သွေးစပ်တိုင်း ဆွေမျိုးမဖြစ်ပါဘူး။
မေတ္တာစပ်မှ ဆွေမျိုးဖြစ်ပါတယ်။
သွေးစပ်စပ် မစပ်စပ်၊
မေတ္တာစပ်ရင် ဆွေမျိုးပါ။
သွေးစပ်စပ် မစပ်စပ်၊
မေတ္တာမစပ်ရင် သူစိမ်း (တစိမ်း) ပါ။
သွေးစပ်ဆွေမျိုးရှိရုံနဲ့
ကိုယ့်ဘဝ ဘာမှ အကျိုးမထူးနိုင်ပါဘူး။
မေတ္တာစပ်ဆွေမျိုးရှိမှ
ကိုယ့်ဘဝ အကျိုးထူးနိုင်တာပါ။
သွေးသာ စပ်ပြီး မေတ္တာမစပ်တဲ့
ဆွေမျိုးကို-
တန်ဖိုးထားနေစရာမလိုပါဘူး။
သွေးမစပ်ပေမယ့် မေတ္တာစပ်တဲ့
ဆွေမျိုးကိုတော့-
အမြတ်တနိုး တန်ဖိုးထားရပါမယ်။
မေတ္တာစပ်တဲ့ ဆွေမျိုးသည်သာ
အကောင်းဆုံး၊
အမြတ်ဆုံးဆွေမျိုး၊
အနှိုင်းမဲ့ဆွေမျိုး ဖြစ်ပါတယ်။
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(အနှိုင်းမဲ့ချမ်းသာ စာအုပ်မှ)
No comments:
Post a Comment