Monday, December 17, 2018

ဖဿ ရိုက်ချက်

🔺❝ ဖဿ ရိုက်ချက်

ဖဿ ရဲ့ထိပုံဟာ တချို.ပုဂ္ဂိုလ်တွေမှာ

တစ်ရံတစ်ခါ အလွန်ပြင်းထန်ပါတယ် ။

ပြင်းထန်တဲ့အတွက် လွန်ကဲတဲ့ ဝေဒနာနှင့်

တကွ ရာဂ ဒေါသ စသည်အကြီးအကျယ်

ဖြစ်တတ်တယ် ။

🔺❝  မုဒုလက္ခဏာ ဇာတ်ဝတ္တု ❞

ဒီ ဖ ဿ ဟာ ကိလေသာဖြစ်ဖွယ်အာရုံနဲ့

အပြင်းအထန် ထိခိုက်မိရင် အကြီးအကျယ်

ဒုက္ခပေးတတ်ကြောင်း ဇာတ်နိပါတ်တော်တွေ

မှာလဲ တွေ့ရပါတယ် ၊

မုဒုလက္ခဏာဇာတ်မှာဆိုရင် ဘုရားလောင်း

ရသေ့ကြီးဟာ ဘုရင့်နန်းတော်သို့ ဆွမ်းဘုဉ်း

ပေးရန်ကြွသွားတယ် ၊

ကြွတာမှ မြေပြင်ကကြွတာမဟုတ်ဘူး ၊

ဈာန်အဘိညာဉ်အစွမ်းဖြင့် ကောင်းကင်ခရီး

ကကြွသွားတယ် ၊

➖➖➖

အဲဒီနေ့မှာ ဘုရင်က နယ်ထွက်ပြီး ရန်သူုပုန်ကို

နှိမ်နင်းနေခိုက် ဖြစ်တဲ့အတွက် မိဖုရားကြီးက

ဆွမ်းကပ်ဖို့ရန် အသင့်စောင့်နေတယ် ၊

ဒီလိုစောင့်နေတုန်းရသေ့ကြီးက တန်ခိုးနဲ့

ဆိုတော့ ဖြုတ်ခနဲ ရောက်လာတယ် ၊

မိဖုရားကြီးက ဆွမ်းကပျာကယာနဲ့ ထလိုက်တဲ့

အခါ ခါးဝတ်က မတော်တဆ လျှောကျသွားသတဲ့၊

➖➖➖

အဲဒီမှာ ရသေ့ကြီးကလဲ မစောင့်စည်းဘဲနဲ့

ကြည့်လိုက်မိတဲ့အတွက် ဖ ဿ ဒဏ်ကြောင့်

ရာဂကိလေသာတွေဟာ ငုပ်နေရာက ထကြွ

လာပါကုန်ရောတဲ့ ၊

➖➖➖

ဒါကြောင့် ရသေ့ကြီးလဲ အဲဒီ အိမ်တော်မှာ

အခါတိုင်းလို အေးအေးဆေးဆေးနဲ့ ဆွမ်းမစားနိုင်

တော့ဘဲ မတ်တပ်ရပ်လျက်ပဲ ဆွမ်းကို သပိတ်နဲ့ခံပြီး

ကျောင်းကိုသာယူလာခဲ့တယ် ၊

➖➖➖

ကျောင်းကိုပြန်တဲ့အခါကျတော့ လာစဉ်တုန်းကလို

ကောင်းကင်က မကြွနိုင်ရှာတော့ဘူး ၊

ဈာန်အဘိညာဉ်ကလျှောကျပျက်စီးသွားတဲ့အတွက်

မြေပြင်က ခြေကျင်ပဲ လျှောက်ရရှာတယ် ၊

➖➖➖

ကျောင်းရောက်တော့လဲ အဲဒီဆွမ်းကို မစားနိုင်ရှာဘူး၊

ခုံအောက်မှာ အသာချထားပြီးတော့ ပျဉ်ချပ်ခုံပေါ်မှာ

ခုနစ်ရက်ပတ်လုံး လူးလှိမ့်ပြီး ရာဂမီးတောက်လောင်

ခံနေရရှာသတဲ့ ။

➖➖➖

ဘာကြောင့်လဲဆိုတော့ အဲဒီထက် ရှေးကျတဲ့

အလျင့်အလျင် နေ့တွေကလဲ အဲဒီအိမ်တော်ကို

နေ့စဉ် ဆွမ်းစားကြွနေတာပဲ ၊ အဲဒီတုန်ုးကလဲ

သာမန်အနေအားဖြင့်တော့ မြင်မိမှာပဲ ၊ ဒါပေမဲ့

ဖ ဿဒဏ်က မပြင်းထန်သေးလို့ ဘာမှ

မဖြစ်ခဲ့သေးဘူး ၊

➖➖➖

ယခုပြောတဲ့အတိုင်း နောက်ဆုံးနေ့ကျမှ

ထင်ထင်ရှားရှားတွေ့သွားလို့ ရာဂမီးတွေ

ထာလာတာ ၊ နောက်ပြီးတော့ အဲဒီအာရုံဟာ

မြင်ပြီးတဲ့နောက် စိတ်ထဲမှာ မပေါ်လာတော့ဘဲ

ပျောက်သွားရင်လဲ ရာဂမီးတွေ ဆက်ပြီး

လောင်နေမှာမဟုတ်ဘူး၊

➖➖➖

ရှင်ရသေ့ကြီးဖြစ်ပုံကတော့ အဲဒီတစ်ကြိမ်

မြင်တွေ့ပြီးကတည်းက စိတ်ကူးထဲမှာ

မုဒလက္ခဏာ မိဖုရားကြီးရဲ. ရုပ်ပုံသဏ္ဍာန်

ကိုယ်အင်္ဂါ လက္ခဏာတွေဟာ ဓာတ်ပုံ

ရိုက်ယူထားသလိုပဲ တရစ်ဝဲ၀ဲနဲ့ထင်ပေါ်နေတယ်၊

အဲဒီ အာရုံကို ထင်ရှားတွေ့နေတယ် ၊

➖➖➖

အဲဒီလို ထင်ရှားတွေ့နေတဲ့ ဖ ဿဒဏ်ချက်

ပြင်းထန်တဲ့ အတွက်ကြောင့် ရာဂမီးတွေ

အပြင်းအထန်တောက်လောင်နေတာပဲ ။

➖➖➖

🔺❝ ဥမ္မာဒန္တီ နှင့် သိဝိမင်းကြီး ❞

ဥမ္မာဒန္တီဇာတ်မှာ ဘုရားအလောင်းတော်

သိဝီမင်းကြီးလဲ ဥမ္မာဒန္တီကို မြင်တွေ့ရတဲ့

ဖ ဿကြောင့် ရူးနောက်နောက်ဖြစ်သည်

အထိ ဒုက္ခရောက်သွားရတယ် ၊

➖➖➖

စိတ်တွေဘယ်လောက်ဖောက်ပြန်နေသလဲ

ဆိုတာ အကဲခတ်နိုင်အောင် သိဝီမင်းကြီးရဲ.

မြည်တမ်းပုံ ဂါထားကလေးတစ်ပုဒ်မှာ --

`သိကြားမင်းက လိုရာကိုတောင်းယူဖို့ရာ

ဆုလဲပေးမယ် ၊ ဖြစ်လဲဖြစ်နိုင်မယ်ဆိုလို့ရှိရင်

တစ်ည နှစ်ညလောက် အဘိပါရကစစ်သူကြီး

ဖြစ်ပါရစေ ၊ အဲဒီ တစ်ည နှစ်ညလောက်

အဘိပါရက စစ်သူကြီးဖြစ်ပြီး ၊ သူ့ဇနီးဥမ္မာဒန္တီနဲ့

ပျော်မွေ့ပြီးတော့မှ တစ်ဖန် သိဝီမင်းကြီး ပြန်ဖြစ်

ပါရစေလို ဆုတောင်းချင်ပါတယ် ´ တဲ့ ။

ဒီလောက်ထိအောင် မဖြစ်နိုင်တာတွေကို

ယောင်ယမ်းပြီး ပြောဆိုနေပါသတဲ့ ၊

➖➖➖

အဲဒါဘာကြောင့်လဲဆိုရင် ဥမ္မာဒန္တီရဲ.

ရုပ်အင်္ဂါလက္ခဏာအာရုံနဲ့ သူ့စိတ်ထဲမှာ

တွေ့နေရတဲ့ ဖ ဿကြောင့်ပါပဲ ၊

ဖ ဿဟာ မပီသတဲ့ အာရုံနဲ့ မှေးမှေးမှိန်မှိန်

လောက်တွေ့လို့ရှိရင် ဝေဒနာ တဏှာ စသည်ကို

နဲနဲလောက်ပဲ ဖြစ်စေတယ် ၊

အာရုံကိုထင်ထင်ရှားရှား ပီပီသသကြီး

တွေ့ရရင်တော့ ဖ ဿက ဝေဒနာ ၊

တဏှာ စသည်ကို အကြီးအကျယ်

အပြင်းအထန် ဖြစ်စေတတ်တယ်၊

➖➖➖

ဆူးစူးရာမှာ နည်းနည်းလောက်စူးရင်

နည်းနည်းလောက်သာ နာတယ် ၊

များများကြီး စူးရင်တော့ များများကြီးနာတယ်၊

အဲဒါနဲ့လဲ တူပါတယ် ။

➖➖➖➖➖

► ရည်ညွန်း ။ ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူအပ်သော `ပဋိစ္စသမုပ္ပါဒ် ´
တရားတော် (ပထမတွဲ )

❁ အပ္ပမာဒေန သမ္မာဒေထ ✍
❀ရွှင်လန်း❀ချမ်းမြေ့❀ပါစေ❀

No comments:

Post a Comment