#မီးလောင်ခံနေရတာမသိရင်ဒုက္ခရောက်မှာပါ""
တရားချစ်ခင်သူတော်စင်အပေါင်းတို့~
မလှတာကို လှတယ်လို့ တွေးတယ်၊
နှစ်သက်တွယ်တာစရာ မဟုတ်တာကို
နှစ်သက်တွယ်တာနေချင်တဲ့ အတွေးတွေ
ဟာ ကိုယ့်ကိုယ်ကို မီးလောင်ခံနေရတာ
ပါ။
ကိလေသာမီး လောင်မြိုက်ခံနေရတာကို
ကိုယ်တိုင် မသိနိုင်ဘူးဆိုရင် နောက်ဆုံး
ဒုက္ခရောက်သွားနိုင်ပါတယ်။
မြတ်စွာဘုရားလက်ထက်အခါက"ဝင်္ဂီသ
ရဟန်း""ဆွမ်းခံကြွရင်း ဆွမ်းလောင်းတဲ့
အမျိုးသမီးငယ်ကို မြင်တွေ့သွားတယ်ပေါ့။
အမျိုးသမီးကို လှတယ်လို့ စိတ်မှာတွေး
မိပြီး တွယ်တာစိတ်ဖြစ်သွားပါတယ်။
ဒါဟာ လိုချင်တဲ့ လောဘအတွေးနဲ့ တွေး
မိလို့ ရဟန်းလေးရဲ့ ရင်ထဲမှာ ကိလေသာ
မီး လောင်မြိုက်ခံရပြီပေါ့။
နေ့စဉ် ဆွမ်းခံပေမယ့် အမျိုးသမီးကို
မြင်ချင်တဲ့စိတ်နဲ့ သွားနေတယ်ပေါ့။
ရလာတဲ့ ဆွမ်းကို စားချင်စိတ်မရှိ၊ အသွား
အလာ တွေမှာ ပျော်ရွှင်မှုမရှိ၊ ညအခါမှာ
လည်း အိပ်လို့မပျော် ဆိုတော့ ကျန်းမာ
ရေးပါ ထိခိုက်နေတယ်ပေါ့။
ဒီကိစ္စကို ရှင်အာနန္ဒာအား လျှောက်တင်
တဲ့အခါ ""ငါ့ရှင် မင်းရင်ထဲမှာ ရာဂမီးတွေ
လောင်နေတာ၊ မီးလောင်ခံနေရတာကို
မင်းကိုယ်တိုင်မသိရင် ဒုက္ခရောက်တော့
မှာ""ဖြစ်တယ်။
ငါ့ရှင်ဟာ မလှတဲ့အရာကို လှတယ်လို့
အတွေးနဲ့ အမှတ်မှားကာ တွယ်တာမိခြင်း
ကြောင့် ရင်ထဲ မီးလောင်ခံနေရတာပါတဲ့""
""သညာယ ဝိပရိယေသာ၊
စိတံ္တ တေ ပရိဒယှတိ""တဲ့။ မင်းရင်ထဲ
မီးလောင်ခံနေရတာဟာ မင်းရဲ့အတွေး
မှား""နေလို့ ဖြစ်တာတဲ့။
လူ့ရဲ့ခန္ဓာကိုယ်ဟာ အဘယ်မျှရွံစရာ
ကောင်းတယ်ဆိုတာကို""ကိုယ့်သန္တာန်မှာ""
မြင်အောင်ကြည့်ပါတဲ့။ သူများခန္ဓာကိုယ်
ကို ကြည့်ရင် အမှန်မသိနိုင်ပါဘူး။
မနက်မိုးလင်းချိန်မှာ ""ရေအိမ်သွား၊
သွားတိုက် မျက်နှာသစ် ရေချိုး""စသဖြင့်
ပြုစုနေပေမယ့် ကိုယ့်ခန္ဓာက ထွက်သမျှ
ဟာ ""အညစ်အကြေး""တွေချည်းပဲ။
နှစ်သက်တွယ်တာစရာ သိမ်းဆည်းထား
စရာ ဘာတစ်ခုမှ ထွက်လာတာမရှိပါဘူး။
အသုဘကမ္မဋ္ဌာန်းဆိုတာ မတင့်တယ်
မှုကို စဉ်းစားရှုမှတ်ရတာကို ပြောတာပါ။
အစားအစာတစ်ခုကို ကိုယ်က ဝါးပြီး
ကိုယ်ချစ်တဲ့သူကို ကြွေးကြည့်လေ ၊
ဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော
ကိုယ့်ပါးစပ်ထဲကဟာ ကို မစားချင်ဘူး။
ရွံရှာတယ်ပေါ့။
ဒါ့ကြောင့် အပေါ်ယံ အရေးပြားအလှက
ဝမ်းထဲအထိမလှနိုင်တာ သေချာသွားပြီ။
လှလို့ ချစ်တာ အမှတ်မှားကြီးပါ။
ထင်ရှားတဲ့ ဥပမာတစ်ခုပြပါဆိုရင်~
ကိုယ့်ပါးစပ်ထဲက တံတွေးတွေကို ကိုယ့်
ပါးစပ်ထဲမှာတော့ မျိုချနေကြတာပဲ။ဘယ်
သူမှ ရွံစရာလို့ မတွေးမိပါဘူး။
ဒီ တံတွေးကိုပဲ ထွေးခံထဲ ထွေးချပြီး
ကိုယ်တိုင်ပြန်သောက်ကြည့်ပါဆိုရင်
ဘယ်သူ သောက်ဝံ့ပါ့မလဲ။ စိတ်ထဲ ရွံစရာ
လို့ မှတ်ထင်တယ်လေ။
ဒါ့ကြောင့် အလှအပဆိုတာ အရေပြား
မှာပဲရှိနေတာ။ ဝမ်းထဲအထိမလှနိုင်ကြ
ပါဘူး။ ကိုယ်ကိုယ်တိုင်သာဖြစ်တယ်။
ခေါင်းပေါ်က ဆံပင်လေးဆိုရင် လျှော်
တယ် အရောင်အမျိုးမျိုးဆိုးတယ်၊ ဆီလိမ်းပေးပြီး တသသနဲ့ ယုယနေကြ
တယ်ပေါ့။ အဲဒီ ဆံပင်တစ်ပင်သာ အစား
အသောက်ထဲတွေ့ရရင် ရွံလို့ မဆုံး ဖြစ်ကြ
တယ်မို့လား။
အမျိုးသမီးတွေဆိုရင် ခြေသည်း လက်
သည်းတွေကို အရှည်ထားပြီး အရောင်
မျိုးစုံ ပန်းပွင့်မျိုးစုံနဲ့ ချယ်သကြတယ်ပေါ့။
ဒီလို ယုယလာတဲ့ ခြေသည်း လက်သည်း
တွေ ရှည်လာရင် ညှပ်ထုတ်ပစ်ကြတယ်။
ဘယ်သူမှ အမှတ်တယ သိမ်းဆည်း
မထားကြပါဘူး။
ဒါ့ကြောင့် မလှတာကို လှတယ်လို့
အမှတ်မှားနေကြလို့ မိမိတို့ဟာ ရာဂမီး
တွေရဲ့ လောင်မြိုက်ခြင်း ခံနေရတာ။ ဒါကို
အမှန်မသိရင် ဒုက္ခရောက်ကြရမှာပါ။
""ပဋိကူလသညာ""ဆိုတာ ရွံစရာ၊ မတင့်
မတယ်ဘူး လို့ မြင်အောင်ရှုခိုင်းတာ ဖြစ်
ပါတယ်။
**ပါချုပ်ဆရာတော်ဘုရားကြီးအား
ဦးခိုက်ပူဇော်လျှက်**
No comments:
Post a Comment