Wednesday, December 12, 2018

ဂန္ဓီ၏ ပြေးခြင်းကြောင့် ကျကျန်ခဲ့သော ခြေရာမဟုတ်တဲ့အပိုင်းအစများ

ဂန္ဓီ၏ ပြေးခြင်းကြောင့် ကျကျန်ခဲ့သော ခြေရာမဟုတ်တဲ့အပိုင်းအစများ

တစ်ခါတုန်းက မဟတ္တမ ဂန္ဓီ ဟာ မီးရထားနဲ့ခရီးသွားတယ်။ မီးရထားထွက်ခါနီးမှ ဘူတာရုံကို ရောက်တယ် ။ ပျာယီးပျာယာနဲ့ပေါ့။

မီးရထားကလည်း စ,အထွက် ၊ ဂန္ဓီ ကလည်း မီးရထားပေါ် ပြေးအတတ် ။ ဘယ်ဘက်ဖိနပ်က ရထားပေါ်ကနေ ပြုတ်ကျသွားပါလေရော။

အဲ့ဒီတော့ သူက ရုတ်တရက် စဉ်းစားတယ် ။ ဖိနပ်ဆိုတာ ဘယ် ၊ ညာ နှစ်ဖက်ရှိနေမှ တင့်တယ်တယ်။

ကျန်နေတဲ့ ညာဘက်ဖိနပ် တစ်ဖက်တည်းနဲ့တော့ ကိုယ့်အတွက် ဘယ်လိုမှ အသုံးမဝင်နိုင်တော့ဘူး။

ဒီလိုပဲ ကျကျန်ခဲ့တဲ့ ဘယ်ဘက်ဖိနပ်ဟာလည်း ကောက်ရတဲ့သူအဖို့ ဘယ်လိုမှ အသုံးမဝင်နိုင်ဘူး။

အဲ့ဒီလို တွေးပြီး ချက်ချင်းဆိုသလိုပဲ ညာဘက်ဖိနပ်ကို ချွတ်ပြီး ကျကျန်ခဲ့တဲ့ ဘယ်ဘက်ဖိနပ် ရှိရာကို မှန်းပြီး ပစ်လိုက်တယ်။

ရည်ရွယ်ချက်ကတော့ ကောက်ရတဲ့သူအဖို့ ဘယ်ညာနှစ်ဖက် နဲ့ ဖိနပ်တစ်ရံ ဖြစ်ပြီး အသုံးဝင်စေချင်လို့ပါ တဲ့။

ဒါကြောင့် သူဟာ ဒီနည်းလမ်းကို သုံးလိုက်ခြင်းဖြစ်တယ် ။ သူကတော့ ခြေလျင် ခရီးဆက်ခဲ့တာပေါ့။

ကဲ…အတွေးပိုင်း ခရီးဆက်ကြအောင်စို့ ။ ဖိနပ်ဆိုတာ ဘယ်ညာနှစ်ဖက်ရှိတယ်မလား ။

နှစ်ဖက်မတူဘူး ။ တကယ့်ကို ဆန့်ကျင်ဘက်ကြီး။ ဒါပေမယ့် ဘယ်ဘက်ဖိနပ်ရှိမှ ညာဘက်ဖိနပ်က အသုံးဝင်သလို ညာဘက်မရှိရင်လည်း ဘယ်ဘက်က အသုံးမဝင်ပြန်ဘူး။

ဘယ်ဘက်ဖိနပ်ကြောင့် ညာဘက်ဖိနပ်က တန်ဖိုးရှိနေခြင်းဖြစ်သလို ညာဘက်ဖိနပ်ကြောင့်လည်း ဘယ်ဘက်က အဓိပ္ပာယ်ရှိနေခြင်းဖြစ်တယ် ။

ဒီလိုပါပဲ ပတ်ဝန်းကျင်နဲ့ ဆက်ဆံတဲ့နေရာမှာလည်း မဟတ္တမ ဂန္ဓီ ပေးခဲ့တဲ့ ဖိနပ်တစ်ရံလို အမြင်မျိုးနဲ့ ဆက်ဆံသင့်ပါတယ်။

သူ့ရဲ့  အယူအဆတွေဟာ ကိုယ့်ရဲ့ အယူအဆတွေနဲ့ ခြားနားနေတိုင်း ပြဿနာမရှာသင့်ဘူး။

သူ့အမြင်နဲ့ ခြားနားနေတိုင်းလည်း ကိုယ့်အမြင်ကို ဖျက်ဆီးမပစ်သင့်ဘူး ။ ခြားနားနေတဲ့ အယူအဆတွေဟာ ဖိနပ်တစ်ရံလိုပါပဲ။ အပြန်အလှန်တန်ဖိုးကို ဖြစ်စေပါတယ်။

တို့တစ်တွေအားလုံး ဖိနပ်တွေကို ကိုယ်စီကိုယ်စီ အသီးသီး စီးနေကြရတယ်။ ဖိနပ်တစ်ရံ ရဲ့  ဆန့်ကျင်မှုတန်ဖိုးကိုရော မဟတ္တမဂန္ဓီ လိုမျိုး ဘယ်သူမှ တွေးဖူးကြမှာ မဟုတ်ပါဘူး။

တစ်ခါတစ်ရံမှာ ကိုယ့်အတွက် အသုံးမဝင်တော့တဲ့ ပစ္စည်းတစ်ခုဟာ တစ်ပါးသူအတွက် အလိုအပ်ဆုံး ပစ္စည်းတစ်ခု ဖြစ်နေတတ်ပါတယ်။

တစ်ပါးသူရဲ့  အလိုအပ်ဆုံးပစ္စည်းတစ်ခုကို ဖြည့်ဆည်းပေးခြင်းဟာ အမွန်မြတ်ဆုံး ဒါနပြုနည်းတစ်ခုပါပဲ။

ကဲ…မိတ်ဆွေတို့အားလုံးလည်း မိမိအတွက် ပိုလျှံနေရင် ဒါမှမဟုတ် အသုံးမဝင်တော့ရင် မဟတတ္တမ ဂန္ဓီ လို အတွေးမျိုး ရုတ်တရက်ဝင်လာပြီး တစ်ပါးသူအတွက်

အကောင်းဆုံးဖြည့်ပေးနိုင်ပါစေ လို့ ဆန္ဒပြု ဆုတောင်းပေးလျှက်

Credit _ original.

No comments:

Post a Comment