Thursday, December 13, 2018

အလှူရဲရင့် အကျိုးကဲမြင့်…

"အလှူရဲရင့်  အကျိုးကဲမြင့်…""
  ********************
   တရားချစ်ခင်သူတော်စင်အပေါင်းတို့~

  #ဂေါတမမြတ်စွာဘုရားရှင် လက်ထက်
တော်အခါ  ရာဇဂြိုလ်ပြည်သား"သုမန""
မည်တဲ့ ပန်းသည်ဟာ  ဗိမ္ဗိသာရ မင်းကြီးအား
နေ့စဉ်မြတ်လေးပန်းရှစ်ကွမ်းစား(ရှစ်စလယ်)
ကို ဆက်သရပါတယ်။

  #တစ်နေ့ ပန်းသည်က  မြတ်လေးပန်းများ
ကို ယူဆောင်ပြီး  မြို့တွင်းသို့ဝင်လာစဉ်မှာ
ရဟန်းတော်များခြံရံလျှက် မြတ်စွာဘုရား
ကြွချီတော်မူလာပါတယ်။

  #မြတ်စွာဘုရားကို ဖူးတွေ့လိုက်ရတာနဲ့
ပန်းသည်ဟာ သဒ္ဓါတရားများ လွန်စွာ
ဖြစ်လာပြီး ""ငါဟာ  မြတ်စွာဘုရားအား
အဘယ်သို့သော ""အဓိကာရ""ကောင်းမှုကို
ပြုရအံ့နည်း၊ ဤငါ့လက်ဝယ်၌ရှိသော မြတ်
လေးပန်းတို့ဖြင့် မြတ်စွာဘုရားအား ပူဇော်
ပါအံ့၊ ဤပန်းတို့ကို ဘုရင်အားမဆက်သ
သည့်အတွက် ဘုရင်သည်ငါ့ကို သတ်လိုက
သတ်ပါစေ၊ နှောင်ဖွဲ့လိုမှုလည်းပြုစေ၊ တိုင်း
ပြည်က နှင်ထုတ်လိုကလည်း နှင်ထုတ်စေ၊
မြတ်စွာဘုရားကို ပန်းလှူခြင်းကုသိုလ်က
သာ ငါ့အတွက်  များစွာသော ကမ္ဘာအကုဋေ
တို့၌ ချမ်းသာစီးပွားကို ဧကန်စွမ်းဆောင်ပေး
လိမ့်မည်""လို့ သဒ္ဓါစွမ်းအား ကြီးမားစွာဖြင့်
လက်ထဲမှာ ရှိနေတဲ့ မြတ်လေးပန်းတို့ကို
စင်ကြယ်ကြည်ဖြူစွာ ပေးလှူပါတော့တယ်။

  #ပန်းသည်ဟာ  ရဲရဲတောက်ကြံစည်မှုဖြင့်
မိမိရဲ့အသက်ကို မြတ်စွာဘုရားအား စွန့်လှူ
လိုက်ပါတယ်။ တဆက်တည်း မြတ်လေးပန်း
တို့ကို မြတ်စွာဘုရားအား လှူဒါန်းပူဇော်
ပါတော့တယ်။

  #ပန်းသည်ပေးလှူလိုက်တဲ့ မြတ်လေးပန်း
တို့ဟာ ပထမပေးလှူလိုက်တဲ့ ပန်းနှစ်ဆုတ်
က ဘုရားရဲ့ အထက်ဘက်မှာ ပန်းမျက်နှာ
ကြက်သဖွယ်၊ ဒုတိယပေးလှူလိုက်တဲ့ ပန်း
နှစ်ဆုတ်က ဘုရားရဲ့ လက်ယာဘက် လက်
တော်နားမှာ ပန်းကန့်လန့်ကာသဖွယ်၊
နောက်ပန်းနှစ်ဆုတ်က ကျောဘက်မှာ ပန်း
ကန့်လန့်ကာသဖွယ်၊ နောက်ဆုံးနှစ်ဆုတ်က
ဘုရားရဲ့ လက်ဝဲတော် လက်နားမှာ ပန်းကန့်
လန့်ကာသဖွယ် အသီးသီးတို့ဟာ ဘုရားကြွချီရာ
သို့ ငွေထည်ဝတ်လွှာနဲ့  ဝန်းရံအပ်သကဲ့သို့
မြတ်လေးပန်းတို့က ဝန်းရံပေးပါတယ်။

  #မြတ်စွာဘုရားရပ်တော်မူတဲ့အခါမှာ ပန်း
ကန့်လန့်ကာတို့ဟာလည်း ရပ်တန့်ကြတယ်။
ရာဇဂြိုလ်တစ်မြို့လုံး အုန်းအုန်းကြွက်မျှ
ရင်သပ်ရှုမော  အံ့သြချီးမွမ်း၍ မဆုံး ဖြစ်ကုန်
ကြပါတယ်။

  #မြို့တွင်း မြို့ပြင်  (၁၈) ကုဋေသော လူအပေါင်း
တို့ဟာ  ဆွမ်းအုပ်ကိုယ်စီ ကိုင်လျှက် မြတ်စွာ
ဘုရားနဲ့ ရဟန်းတော်အပေါင်းတို့အား ဖူးမျှော်
ကြည်ညိုမဆုံး ဆွမ်းလောင်းလှူကြပါတယ်။

  #မြတ်စွာဘုရားက ပန်းသည်ရဲ့ ပန်းအလှူ
ဒါနကြီး အား ဂုဏ်ကျေးဇူးအထူးထင်ရှား
အောင် ပြုတော်မူခြင်းငှာ သုံးဂါဝုတ်ကျယ်
ဝန်းတဲ့ ရာဇဂြိုလ်မြို့တွင်းဝယ် လမ်းမကြီး
အစဉ်အတိုင်း ကြွချီတော်မူနေပါတယ်။
ပန်းသည်ကြီးမှာလည်း  ပီတိငါးဖြာပြည့်ဖြိုး
လျှက် ရှိနေပါတယ်။

  #ပန်းသည်ဟာ  ပန်းတစ်ပွင့်မျှ မပါတော့တဲ့
ခြင်းတောင်းကို စွဲကိုင်လျှက် အိမ်သို့ပြန်တဲ့
အခါ  အိမ်ရှင်မက""တော့ ပန်းကဘယ်မလဲ"
လို့မေးရှာတယ်။

  ""#ရှင်မငါဟာ ပန်းများကို မြတ်စွာဘုရား
ရှင်အားလှူဒါန်းခဲ့ပါပြီ""
 
   """#ဒါဆို    ဘုရင်မင်းမြတ်အား ဆက်သရန်
ပန်းက ဘယ်မတုန်း…"'လို့ အိမ်ရှင်မက စိုးရိမ်
ကြီးစွာနဲ့ မေးရှာပါတယ်။

  #ပန်းသည်က ""ဘုရင်ကြီးက ငါ့အား
သတ်လိုကသတ်ပါစေ  တိုင်းပြည်ကနှင်လိုက
နှင်ပါစေ  အချုပ်အနှောင်နဲ့ ထားလိုကထား
ပါစေတော့၊ ငါ သည်ကား အသက်ကိုစွန့်
လွှတ်လို့ ပန်းမြတ်တို့ကို ဘုရားရှင်အား
ပူဇော်ပေးလှူခဲ့ပေပြီ၊"" ပူဇော်အထူးအား
ဇနီးကို အကြောင်းစုံ အကျယ်ပြောပြလေ
တယ်။

  ""#အသင် ယခု ကြားနေရတဲ့ မြို့တွင်းက
အသံတွေဟာ လူအပေါင်းတို့က သာဓု
ခေါ်ဆိုနေကြတဲ့ အသံတွေသာဖြစ်တယ်""
လို့ ပြောပါတယ်။

  #အိမ်သူသက်ထား ဇနီးမိုက်က  ပန်းသည်
အား  ဆဲဆိုကြိမ်းမောင်းလျှက်""မင်းတို့မည်
သည်  ကြမ်းတမ်းလှ၏  အမျက်တော်ရှရင်
ကျမတို့ ဒုက္ခကြီးစွာဖြစ်ပေမယ်၊သင့်အပြု
အမူတွေဟာ ငါ့အားလည်း အကျိုးမဲ့ဖြစ်နိုင်
ရာ၏""လို့ မြည်တွန်ရေရွတ်လေတယ်။

  ""#လူမိုက်တို့ဟာ ဆင်းရဲခြင်း ချမ်းသာခြင်း
တို့အား တုန်လှုပ်ခြင်း  ပျော်ရွှင်ခြင်း အမှုကို
တစ်ဘဝစာမျှသာ တွေးဆတတ်ကြတယ်။

  #ပညာရှိသူတို့ကတော့  ဆင်းရဲ ချမ်းသာတို့ကို သံသရာအတွက်ကြည့်တတ်ကြပြီး
ကုသိုလ်အမှုကို ရဲရဲဝံ့ဝံ့ ပြုလုပ်တတ်ကြ
ပါတယ်လို့ ကိုယ်စီကိုယ်ငှ အသိရကြကာ
ကြိုးစားအားထုတ်နိုင်ကြပါစေဟူသော
စေတနာ…

မေတ္တာဖြင့်…
သတ္တဝါများစွာ  ဘေးရန်ကွာ
            ချမ်းသာကြပါစေ။

No comments:

Post a Comment