Friday, December 21, 2018

အသံတူပေမဲ့အဆံတူရဲ့လား

#အသံတူပေမဲ့အဆံတူရဲ့လား ?

🌅တစ်​ခါတစ်​​လေ အသံတူတာတွေ ခုခေတ်မှာ
တော်တော်များတယ်။ သူကလည်း သာသနာ၊
ငါကလည်း သာသနာ၊ သူကလည်း သာသနာရေး၊
ငါကလည်း သာသနာရေးနော်။ သူကလည်း ဘုရား၊
ငါကလည်း ဘုရား၊ ဘုရားဆိုတာ အတူတူပါပဲလို့
ပြောတဲ့သူကလည်း ပြောတယ်။
သူတို့လည်း ဥပုသ်စောင့်တယ်၊ ကိုယ်လည်း ဥပုသ်
စောင့်တယ်။

🌅ဘုန်းကြီးတို့တစ်တွေ သတိထားရမှာက
� အသံတူပေမယ့် အဆံတူရဲ့လား�ဆိုတာကို
သတိထားဖို့် လိုတယ်။ အသံကတော့ တူလိမ့်မယ်။
သူကလည်း ကမ္မဋ္ဌာန်းအားထုတ်တယ်။ ကိုယ်ကလည်း
ကမ္မဋ္ဌာန်းအားထုတ်တယ်။ သူကလည်း ပုတီးစိပ်မယ်။
ကိုယ်ကလည်း ပုတီးစိပ်မယ်။ သူကလည်း ဘုရားဂုဏ်တော်ပွားမယ်၊ ကိုယ်ကလည်း ဘုရားဂုဏ်တော်ပွားမယ်။

🌅ဟော_သေသေချာချာကြည့်ရင် ...
မသိတဲ့ သာမာန်ပုဂ္ဂိုလ်တွေကတော့ ဘာသာတရားဟာ 
အတူတူပဲလို့ ဒီလိုထင်သွားမယ်။
အင်မတန်မှ ကွဲပြားခြားနားမှုတွေရှိတယ်။
အခြေခံ ကွဲပြားခြားနားမှုကို မသိရင် ရောယောင်ပြီး
ဘာသာတရားဆိုတာ အတူတူပဲလို့ ထင်မှာပဲ။
မဟုတ်​တာကို အဟုတ်ထင်ပြီး လုပ်မိလို့ရှိရင်
ဒုက္ခ​ရောက်​မယ်။
အဲဒီတော့ လုံးဝမတူဘူးဆိုတာ အနှစ်သာရပိုင်းကို ကြည့်ရမယ်။

🌅ဥပုသ်စောင့်တာ တစ်ခုပဲ ကြည့်လေ။
ဘုန်းကြီးတို့ " ဥပုသ်စောင့်ခြင်းအဓိပ္ပါယ် " ဆိုတာ
အရင်တုန်းက ဟောထားဖူးတယ်။
အဲဒီဥပုသ်စောင့်တယ်ဆိုတာကိုက အင်မတန်မှ ကွာခြားတယ်။
ဗုဒ္ဓဘာသာတွေ ဥပုသ်စောင့်တယ်ဆိုတာက ကိုယ်ကျင့်တရားကိုကျင့်သုံးပြီးနေထိုင်ခြင်းလို့
အဓိပ္ပါယ်​ရတယ်။
ကိုယ်ကျင့်တရားကို ကျင့်သုံးပြီးနေထိုင်ခြင်းကသာ ဥပုသ်၊
အစာမစားရုံသက်သက် မဟုတ်​ဘူး၊ လူတွေက ညနေစာ
ထမင်းမစားတာလေးကို ဥပုသ်လို့ ထင်နေတာနော်။
ကိုယ်တည်ဆောက်ထားတဲ့ ကိုယ်ကျင့်တရား၊
ကိုယ့်ရဲ့အဓိဋ္ဌာန်ချက်။ " ဒီကနေ့ ငါဘာမှမလုပ်ဘူး၊
ဘာလုပ်ခြင်းမှ ရှောင်မယ် " ဆိုတဲ့ အဲဒီရှောင်ကြဉ်တဲ့
အချက်တွေက အဓိက။

🌅ရှစ်ပါးသီလဥပုသ်စောင့်တယ်ဆိုတာကြည့်။
ဒီကနေ့ သူများအသက်သတ်ခြင်းမှ ရှောင်မယ်၊
သူများ ဥစ္စာ ခိုးခြင်းမှ ရှောင်မယ်၊ သူများသားမယား
ပြစ်​မှားခြင်းမှ ရှောင်မယ် ဆိုတဲ့ ဒီကျင့်စဉ်တွေဟာ
အရေးကြီးတယ်။ ဒီအကျင့်တွေဟာ ရဟန္တာပုဂ္ဂိုလ်​​တွေ
ကျင့်တဲ့ အကျင့်တွေပဲ။

🌅ရဟန္တာပုဂ္ဂိုလ်တွေ ကျင့်တဲ့ အကျင့်မျိုးကို
ဒီကနေ့တစ်ရက်တာ တို့တတွေ ကျင့်လိုက်ရပြီ
ဆိုတာဟာ ဘယ်လောက်မွန်မြတ်သလဲ။
တစ်သက်လုံး မလုပ်နိုင်တောင်မှ တစ်ရက်လုပ်လိုက်
ရတယ်ဆိုရင် အလွန်မွန်မြတ်တယ်လေ။
အေး... အစာငတ်ခံရုံ သက်သက် ဥပုသ်စောင့်တာ
မဟုတ်ဘူး။

🌅ဗုဒ္ဓဘာသာတွေ ဥပုသ်စောင့်လို့ နေ့လွဲညစာ
အစာ မစားဘူးဆိုတာ အငတ်ခံတာ မဟုတ်​ဘူး။
မနက်မှာ ဝအောင် စားထားတာ။
( ၁၂ ) နာရီဟိုဘက် မစားဘူးဆိုရင် မအိပ်ချင်တော့ဘူး။
အစာအတွက် အလုပ်မရှုတ်တော့ဘူး။
အလုပ်မရှုပ်တော့ ဘာလုပ်တုန်း။
တရားနှလုံးသွင်းနိုင်တယ်။
ပိုပြီးတော့ စိတ်ရဲ့ အညစ်အကြေးတွေကို
သန့်ရှင်းအောင် လုပ်နိုင်တယ်။
တရားနှလုံးသွင်းခြင်းဖြင့် စိတ်ထဲမှာဖြစ်ပေါ်လာတဲ့
စိတ်ရဲ့အညစ်အကြေးတွေကို သန့်ရှင်းရေးလုပ်တယ်။
အဲဒါ တကယ့်ဥပုသ်ရဲ့ အနှစ်သာရပဲ။

🌅အဲဒီတော့ သူလည်း ဥပုသ်စောင့်တယ်၊
ကိုယ်လည်း ဥပုသ်စောင့်တယ် ပြောပေမယ့်
အနှစ်သာရချင်းတူရဲ့လား တိုက်ကြည့်ပေါ့။
မတူဘူးဆိုရင် အသံသာတူတယ်ဆိုတာ သိရလိမ့်မယ်။

🌅ကိုယ့်သာသနာရဲ့_အနှစ်သာရကို သိဖို့
အင်မတန်မှ အရေးကြီးတယ်ပေါ့။
အနှစ်သာရကို မသိလိုရှိရင် ဒီကနေ့ခေတ်မှာ
ဘာသာတရားတွေ ရောယောင်ပြီးတော့ ဟိုလူကလည်း ဒါ ၊ဒီလူကလည်း ဒါဆိုတော့ အဟုတ်ထင်နေတတ်ကြတယ်ပေါ့။
မတူဘူး။ သူတို့မှာလည်း ဘုရားရှိတယ်၊ သူတို့မှာလည်း တရားရှိတယ်၊ သူတို့မှာလည်း သံဃာရှိတယ်၊ ဘုန်းကြီးရှိတယ်နဲ့ဆိုပြီးတော့ ဟုတ်ကဲ့လား၊

🌅 အေး တူလားလို့ဆိုရင် အနှစ်သာရချင်း အလွန်ကွာခြားတယ်၊
ဒါ​ကြောင့်​ အသံတူပြီး  ဒီလိုအနှစ်သာရချင်းမတူတဲ့
အခြေအနေတွေကို အခုမှ ပြောပြရတာမဟုတ်ဘူး။
မြတ်​စွာဘုရား ဘုရားလက်ထက်ကလည်း ဒီလိုပဲ။
တို့လည်း အတူတူပါပဲလို့ ပြောခဲ့တာတွေ အများကြီးရှိတယ်။

#ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

#Posted_by_Words_of_Buddha

မူရင်း 🙏🙏🙏
ရေးသားပူဇော်သူအားကျေးဇူးတင်ပါ
တယ်ခင်ဗျာ

No comments:

Post a Comment