`လူ့ဘ၀မှာ ကျေနပ်စရာများ´
⛲⛲⛲⛲⛲⛲⛲⛲⛲
ဘ၀မှာ ကျေနပ်စရာတွေဆိုတာ
တခြားဟာတွေကို ပြောတာမဟုတ်ဘူး
`ငါးပါးသီလရှိရင်လည်း
ကျေနပ်စရာကောင်းတယ်´
`ဘုရားဂုဏ်ကို အာရုံပြုပြီးတော့
ကြည်နူးမူရတာလည်း ကျေနပ်စရာကောင်းတယ်´
`တရားဂုဏ်ကို အာရုံပြုပြီးတော့
ကြည်နူးမူရတာလည်း ကျေနပ်စရာကောင်းတယ်´
`သံဃာဂုဏ်ကို အာရုံပြုပြီးတော့
ကြည်နူးမူရတာလည်း ကျေနပ်စရာကောင်းတယ်´
`ကိုယ့်သီလကို ကိုယ်ဆင်ခြင်ပြီးတော့ ကျေနပ်မူရတာလည်း ကြည်နူးမူရတာလည်း ကျေနပ်စရာကောင်းတယ်´
ကျေနပ်စရာ(၅)မျိုး ဘ၀မှာ ကျေနပ်စရာတွေ။
မြတ်စွာဘုရားက
အဲဒီအချက်အလက်တွေနဲ့ ပြည်စုံရင်
နောက်ဘ၀တွက် မစိုးရိမ်နဲ့တော့
`စိုးရိမ်စရာမရှိတော့ဘူး´
`ငရဲမရှိတော့ဘူး´
`တိရစ္ဆာန်ဖြစ်ဖို့ မရှိတော့ဘူး´
`အခက်အခဲကြုံတိုင်း
အခက်အခဲကြုံသည်ဖြစ်စေ မကြုံသည်ဖြစ်စေ ကိုယ့်ဘ၀မှာ အမှတ်ရနေရမှာကတော့မြတ်စွာဘုရားပဲ´
`ဘုရားရဲ့ဂုဏ်တော်တွေကို
အမှတ်ရလိုက်ပါ´ `ဘုရားကို အာရုံပြုပြီးတော့နှလုံးသွင်းဆင်ခြင်နေပါ´
`တရားကို အာရုံပြုပြီးတော့
နှလုံးသွင်းဆင်ခြင်နေပါ´
`ဒေါသကင်းတဲ့အကျင့် ကောင်းမြတ်တဲ့အကျင့်မေတ္တာတွေပွားပါ ပွားလို့ရှိရင် အဲ့ဒါတွေဟာ နတ်ပြည်ရောက်ဖို့ရာအတွက် ကောင်းရာသုဂတိ ရောက်ဖို့ရာအတွက် ဖြစ်ပါလိမ့်မယ်´
ကိုယ့်မှာလှူစရာတွေရှိရင်
ကုသိုလ်ရှာတဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိရင်
ကိုယ်ကျင့်သီလနဲ့ ပြည့်စုံပြီးတော့
ကိလေသာ ငြိမ်းအောင်ကျင့်နေတဲ့
ပုဂ္ဂိုလ်တွေကို လှူလိုက်ပါ။
မင်းလှူတဲ့ အလှူဟာ အင်မတန်မှ
ကြီးကျယ်ကျယ်ပြန်တဲ့အကျိုးတရားတွေ
မင်းဆီယူဆောင်လာပါလိမ့်မယ်။
`ငါးပါးသီလပြည့်စုံတယ်´
`ဘုရားဂုဏ်ကို အာရုံပြုနိုင်တယ်´
`တရားဂုဏ်ကို အာရုံပြုနိုင်တယ်´
`သံဃာဂုဏ်ကို အာရုံပြုပြီး
လှူနိုင်တန်းနိုင်တယ်ကျေနပ်စရာကြီးပေါ့
ဘ၀မှာ ကျေနပ်စရာကောင်းတဲ့
အချက်တွေရလာပြီဆိုရင်
ငါတို့ဟာ တကယ့်အရတော်တဲ့
လူဘ၀ရပြီဆိုပြီးတော့ ကိုယ်စီကိုယ်စီ
ဝမ်းမြှောက်ဝမ်းသာဖြစ်ကြရမှာဖြစ်တယ်
`ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး´
No comments:
Post a Comment