- ဘယ်လိုပြောရမလဲ
ဦးအောင်သောင်း က တောင်သာနယ်
ကျောက္ကာ ရွာသား စစ်အာဏာရှင် အစိုးရ
လက်ထက် မှာ အရေးပါအရာရောက်တဲ့သူ-
ဦးတင်မိုး က တောင်သာနယ် ကန်မြဲရွာသား
ရိုးရိုးသားသား ကဗျာစာပေ ရေးတဲ့
အညာသားစာရေးဆရာ~
ဦးခင်ညွန့် က စစ်ထောက်လှန်းရေး
စစ်အာဏာရှင် အစိုးရလက်ထက်မှာ
လျှမ်းလျှမ်းတောက် လက်သံပြောင်ခဲ့တဲ့သူ-
ကဲ ~
ဦးတင်မိုး က
၁၉၈၈ အရေးအခင်း ကာလအတွင်း မှာ
မစု့  မစု့ နဲ့  ဒေါ်အောင်ဆန်းစု့ ကြည် အနားမှာ
နေပြီးအရေးပါ အရာရောက်ခဲ့တဲ့သူ~
ဒီနေ့  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစု့ ကြည် ကိုယ်တိုင် မေးခွန်း
အထုတ်ခံရတဲ့ ကဗျာဆရာကြီး ဦးတင်မိုး
( ဆရာတို့ ကဗျာဆရာတွေ ဘာဖြစ်လို့ 
အကြောက်တရား ကင်းရတာလည်း ) တဲ့~
တကယ်လည်း ဟုတ်ပါတယ် အရေးအခင်းကာလတစ်လျှောက်လုံး ကဗျာဆရာတွေဟာ ကလောင်သွားတွေနဲ့  တိုက်ပွဲဝင်ခဲ့ကြတယ် ကလောင်နံမည်ကိုလည်း မကွယ်မဝှက်ဘဲ
ပေါ်တင်ရေးခဲ့ကြတယ် အဲဒီအထဲမှာ ဦးတင်မိုး ကထိပ်ဆုံးက ရဲရဲဝံဝံ ကဗျာဆရာ ဖြစ်ခဲ့တယ်~
ဟော -
ဦးအောင်သောင်း ဖင်ထိုင်ခုံ လှုပ်လာပြီ
စစ်အာဏာရှင် ခေါင်းဆောင်တွေက
တောင်သာနယ်သား အချင်းချင်း ထိမ်းကွပ်ခိုင်းခဲ့တယ်
သာမာန်ဝန်ကြီးတစ်ယောက်ကို ရဟတ်ယဉ် သုံးစွဲခွင့် ပေးလိုက်တယ်
တောင်သာနယ်ကို နှစ်ခြမ်းကွဲအောင်
ရဟတ်ယဉ်စီးပြပြီး ခွဲခြမ်း လိုက်တယ်
ဦးတင်မိုး နှင့်ပါတ်သက်ခဲ့သူ တောင်သာနယ်
သား မှန်သမျှ ခြိမ်းခြောက်လာခဲ့တယ်
နောက်ဆုံး ထိမ်းသိမ်းလိုက်ကြတယ်
အဲဒါက မရှောင်သာ တောင်သာ ဗျူဟာ လို့ ခေါ်သ တဲ့-
ဦးအောင်သောင်း အချက်ပြလိုက်တယ်
ဒါကို ဦးခင်ညွန့် က မီးစိမ်းပြရတယ်
အချက်အလက်တွေရှာတယ် နောက်ကြောင်းရာဇဝင်တွေ လိုက်ကြတယ်
စစ်ထောက်လှမ်းရေးတွေ ဟာ ဆရာကြီးရဲ့ ဇာတိ တောင်သာနယ် ကန်မြဲ ကျေးရွာအထိ
ရောက်လာပြီး မွှေနှောက်လာတယ်-
ဆရာကြီး ဦးတင်မိုး ကို ဖမ်းဆီးထိမ်းသိမ်းကြဖို့ စီစဉ်ကြတယ် ဒါကို ထောက်လှမ်းရေးတွေထဲက ဆရာကြီး ကိုလေးစားလွန်းလို့  တစ်နေရာကိုထွက်ပြေးတိမ်းရှောင်နေဘို့  သတင်းပေးကြတယ် ဒါပေမဲ့ ဆရာကြီးက လက်မခံခဲ့ဘူး
မင်းတို့ ဖမ်းချင်ဖမ်း သတ်ချင်လည်းသတ်ကြ ( အရေးတော်ပုံ မအောင်မချင်း လူထု့ 
ခေါင်ဆောင် မစု့ အနားက မခွာဘူးကွ ) လို့
ပြန်ပြော လိုက်သတဲ့~
အဲဒီလိုနဲ့  မမျှော်လင့်ဘဲ-
၁၉၉၀ နိုဝင်ဘာလ ( ၁၇ ) ရက်နေ့ မှာ
ဆရာကြီးသိပ်ချစ်တဲ့ ဆရာဇနီး ကွယ်လွန်သွားခဲ့ပါတယ် မိသားစု့  သောကအပူမီး တောက်
လောင်နေကြတယ်
သားသမီးတွေက နေ့ စဉ်နှင့်အမျှ အမေ ကိုသတိယလွန်းလို့  ပူဆွေးငိုကြွေးကြတယ်
ဒါကို ဆရာကြီးက ငိုကြွေး ပူဆွေးနေတဲ့ သားသမီးတွေကို အငိုတိတ်အောင် ပြောဆိုလိုက်
တာက~
- ( အမေ ကို ပူလောင်ခြင်းနှင့် သတိမရကြပါနဲ့  အေးမြခြင်း ကြည်ညိုခြင်း နဲ့ သာ သတိယကြပါ ) တဲ့~~
တစ်အိမ်လုံး အငိုတွေတိတ်ဆိတ် သွားစေတယ်
အမေ မရှိတောပေမဲ့ အဖေလည်းအမေ အမေလည်း အဖေ ဆိုတဲ့စိတ်နဲ့  ကျန်ခဲ့တဲ့ အဖေ ကို သားသမီးတွေ ပြု့ စု့ စောက်ရှောကခဲ့ကြပါတယ်~
ဒါပေမဲ့ ဗျာ
အကွက်ကျကျ ချောင်းမြောင်းနေတဲ့
စစ်ထောက်လှမ်းရေးတွေဟာ ဗိုလ်ခင်ညွန့် 
အမိန့် နဲ့ ၁၉၉၁ ဒီဇင်္ဘာလ ( ၁၁ ) ရက်နေ့ 
မှာ ဆရာကြီး ဦးတင်မိုး ကို ဖမ်းဆီးလိုက်ကြ
တယ်
မိသားစု့ တစ်ခု့ လုံးကို ထိမ်းချုပ်ပြီး ဆရာကြီး ဦးတင်မိုး နှင့်ပါတ်သက်သမျှ ပိုင်ဆိုင်သမျှ
စာရွက်စာတမ်း စာအုပ် ဓါတ်ပုံ မှတ်တမ်း
စာရေးနေတဲ့ ဖေါင်တိန် မှင်အိုးပါမချန် အကုန် သိမ်းဆည်းသွားခဲ့တယ်~
ရက်စက်ကြတယ် နှိပ်စက်ကြတယ်
အဲဒီအချိန်တုန်းက
ဦးခင်ညွန့်  ရယ်နိုင်ခဲ့တယ်
ဦးအောင်သောင်း ပျော်နိုင်ခဲ့တယ်
သြော်
ဆရာကြီးဦးတင်မိုး ကတော စစ်ကြောရေး
အခန်းထဲမှာ သူတို့  မဲဆွယ်ခဲ့တဲ့ စကားလုံး
တွေကို ခါးခါးသီးသီး ငြင်းဆန်ခဲ့တယ်~
၁ - ဒေါ်အောင်ဆန်းစု့ ကြည် နဲ့  လုံးဝ
အဆက်အသွယ်မလုပ်ရ
၂ - ကဗျာ ဆောင်းပါး နှင့် စာရေးခြင်းအလုပ် လုံးဝ မလုပ်ရ
၃ - ပြည်ပ ထွက်ခွာခွင့် ပေးမည် မြန်မာပြည်
ပြန်မလာရ
၎ - မြန်မာပြည်မှာ ဘဲ အေးအေးချမ်းချမ်း
နေမလား လက်မှတ်ထိုး ကတိပေးရမည်
၅ - ဘာလိုချင်သလဲ လိုချင်ရာကို ပြောပါ
ဒါပေမဲ့ စာမရေးရ နိုင်ငံရေး မလုပ်ရ
ဆရာကြီး ဦးတင်မိုး ဟာ ခါးခါးသီးသီး ခေါင်းခါခဲ့ပါတယ်~
အသားအနာခံ၍ ထောင်နန်းစံခဲ့ပါတော့တယ်~
ခု့ တော့ -
ဆရာကြီးဟာ ဆေးလိပ်လည်း တို နေလည်းညို ပြီ ငါ ကိုပြန်ပို့ ကြ လို့  ကဗျာရေးရင်း သိက္ဓာရှိရှိ အဓိပ္ပါယ်ရှိရှိ ကြားရသူ လူသူအပေါင်း
နှမျှောတသစွာဖြင့် နိုင်ငံရပ်ခြားမှာ ကွယ်လွန်
သွားခဲ့ရပါတယ်~~~
ဦးအောင်သောင်း လည်း သေသွားပါပြီ-
နောက် ဦးခင်ညွန့် ကတော့  အရှင်လတ်လတ် တံတွေးခွက်ထဲ မျှောနေလျှက်ပေါ့-😒
မောင်ကျော်အောင် - ကန်မြဲ
#KKL.
sh cd-U Thar Gye.
No comments:
Post a Comment