Saturday, December 29, 2018

သတိတရားက အကောင်းမြင်ဝါဒကို မြင်စေတယ်

သတိတရားက အကောင်းမြင်ဝါဒကို မြင်စေတယ်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

★ နေ့စဉ်ဘ၀မှာ ဘုန်းဘုန်းတို့ စိတ်ချမ်းသာတယ်ဆို စိတ်ချမ်းသာမှန်းသိအောင်၊ စိတ်ညစ်တယ်ဆို စိတ်ညစ်မှန်းသိအောင်၊ စိတ်လွှင့်တယ်ဆို စိတ်လွှင့်မှန်းသိအောင် စိတ်ရဲ့ခံစားမှု ကိုယ်ရဲ့ Mood က တက်ပြီကျပြီဆိုရင် mood swing ဖြစ်တယ်ဆိုရင် အဲ့လိုဖြစ်မှန်းသိအောင် သိလိုက်တဲ့အခါမှာ လူနောက်ကိုမလိုက်ဘဲနဲ့ သဘောတရားနောက်ကိုလိုက်တယ်။

★ စိတ်ညစ်တာကို ဒေါသလို့ ခေါ်တယ်တဲ့။ အလိုအတိုင်းမဖြစ်တာ။ ဒါကို ဒုက္ခလို့ခေါ်တယ်။ “ယံမ္ပိစ္ဆံ န လဘတိ၊ တံမ္ပိ ဒုက္ခံ” ကိုယ့်အလိုတိုင်း မဖြစ်တာ ဒါ Principal တွေ အကြောင်းနဲ့အကျိုးနဲ့ အဲ့ဒါကို သစ္စာလေးပါးခေါ်တယ် အကျဉ်းဆုံး။ အဲ့ထက်ပိုပြီးတော့ ကျယ်အောင်ရှင်းပြရင် ပဋိစ္စသမုပ္ပပါဒ်ခေါ်တယ်။ အဲ့ထက်ပိုပြီးတော့ အသေးစိပ်ဖြစ်အောင် ရှင်းတယ်ဆိုရင်တော့ ပဋ္ဌာန်းလို့ ခေါ်တယ်။ ဒါတွေက Principal။

★ ဒီ Principal တွေကို engage လုပ်တယ်၊ ဒီ principal တွေကို စဉ်းစားတွေးခေါ် အသုံးပြု apply လုပ်တဲ့စိတ်က Great mind။ တရားစကားနဲ့ဆို ပရမတ်ကို သိတဲ့စိတ်။ ဘုန်းဘုန်းက အင်္ဂလိပ်စကားညှပ်ပြောတဲ့အခါကျတော့ ဒါကို Great mind discuss ideas. အဲဒီလိုဖြစ်တယ်။

★ ဒီသတိတရား ဘ၀မှာ ခဏခဏတိုက်မိတဲ့ ဒုက္ခခလုတ်၊ ဒုက္ခခလုတ်တိုက်မိတိုင်း သတိလေးနဲ့ ပြန်ပြီးတော့ကြည့် ပြန်ကြည့်ပြီးတော့ ဒီနေရာမှာ Principal ရအောင် သူရဲ့အခြေခံသဘောတရားရအောင် တနည်းအားဖြင့်ပြောဆိုရင် မူနားလည်အောင်၊ လောကဘဘာဝရဲ့ မူနည်းလည်အောင် လူကိုကျော်ပြီး မူကိုနားလည်အောင်၊ နောက်တခုပြောရရင်တော့ ပညတ်ကိုကျော်ပြီးတော့ ပရမတ်ကိုနားလည်အောင်။

★ အဲ့ဒီလိုလုပ် လုပ်တိုင်းလုပ်တိုင်း လုပ်ဖို့ကြိုးစားတိုင်းကြိုးစားတိုင်း မိမိရင်ထဲမှာ ဓမ္မစေတီတည်နေပါတယ်။

★ လေးငါးခြောက်နှစ်အတွင်းမှာ ရန်ကုန်မြို့ကားအရမ်းကြပ်တဲ့အခါကြတော့ ရန်ကုန်မှာတရားဟောတိုင်း ကားကြပ်တာထည့်ဟောတယ်။ ကားကြပ်ပြီးတော့ စိတ်ညစ်တဲ့ဟာကို ကိုယ်မဖြေရှင်းနိုင်ဘူးဆိုရင် တခြားလူကို သူကကူးသွားတယ် အဲ့ဒီ စိတ်ညစ်တဲ့ဟာ။

★ ရုံးသွားရင်လည်းပဲ ရုံးရောက်တဲ့အခါမှာ ကားကြပ်လို့ စိတ်ညစ်ပြီးတော့ ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုနဲ့ ရုံးကလူတွေကို ကြည့်တာလေ စိတ်က အလုပ်တောင် မလုပ်ရသေးဘူး တိုနေပြီ။ အဲ့ဒီလို အဆင်မပြေမှုတဲ့ တွေ့တဲ့အခါမှာ ကိုယ်က Recover မြန်မြန်ဖြစ်သလား။ ဒါမှမဟုတ် စိတ်ဖီးစီးတဲ့ဟာက တနေကုန်နေသလား အိမ်ထိပါလာသလား။

★ အဲ့ဒါကိုကြည့်ပြီးတော့ လူတစ်ဦးရဲ့သတိတရားက ဘယ်လောက်အားကောင်းတယ် အားမကောင်ဘူး။ ဒီသတိတရားက ဘယ်လောက်ထိ အရေးပါတဲ့ quality တွေကို ထုတ်လုပ်ပေးသလား မထုတ်လုပ်ပေးဘူးလား ဥပမာ ခန္တီတရား၊ ဥပမာ ကိုယ်ချင်းစာတရား ဒါတွေကို ထုတ်လုပ်ပေးသလား။

★ မထုတ်လုပ်ပေးဘူးဆိုရင် ဒီပုဂ္ဂိုလ်စိတ်ညစ်တဲ့ဟာ တော်တော်နဲ့ မပျောက်ဘူး၊ တော်တော်နဲ့မပျောက်ဘူး။ ကိုယ်ခံအားနည်းတဲ့ ပုဂ္ဂိုလ်က နှာစီးတယ်ဆိုရင် တော်တော်နဲ့မပျောက်ဘူး အထဲက immunity နည်းတယ်။ Resilience ကျတယ်လို့ခေါ်တယ် တချို့ကျတော့ Resistance လို့ပြောတယ်။ ဘုန်းဘုန်းကတော့ resilience စကားလုံးကိုသုံးတယ်။

★ စိတ်ဖိစီးမှုဒဏ်၊ အဲ့စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်တယ်။ စိတ်ဖိစီးမှုဒဏ်ရှိရင် မိမိရဲ့အကောင်းမြင်ဝါဒ ပျောက်မသွားတာ ပျောက်သွားရင် ခဏလေးပဲ ပျောက်သွားတယ်။ လူတွေကို ယုံကြည်တဲ့စိတ် လူသားတွေကို ယုံကြည်တဲ့စိတ်၊ မိမိကို ယုံကြည်တဲ့စိတ်၊ အကောင်းကို ယုံကြည်တဲ့စိတ် အကောင်းမြင်ဝါဒတွေ အကြောင်းအကျိုးကိုယုံကြည်တယ်။

★ အဲ့ဒီ အကောင်းမြင်ဝါဒတွေ ကောင်းတာလုပ်ရင် ကောင်းတယ်၊ မကောင်းတာလုပ်ရင် မကောင်းဘူး အဲ့ဒါတွေကို ယုံကြည်တဲ့ အကောင်းမြင်ဝါဒတွေကို ဆက်လက်ထိန်းထားနိုင်တယ်။ ဆက်လက်မထိန်းထားနိုင်ဘူးဆိုရင်တော့ ဆေးပညာအရဆိုရင် ဒါ depress ဖြစ်တယ်ပေါ့။ Mind depression နဲနဲချင်းစိတ်ဓာတ်ကျတာကနေပြီးတော့ အများကြီးစိတ်ဓာတ်ကျတာဖြစ်သွားတယ်။

★ မြတ်စွာဘုရားက လူတွေ အဲ့ဒီလိုဖြစ်နေတာကိုကြည့်ပြီး အရမ်းသနားတယ် အရမ်းသနားတယ်။ သနားတဲ့ မဟာကရုဏာနဲ့ ပါရမီဖြည့်ခဲ့တာ။ အဲ့ဒီ မဟာကရုဏာကြောင့် compassion ကြောင့် သူတစ်ပါးကို သနားတတ်တဲ့စိတ်ကြောင့် မြတ်စွာဘုရားက လောကဓံတွေ ခံနိုင်တယ်။

★ ပါရမီဖြည့်တော့ အချိန်တော့မပြောနဲ့တော့ ဘုရားဖြစ်တဲ့အချိန်တောင်မှ လာပြီးတော့ ဆဲတဲ့သူလည်းရှိတယ်၊ နာမည်ဖြတ်တဲ့လူလည်းရှိတယ်၊ မကောင်းကြံတဲ့သူလည်းရှိတယ်၊ jaleous ဖြစ်တဲ့သူ မနာလိုဝန်တိုတဲ့လူလည်းရှိတယ်၊ ရာထူးလာလုတဲ့ ပုဂ္ဂိုလ်လည်းရှိတယ်၊ လုပ်ကြံတဲ့ပုဂ္ဂိုလ်လည်းရှိတယ် လုပ်ကြံတာအသက်လုပ်ကြံတာ။

★ ဒါပေမဲ့ မြတ်စွာဘုရားက အကောင်းမြင်ဝါဒ မပြတ်ဘူး။ သားတော်ရာဟုလာနဲ့ အရှင်ဒေ၀ဒတ္တကို ညီတူညီမျှချစ်တဲ့ မေတ္တာထားနိုင်တယ်ဆိုတာ အကောင်းမြင်ဝါဒက အရမ်းကိုခိုင်မာလို့ ဘယ်လိုမှမတုန်လှုပ်နိုင်ဘူး။ မဟုတ်ရင် ငါ ဒီလောက်ထိ ပါရမီလေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဖြည့်လာတာ ငါ့မကောင်းပြောတဲ့သူ ရှိသေးတယ်၊ မကောင်းကြံတဲ့သူ ရှိသေးတယ် ငါဖြည့်ထားတဲ့ပါရမီ ဟုတ်မှဟုတ်ရဲ့ဆိုတာ သံသယ၀င်ချင်ဝင်နိုင်သေးတယ် မြတ်စွာဘုရားက လုံးဝမ၀င်ဘူး။ အဲ့ဒီထက်ပိုပြီး မြင့်တဲ့positive thinking အဲ့ဒီထက်ပိုပြီး ခိုင်မာတဲ့ postiive thinking မရှိတော့ဘူး။

★ ဒါကြောင့် သတိတရားက အကောင်းမြင်ဝါဒကို မြင်စေတယ်၊ ရှိစေတယ်။ အခက်အခဲတွေနဲ့ တွေ့ကြုံလာတယ်ဆိုရင်လည်း အဲ့အခက်အခဲတွေကနေ ပြန်ပြီးတော့ Recover ဖြစ်တယ်ပေါ့။ ပြန်ပြီးတော့ နလန်ထူတယ်။

ကျေးဇူးတော်ရှင်Oxfordဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏

“သတိဆိုသည့်ဓမ္မစေတီ (၆.၂.၂၀၁၈)” တရားတော် မှ
ကောက်နှုတ်ဖော်ပြပါသည်။

No comments:

Post a Comment