Thursday, December 20, 2018

အသိနောက်မကျပါစေနဲ

ကမ္ဘာပေါ်ရှိ မိဘတိုင်းရဲ့ ကိုယ်မွေးထားတဲ့သားသမီးတွေ အပေါ်မှာ
ထားရှိတဲ့ မေတ္တာတရား ပမာဏဟာအတူတူပဲ ဖြစ်ပါတယ်။မိမိရဲ့
သားသမီးတိုင်းကို ကျန်းမာ၍ ချမ်းသာစေချင်တာဟာ ကမ္ဘာပေါ်ရှိ
မိဘတိုင်းရဲ့ သမ္မာဆန္ဒအစစ်အမှန် ဖြစ်ပါတယ်။

လောကလူသားအများစုဟာ မိဘတွေ မရှိတော့တဲ့အချိန်ကျမှနောက်
ကျပြီးတော့မှ မိဘမေတ္တာကို သိနားလည်ကြတာကများပါတယ်။
မိဘမေတ္တာကို နောက်ကျပြီးမှ သိရတာထက် စောစောစီးစီး သိထား
ရတာကပိုပြီးတော့ အကျိုးများပါတယ်။မိဘကျေးဇူးကို စောစောစီးစီး
သိထား နားလည်ထားရင် မိဘကျေးဇူးတွေ များများဆပ်ခွင့် ရပါတယ်။
မိဘတွေရဲ့ ကျေးဇူးကို မသိသေးရင်းလဲ သိအောင်လုပ်ဖို့လိုပါတယ်။
သိပြီးရင်လဲ ဆပ်ဖြစ်အောင် ဆပ်ဖို့လိုပါတယ်။

မြင့်မိုင်္ရတောင်ကြီး ကြီးမားပေမယ့် မိဘကျေးဇူးနဲ့နှိုင်းယှဉ်လိုက်ရင် 
နွားချိုပမာဏမျှသာ ရှိပါတယ်။မဟာပထဝီ ဤမြေကြီးဟာ ဘယ်လောက်
ပဲကြီးကျယ်ပါတယ် ပြောပြော မိဘကျေးဇူးနဲ့ နှိုင်းစာလိုက်လို့ရှိရင်ငါးရွက်
ပမာဏမျှသာရှိပါတော့တယ်။ဤစကြာမဠာကြီး ဘယ်လောက်ပဲကျယ်ပါ
တယ်ပြောပြော မိဘကျေးဇူးနဲ့နှိုင်းယှဉ်လိုက်လို့ရှိရင် အပ်နဖားပေါက်
ပမာဏမျှသာ ရှိပါတော့တယ်။မဟာသမုဒ္ဒရာကြီးဘယ်လောက်ပဲကျယ်
ဝန်းပါတယ် ပြောပြော မိဘကျေးဇူးနဲ့နှိုင်းစာလိုက်လို့ရှိရင်မိုးရေပေါက်
တစ်ပေါက် ပမာဏမျှသာ ရှိပါတော့တယ်။

အလွန်အင်မတန်ကြီးမားများပြားလှတဲ့ မိဘများရဲ့ကျေးဇူးတရားတွေကို
ကျေအောင်ဆပ်တော့မယ်လို့ ရည်ရွယ်စိတ်ကူးပြီးတော့ အမေကို လက်ယာ
ပုခုံးပေါ်တင် အဖေကို လက်ဝဲပုခုံးပေါ်မှာတင်ပြီးတော့ နံနက်မိုးသောက်
ချိန်မှစတင်၍ ညအိပ်ရာဝင်သည့်အချိန်တိုင်အောင်နေ့စဉ်နေ့တိုင်း မိလများ
ကြိုက်တတ် နှစ်သက်တဲ့ အစားအစာတွေကိုဝအောင် ကျွေးမွေး အညစ်
အကြေးတွေကို သုတ်သင်ပေး၊ နံ့သာဖြူ သနပ်ခါး ကရမက်စတဲ့ အမွှေး
နံ့ သာတွေနဲ့လိမ်းကြံလို့ပေး ယခုခေတ်မှာ ပေါ်နေတဲ့ အကောင်းရေမွှေး
နဲ့ဆွတ်ဖြန်းလို့ပေး ပြီးတော့ ကျင်ကြီးကျင်ငယ် စွန့်တာတောင်မှ အဖေ
တို့ အမေတို့ပင်ပန်းမှာစိုးလို့ဟောဒီ သားလေးရဲ့ခန္ဓာကိုယ်ပေါ်မှာ သမီး
လေးရဲ့ခန္ဓာကိုယ်ပေါ်မှာ စွန့်ချ လိုက်စမ်းပါလို့ပြောပြော ပြီးတော့ အသက်
တစ်ရာပတ်လုံး နေ့စဉ်နေ့တိုင်း ပြုစုလုပ်ကျွေးတာတောင်မှ သားသမီးတွေ
ရဲ့ အပေါ်မှာတင်ရှိနေတဲ့ မိဘတွေရဲ့ကျေးဇူးတရားတွေက ကြီးမားလွန်းလို့
များပြားလွန်းလို့ မကုန်နိုင်သေးပါဘူး။

မိဘတွေစားနိုင်သောက်နိုင်တုန်းမှာ ကျွေးဖြစ်အောင်ကျွေးပါ။ မစားနိုင်မသောက်
နိုင်တဲ့အချိန်ကျတော့မှ မသင့်လျော်တဲ့ မတည့်တဲ့ အစားအစာတွေကိုဇွတ်အတင်း
မကျွေးပါနဲ့။ မိဘတွေ သွားနိုင်လာနိုင်တုန်းမှာ သွားချင်လာချင်တဲ့ နေရာကိုလိုက်
ပို့ပေးပါ။မသွားနိုင်မလာနိုင်တော့တဲ့ အချိန်ကျတော့မှ ဟိုပို့ပေးချင် ဒီပို့ပေးချင်
မလုပ်ပါနဲ့။

မိဘတွေကို မသေခင်မှာ အားရကျေနပ်အောင် ပြုစုလုပ်ကျွေးပါ။သေပြီးတော့မှ
မငိုပါနဲ့။မိဘကို ကိုယ်စိတ်နှစ်ပါးချမ်းသာအောင်ဆောင်ရွက်ပေးတဲ့သားသမီး၊
မိဘကျေးဇူးကိုသိတတ်တဲ့ သားသမီး ဘယ်တော့မှ မဆင်းရဲပါဘူး။မိဘကို မျက်
ရည်ပေါက် ကြီးငယ်ကျအောင်ဘယ်တော့မှ မလုပ်နဲ့။မိဘကို ကိုယ်စိတ်နှစ်ပါး 
ဆင်းရဲဒုက္ခရောက်အောင်လုပ်တဲ့ သားသမီး၊ မိဘကျေးဇူးမသိတတ်တဲ့သားသမီး
ဘယ်တော့မှ မချမ်းသာပါဘူး။

အိုမင်းမစွမ်း ဖြစ်နေတဲ့ မိမိရဲ့မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးနိုင်တဲ့ စွမ်းအားတွေမိမိ
မှာအမှန်တကယ် ရှိနေပါလျက် မလုပ်ကျွေး မပြုစုဘဲ တမင်ရှောင်ကွင်းပြီးတော့
နေတဲ့သူက လူယုတ်မာ(ဝသလ)ပါပဲ၊ အဲဒီလို မလုပ်ကျွေးမပြုစုတာဟာ ပျက်စီး
ခြင်းရဲ့ အကြောင်းပါပဲလို့ ဗုဒ္ဓဘုရားကမိန့်ကြားတော်မူခဲ့ပါတယ်။

မိဘကျေးဇူး သိတတ်တဲ့ သားသမီး၊ မိဘမေတ္တာကိုနားလည်တဲ့ သားသမီးတွေကို
လူအများက ချစ်ခင်မြတ်နိုး တန်ဖိုးထား လေးစားပါတယ်။လူတွေကသာမကနတ်
မြတ်နတ်ကောင်းတွေကလဲ ကူညီကာ မ၊ စ စောင့်ရှောက်လို့ပေးကြပါတယ်။မိဘ
ကျေးဇူးကန်းတဲ့ သားသမီးတွေကို လူအများက ကဲ့ရဲ့ပြစ်တင်ကြပါတယ်။နတ်တွေ
ကလဲ အနှောက်အယှက် အမျိုးမျိုးပေးတတ်ကြပါတယ်။သတိကြီးစွာထားဖို့လိုပါ
တယ်။

မိမိကိုယ်တိုင် သားဘဝ သမီးဘဝ ဖြစ်စဉ်အချိန်မှာ မိမိရဲ့ မိဘများကို ရိုရိုသေသေ
နဲ့ ပြုစုပါ လုပ်ကျွေးပါ။သို့မဟုတ်ပါဘဲ မိမိကိုယ်တိုင် မိဘဘဝ ရောက်တဲ့အချိန်ကျ
မှမိမိရဲ့သားသမီးများက မိမိကို မပြုစုရကောင်းလား မလုပ်ကျွေးရကောင်းလား
ဆိုပြီးတော့ စိုးရိမ်သောက ဗျာပါဒတွေဖြစ်မနေပါနဲ့။မိမိကိုယ်တိုင် သားဘဝ သမီး 
ဘဝဖြစ်စဉ်တုန်းက မိဘတွေရဲ့စကားကိုနားမထောင်ဘဲ မိမိကိုယ်တိုင် မိဘဘဝ
ရောက်တဲံအချိန်ကျမှ မိမိရဲ့သားသမီးများက မိမိပြောတဲ့စကားကို နားမထောင်ရ
ကောင်းလား ဆိုပြီးတော့စိတ်ဆင်းရဲ မဖြစ်ပါနဲ့။ ဝဋ်ဆိုတာချက်ချင်းလည်တတ်ပါ
တယ်။နောက်ဘဝရောက်တဲ့အထိ မစောင့်ပါဘူး။

မိဘရှိသေးတဲ့သားသမီးများ မိဘတွေရဲ့ကျေးဇူး မိဘတွေရဲ့အနန္တမေတ္တာကို အသိ
နောက်မကျစေဘဲ ကျေးဇူးတုန့်ပြန် ဆပ်နိုင်ကြပါစေ။

ဓမ္မဂုဏ်ရောင် ဆရာတော် အရှင်တေဇိန္ဒ

Crd:::
#MgShweOo
Ngaoh

No comments:

Post a Comment