Saturday, December 29, 2018

ချမ်းသာဆင်းရဲတို့၏ ညွှန်းဆိုရာများ

<3 မစင်ကို မလွယ်လိုသော်လည်း
     ထမင်းကို ခင်တွယ်နေသမျှ တော့ <3
  သတ္တဝါတိုင်း သေမင်းကို အလိုမရှိ။
  သို့တစေလည်း နေခြင်းကို ကြို ဆိုမိတိုင်း
နာခြင်းသို့သာ ခေါင်းထိုးဝင်ကြရမြဲ။
  သတ္တဝါတိုင်း နာခြင်းကိုလည်း အလိုမရှိကြ။
  သို့တစေလည်း ခိုင်မာအားကို အားကိုးမိတိုင်း
နာခြင်းသို့သာ ခေါင်းထိုးဝင်ကြရမြဲ။
  သတ္တဝါတိုင်း အိုမင်းကုန်းကွကိုလည်း
အလိုမရှိကြ။
  သို့တစေလည်း နုပျို လန်းဆန်းခြင်းကိုဖြစ်စေတိုင်း
အိုခြင်းသို့သာ နစ်ဝင်ကြရမြဲ။
  စင်စစ် ထို အိုခြင်း၊နာခြင်း၊သေခြင်းတို့သည် ဘဝ
ဖြင့် ဇာတိကို မချီမိလေတိုင်း သားသည် မိခင်ကို
လက်ဆက်မိသော ယောက်ျား၊မယားကပါသော
သားသမီးမ် ားကို လက္ခံလိုက္ရပါသည္ပမာ။အို-
နာ-သေ ထိုအတွဲကိုလည်း ခွဲထားခဲ့၍ မဖြစ်တော့နိုင်။
  တစ်ဖန် ယောက်ျား ဖောင်စီး၊မိန်းမ မီးနေစကားအရ
ကိုယ်ဝန်ဆောင်မိန်းမ တစ်နေ့သင်္ချို င်းကုန်း မျ က်
စောင်းသုံးခါထိုးနေရဖြင့် ဝမ်းလွယ်သားမွေးဒုက္ခ အ
လွန်လျှ င်ကြီး အလွန်လည်း သေဘေးကြီးနှင့်နီးရကား
ကိုယ်ဝန်မလွယ်လို၊သားမဖွားလို။သို့တစေလည်း လင်
ယောက်ျား အလာ သာယာမိနေသမျှ လွှဲရှောင်၍ မရ
ပမာလည်း အစွဲဖြင့်  ဘဝကို တွဲမိလေသူတိုင်း အို-နာ-
သေ ထိုအတွဲကိုလည်း ဆွဲကိုင်မိလျက်သားချ ည်း
ဖြစ်နေပေရော့မည်။
  ထို အို-နာ-သေ လမ်းကို ဘူတ ရုပ်(ထင်ရှားရုပ်)
ဓာတ်လေးပါးတို့ဖြင့် တည်ဆောက်ထားသော ပိုင်ရှင်
မ် ားကား
  ရုပ်ခန္ဓာ၌ ဥပစာယ-ဖြစ်စ၊သန္တတိ-ဖြစ်စဉ်၊ဇရတာ-အို
လိုက်လာပြီး အနိစ္စတာ-အိုရာမှစဲ ပြောင်းလဲ သွားပြီဟူ
သော လက္ခဏာ လေးချ က်တို့ဖြင့် အထင်အရှား ပြသ
လျ က်ကပင် ရှိချေ ၏။
  ဥပါဒါရုပ်(အစွဲရုပ်) စိတ်ဖြင့်သာ တည်ဆောက်ထား
သော ဘဝပိုင်ရှင် ဖြစ်ပါမူကား စိတ်ညှို နွမ်းခြင်း ကိုယ်
မှ ချွေးထွက်ခြင်းမျှ ဖြင့် ပြီးပြေ၏။
  မည်သို့ဆိုစေ ရုပ်ဆောင်ဘဝဖြစ်ဖြစ် စိတ်ဆောင်ဘဝ
ဖြစ်ဖြစ် ထို အို-နာ-သေ စခန်းစဉ်ကြီး သုံးခုတို့မှကား
ရှောင်လွှဲသွား၍ မရစကောင်းပြီ။
              အနန္တကျေးဇူးတော်ရှင်
         မဟာဗောဓိမြို င်ဆရာတော်ဘုရားကြီး
        ချမ်းသာဆင်းရဲတို့၏ ညွှန်းဆိုရာများ
<3 စာစီပူဇော်။   ။ထွန်းအေး(ဇီးကုန်း)
Credit

No comments:

Post a Comment