#သက္ကာယဒိဋ္ဌိရှင်းတမ်း
" သက္ကယာဒိဋ္ဌိ " ဆိုတဲ့ " မိစ္ဆာဒိဋ္ဌိ " တွေနဲ့ သွားမ
ရောနဲ့ပေါ့ ၊ အခြေခံကျတာက ကံ ကံ၏အကျိုးကို ငြင်း
ပယ်မှု မိစ္ဆာဒိဋ္ဌိက ပြိုပီးတော့ အရင်းခံကျတယ် ။
ဗုဒ္ဓဘာသာဝင် ဖြစ်နေလင့်ကစား သက္ကယဒိဋ္ဌိဆိုတာ မ
ကင်းနိုင်သေးဘူးပေါ့ ၊#ပရိယုဋ္ဌာနဆိုတဲ့လွှမ်းမိုး
ဖြစ်ပေါ်နေမှု မရှိပေမဲ့လို့ #သက္ကာယဒိဋ္ဌိရှိနေတာပဲ ။ ဒီ
အယူဟာ #အနုသယ အနေနဲ့ #ဒိဋ္ဌာနုသယ ဆိုတာ
ဘဝသံသယာက ပါလာတာ သောတာပတ္တိမဂ်နဲ့မှ ပယ်
ရှားနိုင်မယ် ။
ဒီတော့ ကံ ကံ၏အကျိုးကိုငြင်းပယ်ခြင်းဆိုတဲ့ မနောကံ
အရာမှာ မိစ္ဆာဒိဋ္ဌိ အဲ့ဒီမိစ္ဆာဒိဋ္ဌိဟာ #သဂ္ဂါဝရဏ -
နတ်ပြည်ကိုလည်းတားတယ် ၊ ဆိုလိုတာက နတ်ပြည်
ရောင်ဖို့မဖြစ်နိုင်ဘူး။အဲ့ဒီအယူဝါဒရှိတဲ့ပုဂ္ဂိုလ်က ကောင်း
ရာသုဂတိ မရောက်နိုင်ဘူးလို့ပြောတယ် ၊ ကံကိုငြင်း
ပယ်ထားတာဆိုတော့ မဟုတ်တာလုပ်တော့မှာပေါ့ ။ သူ
ကကောင်းတာလုပ်လို့ ကောသ်းကျိုးချမ်းသာဆိုတာ မ
ရှိဘူး ၊ မကောင်းတာလုပ်လို့ မကောင်းကျိုးရဲ့ ဆင်းရဲ
ဒုက္ခဆိုတာ မရှိဘူးလို့ငြင်းပယ်ထားမှတော့ သူက
ကောင်း , မကောင်း သူကြိုက်တာလုပ်တော့မယ့် သ
ဘောပဲ ။ ဒါကြောင့်မို့ ဒီမနောကံအရာမှာရှိတဲ့ မိစ္ဆာဒိဋ္ဌိ
ဆိုတာ နတ္ထိကဒိဋ္ဌိကို ရည်ညွှန်းတာလို့ ဒီလိုမှတ်ရမယ်။
တစ်ချို့ကရောပြီးတော့ရေးတတ်တယ် မိစ္ဆာဒိဋ္ဌိဆိုရင်
သက္ကာယဒိဋ္ဌိတွေရော ဘာတွေရော မနောကံမှာသွား
ထည့်တယ် ၊ မိစ္ဆာဒိဋ္ဌိ ၆၂ - ပါးဆိုတာရှိသေးတယ်လေ ။
အတ္တအယူအဆတွေနဲ့ ပတ်သက်တာ ၊ စဉ်းစားတဲ့အခါ
မှာ သူ့ရဲ့အမြင်တွေဟာ မှားသွားတယ် ၊ မစဉ်းစားမ
တွေးခေါ်ရင် ဖြစ်ချင်မှဖြစ်မယ် ။ ဒီဟာကတော့ အခြေခံ
အကျဆုံးမို့ ကံ ကံ၏အကျိုးကိုငြင်းပယ်တဲ့ မိစ္ဆာဒိဋ္ဌိကို
သာ ဒုစရိုက်ထဲမှာ ထည့်ထားတယ် ။ သက္ကယာဒိဋ္ဌိတို့
က ဒုစရိုက်ထဲမှာ ထည့်တာမဟုတ်ဘူး ဒါကြောင့်
မိစ္ဆာဒိဋ္ဌိလိ့ဆိုတိုင်း အတူတူလို့ မအောက်မေ့နဲ့ပေါ့ ။
ဒါကြောင့်မို့ #ကမ္မဿကတာ__သမ္မဒိဋ္ဌိ - ကံ ကံ၏
အကျိုးကို လက်ခံပြီဆိုရင် ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ အခြေ
ခံကောင်းရှိတယ်လို့ ပြောရမယ် ၊ ကံ ကံ၏အကျိုးကို
လက်မခံဘူးဆိုရင် အခြေကောင်းမရှိဘူး ။ အဲ့ဒီ မိစ္ဆာဒိဋ္ဌိ
ရှိနေလို့ရှိရင် ဒုစရိုက်အရာဖြစ်ခြင်းကြောင့် ဒီပုဂ္ဂိုလ်အ
ပယ်ငရဲကျရတယ် ၊ သက္ကာယဒိဋ္ဌိရှိလို့ အပယ်ငရဲကျတာ
မဟုတ်ဘူး ။ စာပေကျမ်းဂမ်တွေမှာ #သက္ကာယဒိဋ္ဌိကို__မဂ္ဂါဝရဏ - မဂ်ကိုတားတယ်လို့
ပြောတာ ၊ #သဂ္ဂါဝရဏ - နတ်ပြည်ကိုတော့ မတားဘူး
တဲ့ ။ သံယုတ်ပါဠိတော်ထဲမှာ မက္ခလိဂေါသာလရဲ့တ
ပည့်တွေ နတ်ပြည်ရောက်နေတာရှိတယ် ဗကဗြဟ္မာကြီး
ဆိုတာကြားဖူးတယ် မဟုတ်လား ၊ အေး -သူကမိစ္ဆာဒိဋ္ဌိ
ပဲ သူကဗြဟ္မာကြီးဖြစ်နေတာပဲ ။ အဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတာ
ဘာလည်းဆိုရင် #သက္ကာယဒိဋ္ဌိကို မိစ္ဆာဒိဋ္ဌိလို့ ပြော
တာနော် ကံ ကံ၏အကျိုးကိုတော့ သူလက်ခံတယ် ဒါ
ကြောင့် ဗြဟ္မာကြီးဖြစ်နေတာပေါ့ ၊ အဲ့ဒါဘာလို့ အခုပြော
ရတုန်းဆိုရင် ရောနေတတ်လို့ ပြောရတာနော် ။
သက္ကယဒိဋ္ဌိတို့ အတ္တဒိဋ္ဌိတို့ စတဲ့ မိစ္ဆာဒိဋ္ဌိတွေက မိစ္ဆာ-
ဒိဋ္ဌိ ၆၂ - ပါးထဲ ပါတော့ ပါတာပေါ့ ၊ အကျုံးဝင်တယ်
ဒါပေမဲ့ ဒုစရိုက်အရာမှာပါတဲ့ မိစ္ဆာဒိဋ္ဌိသည် အဲဒီထဲက
ဟာကို ရည်ညွှန်းတာမဟုတ်ဘူး ။ ဘာကိုရည်ညွှန်းတာ
တုန်းဆိုရင် #နတ္ထိကဒိဋ္ဌိ ကိုရည်ညွှန်းတာ ၊ ဒါကိုအဓိက
ထားတယ်ပေါ့ ၊ ကံ၏အကျိုးကို ငြင်းပယ်လိုက်တယ်ဆို
လို့ရှိရင် ကံ ကိုလည်းငြင်းပယ်ရာရောက်တယ် ၊ အကျိုး
ကို ငြင်းပယ်မှတော့ အကြောင်းလည်း ငြင်းပယ်ပြီး
သားဖြစ်သွားတယ် ။
အဲ့ဒါကြောင့် မိစ္ဆာဒိဋ္ဌိအရာမှာ ကျမ်းဂမ်စာပေမှာ နတ္ထိ-
ကဒိဋ္ဌိကို အဉိကထားပြီးတော့ ပြောသော်လည်းပဲ နား
လည်ရမှာက အကိရိယဒိဋ္ဌိ ၊ ကုသိုလ်ကံ အကုသိုလ်
ကံဆိုတာ လုပ်လို့ မရဘူး , ကုသိုလ်ကံ အကုသိုလ်
ကံဆိုတာ မရှိဘူး ဆိုတဲ့ ငြင်းပယ်ချက်#အကိရိယဒိဋ္ဌိ
ထိုကုသိုလ်ကံ အကုသိုလ်ကံရဲ့ အကျိုးတရားဆိုတာ
မရှိဘူးလို့ ငြင်းပယ်တာ #နတ္ထိကဒိဋ္ဌိ လောကကြီးမှာ
သတ္တဝါတွေရဲ့ ဆင်းရဲဒုက္ခရောက်နေတာပဲဖြစ်စေ ချမ်း
သာသုခ ရနေကြတာပဲဖြစ်စေ သတ္တဝါတွေ စင်ကြယ်
တာပဲဖြစ်စေ ညစ်နွမ်းတာပဲဖြစ်စေ ဘာအကြောင်းမှ မ
ရှိဘူးလို့ အကြောင်းကို ငြင်းပယ်တာက #အဟေတုကဒိဋ္ဌိ ။ အဲ့ဒီ ဒိဋ္ဌိ ၃ - ခုဟာ အင်မတန်မှ
အပစ်ကြီးတယ် ၊ နတ်ပြည်ရောက်ဖို့ရာတောင် မဖြစ်နိုင်
တဲ့ , ကောင်းရာဘုံဘဝကိုတောင် မရောက်စေနိုင်တဲ့
တားတဲ့မိစ္ဆာဒိဋ္ဌိတွေတဲ့ ။
သက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိ ဆိုတဲ့ ဒိဋ္ဌိတွေကျတော့
#မဂ်မရအောင်__တားတာ နိဗ္ဗာန်တရားထူး မရနိုင်ဘူး
လို့ပြောတာ ၊ အဲ့ဒီ သက္ကာယဒိဋ္ဌိရှိရင် အဲဒါလည်းပဲ စာ
ပေမှာ #မိစ္ဆာဒိဋ္ဌိ ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး
တော့ ရောထွေးသွားတတ်လို့ ဒါကိုမှတ်ထားဖိုလိုတယ်။
ဒါကြောင့်မို့ ကံတရားဆိုတာရှိတယ်လို့ ဗုဒ္ဓမြတ်စွာ အ
တိအလင်းဟောကြားထားလို့ မြတ်စွာဘုရားဟာ ကမ္မဝါဒ
ကံ ကိုဟောပြောတယ် ။ " ကမ္မဝါဒီ , ကိရိယဝါဒီ ကမ္မ
ဝါဒီဆိုတာ ကံကိုလက်ခံကျင့်သုံးပြီး ကံအကြောင်းကို
ဟျောပြာလေ့ရှိတယ် ။ ကိရိယဝါဒီဆိုတာ ကုသိုလ်ကံ
အကုသိုလ်ကံ ရှိသည့်အတွက်ကြောင့် ထို ကုသိုလ်ကံ
အကုသိုလ်ကံကို လုပ်လို့ရတယ်လို့ ဟောပြောတာ ၊ ဒီ
တော့ဗုဒ္ဓမြတ်စွာရဲ့ဝါဒဟာ ကမ္မဝါဒ နဲ့ ကိရိယဝါဒ ကံရှိတယ်
လို့ လက်ခံယုံကြည်လို့ ၂၄ - ပစ္စည်းမှာလည်း မြတ်စွာဘုရား
က ကမ္မပစ္စယောလို့ ကံ ဟာကြီးမားတဲ့ အထောက်အကူတစ်ခု
ဖြစ်ကြောင်းကို ဟောထားတယ် ။
ကမ္မပစ္စယောမှာ ကမ္မဆိုတာ ပြုလုပ်ခြင်း စွမ်းဆောင်နိုင်ခြင်း
စွမ်းဆောင်မှု ပြုလုပ်မှုကို ဖြစ်ပေါ်စေတတ်တဲ့ စေတနာမျိုး
သုတ္တန်ပါဠိတော်တွေထဲမှာ ကမ္မဆိုတာကို #စေတနာ__ဟံ__ဘိက္ခဝေ__ကမ္မံ__ဝဒါမိ ချစ်သားရဟန်းတို့
ကမ္မဆိုတာ တခြားကိုပြောတာမဟုတ်ဘူး စိတ်စွမ်းအားထဲမှာ
လှုံ့ဆော်မှုကို ပေးနိုင်တဲ့ စေတနာစွမ်းအားကို ငါဘုရား ကံ
လို့ဟောပါတယ် လို့ ဒီလိုဟောထားတယ် ။
( နိဗ္ဗေဓိကသုတ် ၊ အင်္ဂုတ္တရပါဠိ )
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph . D )
ပဋ္ဌာန်းမြတ်ဒေသနာမှ ထုတ်ယူပူဇော်ပါသည်
No comments:
Post a Comment