""" ဈာန် ဆို သည် မှာ """
***************
တရားချစ်ခင်သူတော်စင်အပေါင်းတို့~
တချို့က ဈာန်ရတာနဲ့ ဈာန်ပျံတယ်လို့
ထင်မှတ်ကြတယ်။ ဈာန်ပျံတယ်ဆိုတာ
ဈာန်က ပျံတာမဟုတ်ဘူး။
""ဈာန်""ဆိုတာ နှစ်မျိုးရှိတယ်။လောင်
ကျွမ်းတယ်ဆိုတာကတစ်ခု၊ အာရုံပေါ်မှာ
စူးစိုက်ပြီး ကပ်ပြီးရှုနေတာကတစ်ခုပေါ့။
ပထမဈာန်ရလာပြီဆိုတာနှင့်တစ်ပြိုင်
နက် စိတ်ရဲ့အညစ်အကြေးဖြစ်တဲ့
နီဝရဏတရားတွေကို လောင်ပစ်လိုက်
တာ မရှိတော့ဘူး။
မီးဆိုတဲ့အရာက အရာဝတ္ထုတစ်ခုကို
လောင်သွားလို့ အကြွင်းအကျန်မရှိတော့
သလိုမျိုးကိုပြောတာပါ။
ဒီသဘာဝတရားတွေက ကာမတဏှာ
တွေကို လောင်ပစ်တယ်ဆိုတာ ဖျက်ဆီး
ပစ်လိုက်တာပါ။
နိမိတ်အာရုံလေးပေါ်မှာ စိတ်ကလေးက
စူးစိုက်ပြီး ကြည့်နေတာ ရှုနေတာကို
""ဈာန်""လို့ခေါ်တာဖြစ်တယ်။
ဈာန်ဆိုတာကို""အာရုံပေါ်မှာစိတ်ကူး
နေတာ၊ ကြံစည်နေတာ၊ နှစ်ခြိုက်နေတာ
ချမ်းမြေ့နေတာ၊ တည်ငြိမ်နေတာ""ဆိုတဲ့
စိတ်ရဲ့စွမ်းအား ငါးမျိုးနဲ့ ဖွဲ့စည်းထားတာ
ကို ဈာန်လို့ခေါ်ဆိုပါတယ်။
""ဒုတိယဈာန်"" ဆိုသည်မှာ~~~
""ဝိတက်""ဆိုတာကို ကျော်လွှားလိုက်
တာပါ။ စိတ်ကူးနေစရာမလိုတော့ဘူး။
သမာဓိစွမ်းအားကို မြှင့်လိုက်တာနဲ့တစ်
ြီပိုက်နက် စိတ်ကူး/ကြံစည်နေတာတွေ
မပါတော့ဘူး။
နိမိတ်အာရုံလေးပေါ်မှာ နှစ်ခြိုက်နေ
တယ် ချမ်းမြေ့နေတယ် တည်ငြိမ်နေ
တယ်ပေါ့။ ဒီ သုံးမျိုးနဲ့ နေတာကိုပဲ
""ဒုတိယဈာန်""လို့ခေါ်ဆိုတာဖြစ်တယ်။
***တတိယဈာန်** ဆိုသည်မှာ~~
နှစ်ခြိုက်နေခြင်းဆိုတဲ့ထဲမှာက စိတ်ရဲ့
လှုပ်ရှားမှုသဘောတွေ တွေ့လာလို့
ဒါကို အပြစ်မြင်လာပြီး နှစ်ခြိုက်မှုကို
ဖယ်ရှားပစ်လိုက်ပြန်တယ်။ ကိုယ်ရော
စိတ်ပါ ချမ်းမြေ့နေတယ် တည်ငြိမ်နေ
တယ် ဒီနှစ်ခုထဲနဲ့ရှုနေတာကိုတော့
""တတိယဈာန်""လို့ခေါ်ဆိုပါတယ်။
***စတုတ္ထ ဈာန်***ဆိုသည်မှာ~~
ကိုယ်ရော စိတ်ရော သိမ့်သိမ့်နှင့် ချမ်းမြေ့
နေတဲ့ သဘာဝကို မလိုချင်တော့ဘူး၊
စိတ်ရဲ့လှုပ်ရှားမှုတွေ ခံစားမှုတွေ ဘာမှ
မလိုချင်တော့ဘူး ဆိုပြီး သုခကိုပါ ဖယ်
ရှားပစ်လိုက်တဲ့အခါ လှုပ်ရှားမှုတွေ
မရှိတော့ဘဲ""တည်ငြိမ်နေတဲ့ ဥပေက္ခာနဲ့
သမာဓိစွမ်းအား"" နှစ်ခုတည်းရှုနေတာ
ကို ""စတုတ္ထဈာန်""လို့ခေါ်ဆိုတာဖြစ်ပါ
တယ်။
*ပါချုပ်ဆရာတော်ဘုရားကြီးအား
ဦးခိုက်ပူဇော်လျှက်**
No comments:
Post a Comment