Sunday, December 30, 2018

ငြိမ်းချမ်းချင်ရင် အပြင်းအထန်လည်း အားမထုတ်ရ ဘူး အားမထုတ်ပဲလည်း မနေရဘူး

🔵 ငြိမ်းချမ်းချင်ရင် အပြင်းအထန်လည်း အားမထုတ်ရ
    ဘူး အားမထုတ်ပဲလည်း မနေရဘူး

📝 တစ်ခါက မြတ်စွာဘုရား သာဝတ္ထပြည် ဇေတဝန်
ကျောင်းမှာ သီတင်းသုံးနေတော်မူစဉ် တစ်နေ့မှာ ဗြဟ္မာ
တစ်ဦးက မြတ်စွာဘုရားထံရောက်လာပြီး သူ့ကိုယ်သူ
ငါဟာ မြတ်စွာဘုရား သြဃလေးပါးက လွတ်မြောက်
တာကိုသိတယ်။ ဒါပေမယ့် ဘယ်လိုလွတ်မြောက်
တယ်ဆိုတာကိုတော့ မသိဘူး။ ဒီတစ်ခုသာ ငါမသိတာ
ဖြစ်တယ်။ အဲဒါကြောင့် ဒီတစ်ခုကိုမေးဖို့ မြတ်စွာဘုရား
ထံ လာရောက်ပြီးလျှောက်ထားတယ်။

📝 ဒုက္ခခပ်သိမ်းငြိမ်းတော်မူပြီးသော မြတ်စွာဘုရား၊
အရှင်ဘုရားဝါ ဘယ်လို ကာမောဃ ဘဝေါဃ ဒိဋ္ဌောဃ အဝိဇ္ဇောဃ ဆိုတဲ့ သြဃလေးသွယ်မြစ်ပင်
လယ်ကို ကူးမြောက်တော်မူခဲ့ပါသလဲလို့ သံသယဖြစ်
နေတဲ့ အချက်ကို မေးလျှောက်ပါတယ်။

📝 ဒီတော့ မြတ်စွာဘုရားက ဒီဗြဟ္မက ငါဘုရားရဲ့
သြဃလေးပါးက လွတ်မြောက်ပုံတစ်စိတ်တစ့ဒေသ
ကိုသာ မသိတာဖြစ်တယ်။ သူကျန်တဲ့ အလုံးစုံသော
အခြင်းအရာတွေကို အကုန်သိသူဖြစ်တယ်လို့ သူ့
ကိုယ်သူ အလွန့်အလွန်အထင်ကြီးနေတယ်။ ဒီဗြဟ္မာရဲ့ စိတ်ထဲမှာ ကိန်းဝပ်နေတဲ့ သူ့ရဲ့မာန်မာနကို မချိုးဘဲ
ဒီဗြဟ္မာဟာ မဂ်ဖိုလ်ကို မရထိုက်ဘူးဆိုတာကို ဆင်ခြင်
စဉ်းစားတော်မူုပြီး နက်နဲပြီး လျှို့ဝှက်တဲ့ အဖြေစကားနဲ့
ဒါယကာ ဗြဟ္မာ ငါဘုရားဟာ ငြိမ်ငြိမ်ကလေးလည်း
မနေဘဲ လွန်စွာလည်း အားမထုတ်ဘဲ ကာမောဃ
ဘဝေါဃ ဒိဋ္ဌောဃ အဝိဇ္ဇောဃဆိုတဲ့ သြလေးသွယ်
မြစ်ပင်လယ်ရဲ့ တစ်ဖက်ကမ်းသို့ရောက်ခဲ့တယ်လို့ ဖြေ
ကြားတော်မူပါတယ်။ အဲဒီအခါ ဗြဟ္မာရဲ့ စိတ်ထဲမှာ
ပကတိမြစ်ပင်လယ်ကိုကူးတဲ့ ယောင်္ကျားဟာ ငြိမ်ငြိမ်
လေးနဲ့ကူးချင်ကူးရမယ် ( သို့ ) အားထုတ်ပြီးကူးချင်
ကူးရတယ်။ အခုတော့ ငြိမ်ငြိမ်ကလေးနေပြီးတော့
လည်း မကူးဘူး၊ အားထုတ်ပြီးတော့မကူးဘူးဆိုတော့။

📝 ဒီလိုဆိုရင် ဘယ်လိုနည်းတွေများရှိနေသေးပါလိမ့်။
အဲဒီနည်းကို မေးဦးမှပဲလို့ကြံပြီး သူ့မှာရှိတဲ့ ရှိရင်းစွဲ
မာနကိုချိုးနှိမ်ချပြီး ဒုက္ခခပ်သိမ်း ငြိမ်းတော်မူပြီးသော
မြတ်စွာဘုရား၊ ရှင်တော်ဘုရားဟာ အားထုတ်ခြင်း
လည်း မဟုတ်ဘဲ သြဃလေးသွယ် မြစ်ပင်လယ်ရဲ့
တစ်ဖက်ကမ်း ဘယ်လိုရောက်တော်မူခဲ့ပါသလဲလို့
မေးလျှောက်တယ်။ မြတ်စွာဘုရားက ငါဟာ ကာမသု
ခလ္လိကာနုယောဂလို့ခေါ်တဲ့ ကာမရာဂကို လိုက်စားပြီး
တည်ငြိမ်မနေလို့ သြဃလေးသွယ် မြစ်ပင်လယ်ထဲ
နစ်မွန်းခဲ့ဘူးတယ်။

📝 ဒီကာမသုခလ္လိကာနုယောဂအကျင့်နဲ့ အတ္တကိလ
မထာနုယောဂအကျင့်ဆိုတဲ့ အစွန်းနှစ်ပါးကို မလိုက်ဘဲ
မဇ္ဈိမပဋိပဒါ မဂ္ဂင်ရှစ်ပါး လမ်းမှန်ကိုထားပြီး ငါဘုရား
ဟာ တည်လည်း မတည်ငြိမ်ပဲ၊ အားလည်းမထုတ်ပဲ၊
သြဃလေးသွယ် မြစ်ပင်လယ်ရဲ့ တစ်ဖက်ကမ်းကို
ရောက်ခဲ့တယ်လို့ ဟောကြားတော်မူခဲ့ပါတယ်။ ငြိမ်း
ချမ်းချင်လျှင် အပြင်းအထန်လည်း အားမထုတ်ရဘူး။
အားမထုတ်ဘဲလည်း မနေရဘူး ဟူသည့် တရားကို
ဟောကြားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment