အကျင့်သမားများအတွက် မှတ်သားဖွယ်
🔹🔸◽🔹🔸◽🔹🔸◽🔹🔸◽🔹
ငါ့ရှင်..သီလကို ဦးစွာ စင်ကြယ်စေရမည်။
သီလခြေထောက်မပါဘဲ သွား၍မရ။ ကိုယ်၊
နှုတ်၊ စိတ်သုံးပါး စောင့်ထိန်းနိုင်လျှင် ပြီးတော့
၏။...
ထိုသုံးမျိုးတွင်လည်း မိမိစိတ်တစ်ခုကို နိုင်လျှင်
မည်သည့်ကျင့်ဝတ်မျှဝန်မလေး။ အလုံးစုံပေါ့
ပါးသွားတော့သည်။ ပရိက္ခရာရှစ်ပါးမှ တစ်ပါး
အပိုမထားရ။
ပစ္စည်းအပိုထားလျှင် တစ်ပါးထဲနေသော်လည်း
ဧကစာရ မမည်။ (မီးခိုးရာမစဲ ရဟန်းမွဲ) ဆိုသကဲ့
သို့ လျှာအလိုလိုက်လျှင် ဆုံးဖွယ်မရှိ၊ ရသမျှနှင့်
ရောင့်ရဲရမည်။
ငါ့ရှင်.. တတ်နိုင်မည်လော?-- ဆရာခိုင်းသမျှ
မဖြစ်မနေ လိုက်နာပါမည် ဘုရား🙏🙏🙏
ငါ့ရှင်... ကောင်းလှပေ၏။ ဦးစွာ ဘုရားရှေ့မှာ
ဂုဏ်တော်ကို အာရုံပြုရမည်။ ကိုယ်နှင့် အသက်
ကို ဘုရားရှင်အား ရဲရဲဝံ့ဝံ့စွန့်လှူပြီး မေတ္တာကို
စူးစူးစိုက်စိုက် ပွား။
နိဗ္ဗာနဓာတ်ကို စိတ်ကုန်လွှတ်ပြီး အာနာပါနကို
ပွားများရမည်။ ထွက်လေ ဝင်လေ နှာသီးဝမှာ
ထွက်တိုင်း ဝင်တိုင်း ထိသည်ကို သိအောင်စောင့်
ကြည့်ရမည်။
စိတ်ကိုအပြင်မထွက်စေရ။ ကမ္မဋ္ဌာန်းက မခက်၊
လုပ်နိုင်သည့် သဒ္ဓါ ဝီရိယသာ လိုတော့သည် ငါ့
ရှင်၊ တစ်ခုတည်းသော အသင်္ခတဓာတ် မြတ်သော
နိဗ္ဗာန်ကိုသာ ရှေ့ရှုရမည်။
ထိနမိဒ္ဓ အဝိဇ္ဇာမောဟ နှိပ်စက်လွန်းအားကြီး၍
လဲလျောင်းအိပ်ရစေကာမူ နှာသီးဝမှ သတိကို
မလွှတ်ရ။ ခြသေ့င်္မင်းများ အိပ်သကဲ့သို့ နိုးလာ
သောအခါတွင်လည်း အိပ်စက ကိုယ်နေခြေလက်
မပျက်စေရဘူး။
ထိုမှတစ်ပါး ဥစ္စာထောင်ထုပ်နှင့် ရတနာများကို
ဆောင်ယူ၍ ခရီးသွားသော ယောက်ျားသည်....
အိပ်လိုသော်လည်း မအိပ်စက်၊ မောပန်းလှသဖြင့်
သစ်ရိပ်၌ အိပ်ပျော်သွားစေကာမူ ဥစ္စာ၌ ကြောင့်
ကြ၍ စိတ်ချလက်ချ မအိပ်ဘဲ နိုးလျှင်နိုးချင်းပင်
ဥစ္စာထုပ်ကို ကိုင်မိလျက်သားရှိသကဲ့သို့ ထွက်လေ
ဝင်လေကို ဤကဲ့သို့ စောင့်ရှောက်ရမည် ငါ့ရှင်။
အာနာပါန ကမ္မဋ္ဌာန်း မထင်နိုင်သေးလျှင် ဆွမ်းခံ
သွားရာ ရေခပ်သွားရာ စသည်တို့၌ ဗယ်ခြေလှမ်း
လျှင် ဗယ်ခြေလှမ်းသည်၊ ညာခြေလှမ်းလျှင် ညာ
ခြေလှမ်းသည်ဟု ခြေ၌ သတိကပ်၍ အာရုံစိုက်
မှတ်သားရမည်။
ငါ့ရှင်...စာမတတ်သူများကား မိမိအသိကို ထင်
စားလွန်းတတ်၍ ပျက်စီးတတ်သည်။ အရာရာ
သဒ္ဓါပညာ, ဝီရိယ, သမာဓိ မျှတအောင်ကြိုးစား
လေတော့ ငါ့ရှင်..
အိပ်လိုခြင်းကို သည်းမခံနိုင်၍ အိပ်လျှင် တစ်သံ
သရာလုံး နိုးတော့မည်မဟုတ်။ အိပ်ခဲ့ရလှပြီ။
ယောဂီတို့အတွက် မအိပ်ချင်သော နေရာရှိသည်၊
ငါ့ရှင် ရောက်အောင်သွားရမည်။
(တပည့်တော်အား နိသဇ်ဓုတင်ခွင့်ပြုလျှင် ...
ဆောင်ပါမည်) ဘုရား....
နိသိဇ်ဓုတင်ဟူသည် နေ့ရောညပါ မအိပ်ပါဟု
ဆောက်တည်ရသော အကျင့်ဖြစ်သည်။
မအိပ်ရုံသာမဟုတ်၊ နိုးလျက်လည်း ကျောခင်း
၍ မနေရ။ မောဟနှင့် ထိနမိဒ္ဓကို အပြတ်တိုက်
သော အဓိဋ္ဌာန်နည်းပင် ဖြစ်သည်။
ဤသို့သော လုံ့လဖြင့် ဝိပဿနာသမ္မာဒိဋ္ဌိ ပွား
သူမှာ ယခုဘဝ၌ပင် ရဟန္တာဖြစ်လျှင်ဖြစ်၊ မဖြစ်
သော် ခုနှစ်ဘဝထက် မလွန်ပြီဟု အဂုင်္တ္တရ အဋ္ဌ
ကထာ၌ မိန့်ဆိုထားပါသည်။ 🔸🔸🔸🔸🔸
ရဟန္တာအရှင်သဒ္ဓမ္မာလင်္ကာရ၊ ဆရာရှာထွက်စဉ်
ရေစကြိုမှ ဈာနလာဘီ အရှင်မြတ်မှ ဆုံးမသော
သြဝါဒအား ကောက်နှတ်ပူဇော်ပါသည် 🙏🙏
(ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ) စာအုပ်မှ။
တရားကျင့်ကြံအားထုတ်သူများအတွက်
မှတ်သားဖွယ်ရာ သြဝါဒများပင်ဖြစ်ပါ
သည်။ တရားအသိများ တိုးပွားနိုင်ကြပါစေ
🙏🙏🙏🙏🙏
No comments:
Post a Comment