Wednesday, December 26, 2018

အနတ္တသံဟိတော

အနတ္တသံဟိတော
➰➰➰➰➰➰➰➰➰➰➰➰

"ဂမ္မော'' ရပ်ထဲရွာထဲမှာ အိမ်ထောင်တွေနဲ့ နေတဲ့ပုဂ္ဂိုလ်တွေရှာတဲ့ဟာတဲ့... တောထွက်ပြီး တရားကျင့်တဲ့သူတွေ ဒါမျိုးမရှာနဲ့၊ ''ပေါထုဇ္ဇနိကော''တဲ့
လူအများစုလုပ်တဲ့ အလုပ်ဆိုတာ ဘာမှထူးခြားတာမဟုတ်ဘူး၊ သာမန်ပုဂ္ဂိုလ် အဆင့်မမြင့်တဲ့ သာမန် သူလိုကိုယ်လို လူတွေ လုပ်တဲ့ အလုပ်ပါပဲ တဲ့၊ ဘာမှ ထူးလာမှာ မဟုတ်ပါဘူးတဲ့၊ဒီထဲမှာနေရင် ဒီပုပ်ထဲက ဒီပဲ' ပါပဲ၊ ဘာမှ ထူးလာမှာ မဟုတ်...

""အနရိယော''' တကယ့် သူတော်စင်တွေဟာ ဒါတွေကို မရှာကြဘူး၊ မျက်စိကကြည့်ပြီး ပျော်ရွှင်မှုကို မရှာဘူး၊ နားက နားထောင်ပြီး ပျော်ရွှင်မှုကို မရှာဘူး၊
နှာခေါင်းက နမ်းရှုံ့ပြီး ပျော်ရွှင်မှုကို မရှာဘူး၊ ခန္ဓာကိုယ်က ထိတွေ့ပြီး ပျော်ရွှင်မှုကို မရှာဘူး၊ သူတို့ရှာတာက အသိဉာဏ်ထူး' မသေရာ တရား၊
နိဗ္ဗာန်ကိုရှာကြတာ...

နိဗ္ဗာန်ကို မျက်စိနဲ့ရှာလို့ မရဘူး
နားနဲ့ရှာလို့ မရဘူး၊ နှာခေါင်းနဲ့ရှာလို့ မရဘူး၊ မျက်စိနဲ့ရှာရင် မြင်စရာအာရုံပဲ တွေ့မယ်၊ နားနဲ့ရှာရင် အသံပဲ တွေ့မယ်
နှာခေါင်းနဲ့ရှာရင် အနံ့ပဲတွေ့မယ်၊ လျှာနဲ့ရှာရင် အရသာပဲ တွေ့မယ်၊ ခန္ဓာကိုယ်နဲ့ရှာရင် ကြမ်းတမ်း/နူးညံ့. တာပဲတွေ့မယ် ထူးခြားတာ ဘာတခုမှ မတွေ့နိုင်ဘူး...

ဒါတင်ပဲလားဆိုရင်
မြတ်စွာဘုရားက အင်မတန် အရေးကြီးတဲ့ အချက်ကို ပြောတယ်၊
""အနတ္တသံဟိတော''' တဲ့
ကောင်းကျိုးချမ်းသာတွေ ဖြစ်မလာနိုင်ဘူးတဲ့၊ ကာမဂုဏ်တွေနဲ့ ဒီအကျင့်တွေကို လိုက်စားရင် ကောင်းကျိုးချမ်းသာ ဆိုတာ ဘယ်တော့မှ ရမှာမဟုတ်ဘူးတဲ့၊
လောကမှာ တချို့လူတွေဟာ ကာမဂုဏ်အာရုံတွေနဲ့ ယောက်ယက်ခတ်နေပြီး တဏှာ.လောဘ.ဒေါသ.မောဟ.တွေနဲ့
တိုက်ကြခိုက်ကြ ရန်ဖြစ်ကြနဲ့ လူ့လောကကြီးမှာ ဒုက္ခတွေ ရောက်နေကြတယ်၊ တချို့က ကာမဂုဏ်အတွက်နဲ့ ပြိုင်ဆိုင်နေကြတာက ရှိသေးတယ်နော်
လူ့လောကကြီးမှာ ပဋိပက္ခတွေ မှန်သမျှကို သူကချည်းပဲ ထုပ်လုပ်နေတာ...👆

ဘယ်လောက် ချမ်းသာချမ်းသာ
လူသားတွေဟာ သောကနဲ့ နေကြရတာပါ၊ နှစ်သက်လိုချင်စရာ အာရုံတွေကို ရှာနေသမျှတော့ အဲဒီ့ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ စိတ်ချမ်းသာမှုကို မရနိုင်ဘူး၊ ကာမဂုဏ်ဖောက်ပြားလို့ ငရဲကျသွားတာတွေ၊ ပြိတ္တာ ဖြစ်သွားတာတွေနော်၊ ဒါကြောင့်မို့ မြတ်စွာဘုရားက
""အနတ္တသံဟိတော'''တဲ့
အဲဒီ့လမ်းနောက်ကို လိုက်ရင် ကောင်းကျိုးချမ်းသာ ဘယ်တော့မှ မရတော့ဘူး....
.......................👏👏👏
(ရှေ့တွင် ''ကာမသုခလ္လိကာနုယောဂ''' အကြောင်း တင်ခဲ့ပြီး) ...
.....................................

ပါမောက္ခချုပ်ဆရာတော်
"အရှင်နန္ဒမာလာဘိဝံသ''(Ph.D) ၏

# ဓမ္မအသိဖြင့် အကျိုးရှိရှိ နေမည် #
            တရားတော်မှ...

" နမော သံဃဿပါ အရှင်ဘုရား'' 💛

➰➰➰➰➰➰➰➰➰➰➰➰

No comments:

Post a Comment