အသုဘ သံဝေဂ အလင်္ကာ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
မှတ်ခါစွဲယူ များဗိုလ်လူတို့
နိဗ္ဗူမရ ဆင်းရဲကြလည်း
လောကသုံးခွင် ဘုံအပြင်ဝယ်
ဖြစ်လျှင်ပျက်မြဲ မှန်မလွဲတည်း💗
သုံးစွဲဘို့ရာ များဥစ္စာတို့
ကံကြမ္မာပေး ရပြန်သေးက
ပျက်ရေးတဖန် တွေ့ကြုံပြန်၏💟
ချစ်လျှံဝေဝေ ချစ်ဆွေတွေနဲ့
ချစ်လေသမျှ ပေါင်းဆုံကြလည်း
ကွဲကြမည်မှာ မလွဲသာတည်း💙
ရှည်စွာအသက် တည်ရှိလျှက်လည်း
ပုခက်နှင့်ပေ ဝေးလေလေ၍
နီးလေပျဉ်ခေါင်း အမှန်အောင်းလိမ့်
အကြောင်းမလျှော် သုံးရက်ကျော်က
ပုပ်စော်ညှီနံ့ ရန်တွေ့ပြန်သို့
အမှန်ချစ်သူ မကပ်မူပဲ
လျစ်လျူရှူသုံး တကယ်မုန်း၏💚
စုန်းစုန်းနစ်ခါ မြို့ပြည်ရွာနှင့်
ဆွေညာအများ စွန့်ပြစ်ထားတဲ့
သွားရာအပြီး လူမနီးသည့်
တောကြီးမြိုင်ယံ မြေသုဿန်၌
မြှုပ်နှံဘိကျင်း ခြောက်ပေတွင်းဝယ်
စင်းစင်းအိပ်ခါ နေရမှာကို
မလွဲမှတ်ခါ ဆင်ခြင်ပါတော့
သင်္ခါရခြုံ လောကီမြုံ၌
ခိုလှုံဝင်စံ ပုထုဇဉ်တို့
လောကဓံလွတ်ကြောင်း ဆုပန်တောင်းသည်
လမ်းကြောင်းမဂ္ဂင် ရှစ်အင်ဓမ္မ အ၀၀ကို
နေ့ညမကွာ ပွားများရာသည်
ခေမာရောက်မှ အေးမည်တည်း
🙏15/12/2018🙏
No comments:
Post a Comment