Monday, December 10, 2018
ဆန္ဒကို သိက္ခာ တရားနဲ့ ထိန်းပါ
ဆန္ဒကို သိက္ခာ တရားနဲ့ ထိန်းပါ
ဖောက်ပြန်တော့မယ်ကြံတိုင်း
လက်ရှိ ချစ်သူကို သတိရပါ
ဖောက်ပြန်တော့မယ်ကြံတိုင်း
လက်ရှိ အိမ်ထောင်ရေးကို သတိရပါ
ဖောက်ပြန်တော့မယ်ကြံတိုင်း
ဖောက်ပြန်တော့မယ်ကြံတိုင်း
ကိုယ့်ကိုအားကိုးနေတဲ့ ဇနီးမယား ခင်ပွန်း
မျက်နှာကို မြင်ယောင်ပေးပါ ။
ဖုန်းတွေ ပေါလာတဲ့ခေတ်မှာ
အပျို အအို ဆိုက်စုံ ဂိုက်စုံ
အင်တာနက်ပေါ် တက်လာကြတယ်
effect တွေသုံးထားတဲ့ ဓါတ်ပုံ
ဘယ်က ဘယ်သူ ဘာလုပ်တယ် ဆိုတဲ့
မသေချာမရေရာ တဲ့ အချက်အလက်တွေနဲ့ 
အင်တာနက်ပေါ်က လူတွေ နဲ့ သာယာပြီး
လက်ရှိ အိမ်ထောင်ရေးကို
ပျက်စီးအောင်မလုပ်သင့်ပါဘူး။
ဘယ်သူဘယ်လောက်ကောင်းကောင်း
ဘယ်သူဘယ်လောက် ချောချော
ကိုယ့်ရဲ့ ငယ်လင်ငယ်မယားလောက်
ဘယ်သူမှ မချောနိုင် မကောင်းနိုင်ပါဖူး
မယားငယ်
လင်ငယ် ဆိုတာ
ကိုယ့်ရဲ့ လက်ရှိ ငယ်လင်ငယ်မယားလောက်
ကောင်းနိုင်ပါ့မလား
အင်တာနက်ကနေ တွေ့ တဲ့
လူတွေကိုယုံပြီး
လက်ရှိ အိမ်ထောင်ရေးကိုဖျက်စီးပြီး
အင်တာနက်ကတွေ့ တဲ့လူဆီကိုသွားမလို့ လား
တန် လို့ လား ?
မယားငယ်
လင်ငယ် ဆိုတာ
တကယ်တော့ တိတ်တိတ် ပုန်း
ယူရတဲ့ လူတွေပါ
သူတို့ ကိုပေါ်တင်ယူလို့မရဖူး
လူ့ ပတ်ဝန်းကျင်ကလက်မခံဖူး
မြို့ လယ်ခေါင်က
အများသုံးသန့် စင်ခန်း ဆိုတာ
လူတကာ လာရောက်ပြီး
တန်ရာတန်ကြေးပေးပြီး
အညစ်အကြေးစွံ ပြီးရင်
လူတွေက အဲဒီသန့် စင်ခန်းကို
ကျောခိုင်းကြတာပါပဲ
မယားငယ်
လင်ငယ် ဆိုတာလည်း
အများသုံးသန့် စင်ခန်းလိုပါပဲ
အညစ်အကြေးစွံ့ ဖို့ 
တစ်ခုသာ သုံးလို့ရတာပါ
လက်ရှိအိမ်ထောင်ရေးကို
ပျက်စီးခံပြီး
အများသုံးသန့်စင်ခန်းဆီသွားမလို့ လားဗျာ။
#####
မေတ္တာဖြင့်
အိမ်ထောင်ရေး
အချစ်ရေး များအဆင်ပြေကြပါစေ။
Credit..ခေတ်နေ !!
No comments:
Post a Comment