🔺❝ အမွဲ (၃) မျိုး ❞
✧ ယောဆရာတော်ဘုရားကြီးက
စာဝါပို့ချရင်းပေးသော အဆုံးအမသြဝါဒလေး
၁။ အရှိမွဲတာရယ်
၂။ အသိမွဲတာရယ်
၃။ အကျင့်မွဲတာရယ်လို့ အမွဲသုံးမျိုးရှိတယ်
မြန်မာပြည်ကို မွဲတယ်လို့ပြောနေကြတဲ့
လူတွေကိုက ကိုယ်ကိုယ်တိုင်က သုံးမျိုးလုံးမွဲ -
နေကြတာဗျ သုံးမျိုးလုံးမွဲနေကြတာဘဲ •••
► အရှိလို့ခေါ်တဲ့ ပထမ သုတအရှိမွဲတယ် -
► စိတ်ကောင်း စေတနာကောင်းတွေမွဲတယ် -
► ဓမ္မ သုတအသိတွေမွဲတယ် -
ကိုယ့်ပိုက်ဆံ တန်ဘိုးရှိအောင်
အကျိုးရှိအောင် ကုသိုလ်ရအောင်
အသုံးချနည်းလေးကိုမသိမရှိတာ •••
ကိုယ်စားနေတဲ့ ထမင်း
ကုသိုလ်ရအောင်ဘယ်လိုစားရမလဲဆိုတဲ့
အသိလေးကိုမရှိကြတာ •••
ကိုယ့်မှာရှိတဲ့အသိလေးက
လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာအထိ
ရောက်အောင် စွမ်းဆောင်နိုင်တယ်ဆိုတဲ့
အသိလဲမရှိကြဘူး •••
``လူအားလုံးက အဲလိုတရားအရှိတွေမွဲနေကြတာ´´
➖➖➖
နောက်တစ်ခု အသိမွဲတယ်။
အထူးအားဖြင့်
သူတို့လက်လှမ်းမမှီတာက
"ကိလေသာဗျ ကိလေသာ"
မြန်မာကိုမွဲနေတယ်လို့
ပြောနေကြတဲ့ လူတွေကိုက မွဲနေကြတာ •••
``အသိမွဲနေကြတာ´´
ကိလေသာကကွာ •••
မျက်စိနဲ့ကြည့်လည်း မမြင်ရပါဘူး၊
လက်နဲ့ထိကြည့် တို့ကြည့်တော့လည်း
ဘာမှမတွေ့ပါဘူး၊
စက်ကိရိယာတွေနဲ့ စမ်းသပ်ကြည့်တော့လည်း
ဘာမှပေါ်မလာပါဘူး
"ဘာနဲ့စမ်းစမ်း မတွေ့ပါဘူး"
အမှန်တကယ်မရှိလို့နေမှာပါ၊
အဲလိုအသိမရှိကြလို့ပေါ့
"ငါစိတ်ဆင်းရဲရတာ သူ့ကြောင့်."
"ငါဒုက္ခရောက်ရတာလည်း သူ့ကြောင့်"
ချမယ် ရိုက်မယ် သတ်မယ် ဖြတ်မယ်နဲ့ စိတ်တွေ
ဆင်းရဲရတာ၊ တရားခံအစစ်ကို မရှာနိုင်ဘူး •••
``အဲဒါအသိမွဲတာ´´
" စိတ်ဆင်းရဲရတာ သူ့ကြောင့်"
"ပြဿနာဖြစ်ရတာ သူ့ကြောင့်"ဘာရမလဲကွ
ချမယ် နှက်မယ် ဖြုတ်မယ် ပယ်မယ်
ဒါတွေဟာ အထူးသဖြင့်
ကိလေသာလက်လှမ်းမမှီတာ အသိမွဲတယ်။
မြတ်စွာဘုရား အဆုံးအမသာသနာရှိရဲ့သားနဲ့
"ဟဲ့ အဲဒါ လောဘလက်ချက်"
"ဒါ ကိလေသာရဲ့လက်ချက်"
"သိက္ခာ သုံးပါးရှိတယ်ကွ"အဲဒီလိုမသိကြလို့
ဆင်းရဲ ဒုက္ခတွေရောက်နေကြတာပါ
``သူတို့က အသိမွဲတယ်ဗျ´´
➖➖➖
အသိမွဲတော့ "အကျင့်"လဲမွဲပြီပေါ့
သီလ သမာဓိ ပညာဆိုတဲ့ သိက္ခာသုံးပါးရှိတယ်
ဆိုတာကို မသိကြတာ၊ ဒုက္ခ ကိလေသာအဆိုးတရား
တွေကို နိုင်အောင်ကျင့်ဖို့ အကျင့်လည်းမွဲတယ်၊
တကယ့်စိတ်ချမ်းသာအောင် စွမ်းဆောင်နိုင်နိုင်တဲ့
သမာဓိ ဝိပဿနာ ဘာဝနာအကျင့်လည်းမွဲတယ်၊
``အမွဲ သုံးမျိုးသူတို့လည်းမွဲတာဘဲကွ သိလား´´
➖➖➖
※ မြန်မာလူမျိုးတွေလည်း
ဗုဒ္ဓဘာသာလို့အမည်ခံထားပြီး
အမွဲတွေအများကြီးရှိကြတာဘဲကွဲ့၊
"တရားနာရမှာ ပျင်းတယ်"
"တရားပွဲသွားရမှာ ပျင်းတယ်"
"စာဖတ်ရမှာ ပျင်းတယ်"
"တရားထိုင်ရမှာ ပျင်းတယ်"
လုပ်ပါ တရားစာလေးဖတ်ပါ၊
စာအုပ်လေးက သေးသေးလေးပါ၊
အလကားနေမည့်အတူတူ စာဖတ်စမ်းပါ၊
ခရီးသွားတဲ့အခါ ကားစီးရင်းလည်းဖတ်လို့ရပါတယ်၊
ဖတ်စမ်းပါလို့ ဘယ်လောက်ပြောပြော
စာကြတော့ မဖတ်ချင်ကြပါဘူး •••
※ ဟော -
ဖုန်းကျတော့ပွတ်ကြပါတယ်ဗျာ၊
ပွတ်ကြပါတယ်၊တစ်ခါတည်း ဖုန်းနဲ့ဘဲ
အချိန်တွေကုန် မပြီးနိုင်ဘူး ဟိုဟာလည်းကြည့်
ဒီဟာလည်းကြည့် •••
ဟိုဟာနားထောင် ဒီဟာနားထောင်နဲ့
မစီမဆိုင် အချိန်တွေ အလဟဿကုန်နေတာ •••
► "ဗုဒ္ဓဘာသာဆိုတဲ့ စကားလုံးလေးကို
ချတွေကိုက် ကြွက်တွေကိုက်ကုန်ပြီဗျ"
ဒါကတော့ တို့ဗုဒ္ဓဘာသာတွေကိုလည်း ဖြေးဖြေးနဲ့
အကျင့်တွေပျက်သွားကြတော့တာပေါ့ဗျ နော်
" စိတ်ကို ပြည့်ပြည့်ဝဝ ချမ်းသာအောင်
ပေးစွမ်းနိုင်တဲ့ ရတနာသိုက် ရတနာကြောကြီး
တို့မြန်မာပြည်မှာ ရှိနေတာဘဲဗျ"
🔺 ကဲ - အမွဲ(၃)မျိုးကလွတ်အောင် ကြိုးစားကြပါ။
✍ ၁၃၈၀-ပြည့်နှစ်
သီတင်းကျွတ်လ္ဆန်း(၂)ရက်
❁ အပ္ပမာဒေန သမ္မာဒေထ ✍
❀ရွှင်လန်း❀ချမ်းမြေ့❀ပါစေ❀
No comments:
Post a Comment