Sunday, December 16, 2018

၂၁ရာစု၏ အကြီးကျယ်​ဆုံး​သော တရားပြဆရာ​တော်

၂၁ရာစု၏ အကြီးကျယ်​ဆုံး​သော တရားပြဆရာ​တော်
                       (သို့မဟုတ်​)
အကျွန်ုပ်​၏ အကြီးမားဆုံး ​ကျေးဇူး​တော်​ရှင်
******************************************

ဆရာ​တော်​သာ မထွန်း​ပေါ်လာဘူးဆိုရင်
အကျွန်ုပ်​သည်​လည်း သာသနာ​တော်သို့ 
ရောက်​ရှိလာမည်​ မဟုတ်​ပါ။
ဆရာ​တော်​၏ကြီးကျယ်​မြင့်​မား​သော
သီလဂုဏ်​၊သမာဓိဂုဏ်​၊ပညာဂုဏ်​တို့ဖြင့်
မေတ္တာကရုဏာ​ရှေးထားပြီး
ဟောကြား ​ရေးသားထား​သော
*စိတ်​ဓာတ်​ပြုပြင်​ ​ပြောင်းလဲ​ရေး.တရား​ဒေသနာ​တော်*
၏ အစွမ်းသတ္တိ​ကြောင့်​ သံ​ဝေဂကြီးမားစွာ ဖြစ်​​ပေါ်လာပြီး
သံသရာကြီးကို စက်​ဆုပ်​ရွံရှာမိကာ
ထိုသံသရာကြီးမှ အမြန်​ဆုံး.လွတ်​​မြောက်​နိုင်​ရန်
သာသနာ​တော်​၌ အသက်​ထက်​ဆုံး​နေထိုင်​ဖို့
ရဲရဲဝံ့ဝံ့ ဆုံးဖြတ်​ချက်​ ချနိုင်​ခဲ့ပါသည်​။
               
ထိုမှတဆင့်​ ဆရာ​တော်​ကြီး၏ ​ခြေ​တော်​ရင်းရှိရာ
ဖားအောက်​​တောရသို့ အ​ဖော်​မပါ ​ခြေဗလာနှင့်
အသပြာ​ငွေ​ကြေးကင်းရှင်းစွာဖြင့်
အ​ပြေး ခိုလှုံ ​နေမိပါ​တော့သည်​။

ထိုသို့​နေစဉ်​ ဆရာ​တော်​ကြီး၏
*သာပတ္တိကဿ ဘိက္ခ​ဝေ နိရယံဝါ
ဝဒါမိ တိရစ္ဆာန​ယောနိံ ဝါ*
အာပတ်​တန်းလန်းနှင့်​ ​သေ​သောသူအား
ငရဲ သို့မဟုတ်​ တိရစ္ဆာန်​ဘဝတခုခုသို့ ​ရောက်​ရမည်
အစရှိ​သော​ဒေသနာ၊
မိမိကိုယ်​ကို တကယ်​ချစ်​တယ်​ဆိုရင်
ဒီသီလ​လေးကို ဖြူဖြူစင်​စင်​ မ​စောင့်​ထိန်းသင့်​ဘူလား
အစရှိ​သော သီလနှင့်​ ပတ်သက်​၍
ဆိုဆုံးမ စကားများကို မကြာခဏ ကြားနာခဲ့ရ၍
သီလနှင့်​ပတ်သက်​၍ ဖြူစင်​ခွင့်​ ရရှိခဲ့ပါသည်​။

နောက်​တစ်​ခုက
မဂ္ဂင်​ရှစ်​ပါးထဲ၌ သမ္မာသမာဓိမဂ္ဂင်​ မပါဘူးလား။
ပါပါတယ်​။
ဒီလိုဆို သမထသမာဓိ​တွေဟာ
သာသနာပတရား​တွေလို့
ပြောလို့ရပါမလား။
သမ္မာသမာဓိဆိုတာ ဥပစာရသမာဓိနှင့်​ တကွ
ရူပဈာန်၊အရူပဈာန်ဟုဆိုအပ်​​သော
သမာပါတ်​ရှစ်​ပါးကို ​ခေါ်ပါတယ်

ဘုရားရှင်​က
*သမာဓိံ ဘိက္ခ​ဝေ ဘာ​ဝေထ၊ သမာဟိ​တော ဘိက္ခ​ဝေ
ဘိက္ခု ယထာဘူတံ ပဇာနာတိ၊
ချစ်​သားတို့ သမာဓိကို ပွားများ​ကြပါကုန်​​လော့၊
သမာဓိရှိသူသာလျှင်
သစ္စာ​လေးပါးကို ဟုတ်​တိုင်းမှန်​စွာသိမြင်​နိုင်​မည်​*
အစရှိ​သော သမာဓိအ​ရေးကြီးပုံနှင့်​ စပ်​​သော
အဆုံးအမများကို နားကြားရပြန်​​၏။

ထိုသို့ နာကြားရပြန်​​သော​ကြောင့်​လည်း
ယ​နေ့​ခေတ်​၌ သမထသာသနာပတရားများကို
မရှု့နဲ့၊ ရူးတတ်တယ်၊
ဘုရားသာသနာနှင့်​ကြုံတုန်း ​​ဝိပဿနာကိုသာရှု့လို့
သမာဓိတရားကို ကဲ့ရဲ့ပြီး ​ပြောဆိုတတ်​​သော
စိတ်​ကူးယဉ်ဝိပဿနာသမားများ၏ စကားများကို
ကျော်​လွှားနိုင်​ခဲ့ပြီး ဗုဒ္ဓအလိုကျ သမာဓိကျင့်​စဉ်​ကို
ကျင့်​ကြံခွင့်​ ရရှိခဲ့ပါသည်​။

ဆက်​လက်​၍
တစ်​စက္ကန့်​မှာ ကု​ဋေတသိန်း​ကျော်​ဖြစ်​ပျက်​​နေသည့်
နာမ်​ဝီထိများကို ဘယ်​လိုလုပ်​ ရှု့လို့ရနိုင်​မလဲ၊
အဝိနိ​ဗ္ဘောဂရုပ်​အစရှိ​သော
ရုပ်​ကလာပ်​များကို ဘယ်​လိုရှု့လို့ရမှာလဲ၊
အတိတ်​၊အနာဂတ်​ ဘယ်​လိုရှု့လို့ရမှာလဲ၊
ပဋိစ္စသမုပ္ပါဒ်​ ဘယ်​လို့ရှု့လို့ရမှာလဲ အစရှိသည်​ဖြင့်
ပြောဆို ကဲ့ရဲ့​နေကြသည့်​ ကြားထဲက
ပြည်​တွင်း​ပြည်​ပမှ ရဟန်းရှင်​လူပရိသတ်​များကို
စာ​ပေကျမ်းဂန်​နှင့်​အညီ လက်​​တွေ့ ​အောင်​မြင်​​အောင်
တရား​ဟော တရားပြနိုင်​​သော စွမ်းအင်​သတ္တိများကို
ကိုယ်​တိုင်​ ကြုံ​တွေ့ ခဲ့ရပါသည်​။

ထို​ကြောင့်
၂၁ရာစု၌ ဗုဒ္ဓ၏ စာ​ပေပိဋကတ်​ကျမ်းဂန်​နှင့်​အညီ
သီလ၊သမာဓိ၊ပညာကျင့်​စဉ်​တို့ကို
အပြည့်​စုံဆုံး ပြသနိုင်​​သော
အကြီးကျယ်ဆုံး​​သော ​တရားပြဆရာ​တော်​ကို
ဓမ္မမိတ်​​ဆွေများ ပြသပါလို့ ​ပြောဆို​မေးမြန်​လာခဲ့ရင်

ထိုဆရာ​တော်​သည်​ကား
အကျွန်ုပ်​ဘဝ၏ အကြီးမားဆုံး​သော ​ကျေးဇူး​တော်​ရှင်
 ဖား​အောက်​​တောရဆရာ​တော်​ကြီးပင်​ ဖြစ်​ပါတယ်​လို့
ရဲရဲဝံ့ဝံ့ ​ပြောဆိုလိုက်​ရပါ​တော့သည်​။
                            
ရွှင်​လန်းချမ်း​မြေ့ကြပါ​စေ
ဆရာ​တော်​ကြီး၏ အညတရ တပည့်​တစ်​ဦး

No comments:

Post a Comment