမခိုးတော့ပါ' ငါဘာဝနာပွါးမည် ဟုစိတ်ကောင်း ဖြစ်လာခြင်းသည် ကုသိုလ်စိတ်သာဖြစ်၍ အဝိဇ္ဇာ'ဒိဋ္ဌိ အကုသိုလ်အုပ်စုများနှင့် ယှဉ်တွဲ၍မဖြစ်နိုင်ပါ ယှဉ်တွဲ၍ ဖြစ်ပါသည်ဟုဆိုလျှင် အဘိဓမ္မနှင့် ဆန့်ကျင်ပါ၏။

အကုသိုလ် အုပ်စုဝင်ဖြစ်သော ငါ့လင်'ငါ့သား'ငါ့ပစ္စည်းဟု ရိုးရိုးစွဲလမ်းလျှင် တဏှာသာဖြစ်၍ ဒိဋ္ဌိမပါပါ' ငါ့ကိုဘာကောင်ထင်လဲဟု တက်ကြွ ထောင်လွှားပါလျှင် မာနသာဖြစ်၍ဒိဋ္ဌိမပါပါ' ငါ့ကိုဆဲသည်ဟု စိတ်ဆိုးပါလျှင် ဒေါသငါသာဖြစ်၍ ဒိဋ္ဌိမပါပါ' "အတ္တ အတ္တနိယ"ပို့မှာပါသော တိပိဋကဓရ အရှင်ဝိစိတ္တသာရာဘိဝံသ'မဟာစည်ဆရာတော်ဆရာတော်ဘုရား၏ ဝိသုဒ္ဓိမဂ်မှာကဲ့သို့ အတ္တဝိညာဉ်'လိပ်ပြာရှိသည်ဟုယူလျှင် သက္ကာယဒိဋ္ဌိဖြစ်၍ 'အတ္တနိယ' အတ္တကောင်၏ ဥစ္စာဟုယူမှ ဒိဋ္ဌိကတသမ္ပယုတ် လောဘမူစိတ်ဖြစ်ပါ၏။

အကုသိုလ်စိတ်ဖြစ်တိုင်း မောဟ' အဝိဇ္ဇာပါသော်လည်း ဒိဋ္ဌိမှာကား ဒိဋ္ဌိကတ သမ္ပယုတ်လောမူစိတ် '၄' ပါးမှာသာ ယှဉ်တွဲ၍ ပါနိုင်ပါ၏။

စက္ခုဝိညာဏ်စိတ်ကမြင်သည် ဆိုခြင်းမှာ ပရမတ္ထသစ္စာဖြစ်၍ ငါမြင်သည် ဆိုခြင်းမှာ သမ္မုတိသစ္စာသာဖြစ်၍ နှစ်ခုလုံးမှန်ပါ၏ သစ္စာနှစ်ပါးမှအလွတ် စွမ်းအားရှင် ဝိညာဉ်'လိပ်ပြာ အတ္တကောင်(soul)က မြင်ပါသည်ဟုဆိုပါလျှင်ကား အမှားဝါဒ သက္ကာယမိစ္ဆာဒိဋ္ဌိသာဖြစ်ပါ၏။

ဦးရွှေအောင်၏ ဘဝအကျဉ်းသား စာအုပ်၌ အမှန်အားဖြင့် ပုဂ္ဂိုလ်သတ္တဝါ ဟူသည်ပရမတ္ထသစ္စာ အနေဖြင့် မရှိစေကာမူ သမ္မုတိသစ္စာ အနေဖြင့်ကား ရှိပါသေ၏၊အတ္တမှာမူကား သမ္မုတိသစ္စာ အနေအားဖြင့်လည်းမရှိ မိစ္ဆာဒိဋ္ဌိ အမြင်ဖြင့်သာ ရှိလေ၏။ ဟူ၍ပါရှိပေရာ ဤကဲ့သို့ ကွဲပြားစွာ မသိသူများက ငါမြင်သည်'ငါကြားသည်ဟုဆိုပါလျှင် သက္ကာယဒိဋ္ဌိ ဖြစ်သည်ဟု မှားယွင်းစွာ ယူဆဟောပြောနေကြပါတော့၏။

ဗုဒ္ဓသည်အိန္ဒိယမှ ပွင့်ပေါ်လာခြင်းဖြစ်ရာ ဗုဒ္ဓမပွင့်ပေါ်မီ အိန္ဒိယ၌ အတ္တဝါဒ လွှမ်းမိုးနေပုံနှင့် ဗုဒ္ဓပွင့်ပေါ်လာသောအခါ အတ္တဝါဒ သက္ကာယမိစ္ဆာဒိစွဲကို လက်မခံဘဲ ရုပ်နာမ်နှစ်ပါးကြောင်ကျိုးဆက်နွယ်၍ ဖြစ်နေကြခြင်းသာဖြစ်၍ အတ္တမရှိဘဲ အနတ္တသာဖြစ်ကြောင်းဟောကြားတော်မူပါ၏။

သို့သော်-ဗုဒ္ဓသည် ရုပ်နာမ်နှစ်ပါး ပရမတ်တရားတို့ကို အရှိပရမတ္ထသစ္စာ အနေနှင့် ဟောကြားတော်မူပြီး ရုပ်နာမ်နှစ်ပါး ပေါ်လာပါလျှင် သတ်မှတ်ချက် လူ'ခွေး'မိဘ'ဆရာ စသည်တို့ရှိကြောင်း သမ္မုတိသစ္စာကို အနေဖြင့်လက်ခံပြီး မင်္ဂလသုတ်'သင်္ဂါလောဝါဒသုတ်တို့၌ သားသမီးဝတ်' လင်ဝတ်'မယားဝတ် စသည်ဖြင့် ဝတ္တရားကျေပွန်စွာ လောက၌ နေတတ်အောင်လည်းဟောကြားတော်မူပါ၏။

မိစ္ဆာဝါဒဖြစ်သော အတ္တရှိသည် ဟူ၎င်းကား မည်သည့် အခါမှ ဟောကြားတော်မမူပါ

အဘယ်ကြောင့်ဆိုသော် သတ္တဝါတို့၏ အသိကို လွဲမှားစေနိုင်သောကြောင့်တည်း။

သက္ကာယ မိစ္ဆာဝါဒစွဲဖြစ်သော အသက်'ဝိညာဉ်'လိပ်ပြာကောင်(soul)အတ္တရှိသည် ဟူသော အယူမှာ တိတ္ထိတို့ စိတ်ကူးဖြင့် အမှားကြံဆထားခြင်းသာဖြစ်ပြီး ရုပ်နာမ်နှစ်ပါး အရှိပရမတ္ထသစ္စာ' လူ'ခွေး'ယောက်ျား'မိန်းမ စသည် သမ္မုတိသစ္စာဟူသော သစ္စာ(အမှန်)နှစ်ချက်မှအလွတ် သမ္ဖပ္ပလာပဝါစာသာ ဖြစ်သောကြောင့် ဖြစ်ပါ၏။

ယခုကာလ မြန်မာနိုင်ငံမှ တရားသမား အများစုသည် အတ္တဝါဒ သက္ကာယမိစ္ဆာဒိဋ္ဌိစွဲကိုတိကျစွာ မသိကြတော့ဘဲ သမ္မုတိသစ္စာထိုက်သော ငါ'သူ'လူ'ခွေး စသည်တို့ကို သက္ကာယမိစ္ဆာဒိဋ္ဌိဟု လွဲမှားစွာသိနေကြပေရာ ရုပ်နာမ်ပရမတ်ကို မသိသော သာသနာပ ပုဂ္ဂိုလ်များ နှင့် သာသနာတွင်း အန္ဓပုထုဇဉ်များသည် ကုသိုလ်စိတ် ဖြစ်ခွင့်ပင် ရမည်မဟုတ်တော့ဘဲ အမြဲတမ်း အဝိဇ္ဇာ'ဒိဋ္ဌိ အကုသိုလ်စိတ်သာ ဖြစ်နေသည်ဟု စွပ်စွဲရာလည်း ရောက်ပါ၏။

ဗုဒ္ဓမဟောကြားသည်ကို ဟောကြားသည်ဟု ဆိုပါလျှင်ကား သာသနာကို ကွယ်အောင်လုပ်ရာကျကာ အပြစ်များစွာကိုလည်း ဆည်းပူးရာရောက်ပါ၏။

မိမိတို့ ရိပ်သာ' ဆရာ'အာစရိယဝါဒများဖြင့် အများညီ၍ 'ဤ'ကို 'ကျွဲ'ဖတ်နေကြပါသော်လည်း 'ဤ' သည် 'ကျွဲ' ဖြစ်၍ မသွားဘဲ 'ဤ' သည် 'ဤ' ကျွဲ' သည် 'ကျွဲ'သာဖြစ်သကဲ့သို့ အများညီ၍ ငါ'သူစသော သမ္မုတိသစ္စာကို သက္ကာယ မိစ္ဆာဒိဋ္ဌိဟု ယူဆ ဟောပြော ရေးသားနေကြပါသော်လည်း ငါ'သူစသော သမ္မုတိသစ္စာသည် သက္ကာယဒိဋ္ဌိဖြစ်မသွားဘဲ အသက်'ဝိညာဉ်ကောင် အတ္တ(soul) ရှိသည်ဟုယူမှ သက္ကာယ မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း ကွဲပြားခြားနားစွာ သိအောင် ကြိုးစားကြပါဟုလည်း မေတ္တာရပ်ခံအပ်ပါ၏။

တရားရှုမှတ်သောအခါ၌ ရုပ်နာမ်နှစ်ပါး ပရမတ္ထသစ္စာကို အနိစ္စ'ဒုက္ခ'အနတ္တဟု ရှုမှတ်ပွါးများ၍ လောကအရေး ဆောင်ရွက်သော အခါ၌ သမ္မုတိသစ္စာ ငါ'သူစသည်၌ မိဘဝတ်'လင်မယားဝတ် ဆရာတပည့်ဝတ် စသည်ဖြင့် တာဝန်ကျေပွန်စွာ နေထိုင်ပြီး တာဝန်လည်းထမ်း ပန်တိုင်လည်းလှမ်းကြရပါမည်။

"ကြိုးကိုမြွေထင်၍ ကြောက်စိတ်မဝင်ကြပါနှင့်'' ရုပ်နာမ်နှစ်ပါး ပရမတ္ထတရားတို့ သူ့ကိစ္စနှင့်သူ ဆောင်ရွက်နေကြပုံကို သိပြီးဖြစ်သော စူဠသောတာပန်သည် ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ပြီး၍ အတ္တစွဲမဝင်နိုင်ပါ' ရုပ်နာမ်ကိုမသိသော အန္ဓပုထုဇဉ် ဆိုပါလျှင်ကား ကုသိုလ်စိတ်ဖြစ်နေသောအချိန်နှင့် အခြားရိုးရိုးလောဘ' မာန' ဒေါသ အကုသိုလ်စိတ်များ ဖြစ်နေသော အချိန်၌ ဒိဋ္ဌိမဝင်နိုင်ပါသော်လည်း မှားယွင်းစွာ စိတ်ကူးကြံစည်မိပါလျှင်ကား ပရိကပ္ပိတ အတ္တတည်းဟူသော အသက်'ဝိညာဉ်'လိပ်ပြာကောင်(soul) ရှိသည်ဟူသော သက္ကာယမိစ္ဆာဒိဋ္ဌိနှင့် သဿတ'ဥစ္ဆေဒ
စသော ဒိဋ္ဌိမျိုးစုံဝင်ရောက်လာနိုင်ပါ၏။

စိစစ်ဝေဖန်၍ သိနိုင်ကြပါရန်အလို့ငှါ ဝိနိစ္ဆယ အဖွဲ့များမှ အတ္တဝါဒ မိစ္ဆာဒိဋ္ဌိ စွဲပုံများကို လေ့လာနိုင်ကြပါရန်နှင့် နတ်နှင့်ငရဲကို ယုံခြင်းသည် ကုသိုလ်သဒ္ဓါ သာဖြစ်ကြောင်း ဒိဋ္ဌိဥပါဒါန် အစွဲမဟုတ်ကြောင်း သိနိုင်ပါစေရန် အာက်မှကူး၍ တင်ပေးထားပါ၏။

(သူတော်ကောင်း စိတ်ဓာတ်မွေးကြပြီး မှားမှန်းသိလျှင် ပြုပြင်နိုင်ကြပါစေ)

ဆန်စဉ်ရာ ကျည်ပွေ့ မလိုက်နိုင်ပါ

မည်သူမဆို ဖုန်းနှင့် ဆွေနွေးနိုင်ပါသည်

Ph. 09421714337

No comments:

Post a Comment