Tuesday, December 25, 2018

ဆီ မီးစာကုန်၍ မီးငြိမ်းပုံ သံယောဇနသုတ်

" ဆီ  မီးစာကုန်၍ မီးငြိမ်းပုံ သံယောဇနသုတ်
တရားတော်မှ  ကောက်နုတ် တင်ပေးပါသည်
၂၉.၁၁.၆၀
-----------------------------------------------
ခုနင်က  ရုပ်မှာအကြောင်း ဘယ်နှစ်ပါးကြောင့်ဖြစ်သလဲ-?(အကြောင်းလေးပါးကြောင့်ဖြစ်ပါတယ်)
ဒီ  နာမက္ခန္ဓာ လေးပါးမှာတော့ အကြောင်းနှစ်ပါး
ကြောင့် ဖြစ်တယ်' အာရုံ' ဒွါရ။
ဒီတော့ သြော်--ဒီတရားတွေဟာ သူများပြုပြင်ထားလို့ဖြစ်တဲ့ ရုပ်နာမ်တရားပဲလို့  မဆိုနိုင်ဘူးလား-?
(ဆိုနိုင်ပါတယ်ဘုရား)  ဒါဖြင့် သူ သင်္ခတလား
အသင်္ခတ တရားလား-?(သင်္ခတပါဘုရား)"
အဲ--သင်္ခတပဲ။ သင်္ခတတော့ သိပြီ'
သို့သော်  သင်္ခတ၏ လက္ခဏာကို ခင်ဗျားတို့က
မသိသေးဘူး။ သင်္ခတတော့ သိပြီ' သြော်--ဆရာ
ဘုန်းကြီးပြောလိုက်တယ်' ကိုလည်း နဂိုကရိပ်မိတယ်' ရုပ်တည်းဟူသောတရား သူများပြုပြင်ထားလို့
ဖြစ်တာ။ နာမ်တည်းဟူသော နာမ်မက္ခန္ဓာလေးပါးတို့သည်လည်း သူများဆိုတဲ့ နှစ်ပါးပြုပြင်ထားလို့ ဖြစ်တော့ သင်္ခတတော့ မသိပေဘူးလား--"
ဒါဖြင့် ဒီတရားသာ သင်္ခတတရား ရှင်းပြီလား(ရှင်းပါပြီ)။ဦးသန်ဒိုင်လဲ သိပြီ' ကိုထွန်းရင်သင်္ခဏလက္ခဏာ
သိဖို့ လိုသေးတယ်ကွ' သင်္ခတ သိတာတခြား
သင်္ခတ လက္ခဏာ သိတာတခြား။ မဟုတ်ဘူးလား-?
(ဟုတ်ပါတယ်ဘုရား)။
ဒီလူသိတာက တခြား' လူ၏လက္ခဏာသိတာတခြား
လူဆိုတာကတော့ ပခုံးနှစ်ဖက်ကြားက ခေါင်းပေါက်တာက လူ။  လူ့လက္ခဏာကတော့ ဒီထဲမှာ တခြားရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်မတူဘူး(တင်ပါ)
တူပါ့မလား-?(မတူပါဘုရား)"
လူသိတာက တခြား။ လူ့လက္ဓဏာသိတာ တခြား။
ဒီမှာ--သင်္ခတသိတာက တခြား' သင်္ခတလက္ခဏာသိတာက တခြား'  ဒါဖြင့် အခု သင်္ခတ သိပြီ'
မသိသေးဘူးလား-?(သိပါတယ်ဘုရား)
ပြန်တစ်ခေါက်ပြောလိုက်မယ် သုံးခေါက်ပြည့်အောင်
ဒီတရားက သင်္ခတတရားလို့ဆိုရင် ဘယ်သူပြုပြင်ထားတာလဲလို့မေးရင် "ရူပက္ခန္ဓာဟာ"ကံ စိတ် ဥတု
အာဟာရ--(မှန်ပါ)
ဟင်--ကံ စိတ် ဥတု  အာဟာရသည်ပင် ပြုပြင်ထားခြင်းကြောင့် ရုပ်လက္ခဏာမပေါ်ဘူးလား?(ပေါ်ပါတယ်)" ဒါဖြင့် သူဘာတရား ခေါ်မလဲ-?(သင်္ခတပါ)
ဒီ နာမက္ဂန္ဓာလေးပါးတော့ ဘယ်နာမက္ခန္ဓာလေးပါးမဆို  အာရုံဒွါရက မပြုပြင်ရင်ပေါ်ပါ့မလား-?(မပေါ်ပါ)
မပေါ်လိုရှိရင် ဘာတရားခေါ်မလဲ-?(သင်္ခတပါ)
အင်း---သင်္ခတကို ခင်ဗျားတို့ သိပြီ။
ဘုန်းကြီး ကျေနပ်ပြီ။ သို့သော် နိဗ္ဗာန်ရောက်ဖို့က
သင်္ခတသိရုံနဲ့ ရောက်မှာလား' သင်္ခတလက္ခဏာသိမှ
ရောက်မှာလား?(သင်္ခတလက္ခဏာသိမှရောက်မှာပါ)
အဲ--သင်္ခတလက္ခဏာသိမှ ရောက်မှာဆိုတော့--
ဒါကြောင့် ဟိုဟာက သင်္ခတသိတာက ဉာတပရိညာ'
သင်္ခတ လက္ခဏာသိတာက တီရဏပရိညာ ဆိုတော့
လုပ်ရဦးမယ်--" အဲဒီတော့---
"သင်္ခတဿ သင်္ခတလက္ခဏာနိ"လို့ အင်္ဂုတ္တိုရ်ပါဠိတော်မှာ  ဘုရားကိုယ်တော်တိုင် ဟောထားတာက
"ဥပ္ပါဒေါ  ပညာယတိ' ဝယော ပညာယတိ"မင်းဖြစ်အောင်ကြည့်ဦး'  ဥပ္ပါဒနဲ့ ဝယ မင်းမြင်အောင်ကြည့်ဦး။
ဖြစ်ပျက်တွေ မြင်အောင်ကြည့်ဦး-(မှန်ပါဘုရား)
ဒါမှ  သင်္ခတလက္ခဏာက သွားမြင်တယ်---
ရှင်းပြီလား-?(ရှင်းပါပြီဘုရား)
ဒါဖြင့် သင်္ခတ လက္ခဏာက ဘယ်လို ရှိသလဲ။
ဖြစ်တတ် ပျက်တတ်တဲ့ လက္ခဏာရှိတယ်-(တင်ပါ)
ဒါဖြင့် ခင်ဗျားတို့ကြိုက်တဲ့ ကမ္မဋ္ဌာန်းတစ်ခုခုကို
ဖြစ်တယ်' ပျက်တယ် မြင်အောင်ကြည့်ပါဦး။
မကြည့်ရဘူးလား-?(ကြည့်ရပါတယ်ဘုရား)
ကြည့်ရတော့ ဖြစ်တာနဲ့ ပျက်တာ' ဖြစ်တာနဲ့ပျက်တာပဲလို့  ဦးသန်ဒိုင်ကမြင်မြင်' ဦးထွန်းရင်က မြင်မြင်'
ဒါ  ဟန်ကျပြီ  ဒါပဲရှု'  ဝိပဿနာမဂ်က  မြင်တာ'
ဒီ့ပြင်မဂ်က မြင်တာမဟုတ်ဘူး--(မှန်ပါ)
သင်္ခတလက္ခဏာမြင်တာ ဘယ်သူကမြင်တာတုံး-?
(ဝိပဿနာမဂ်က မြင်တာပါ)"ဝိပဿနာမဂ်ကမြင်ပြီ'
မြင်အောင်ကြိုးစားရှု။  မြင်အောင်ကြိုးစားရှု။
ဆရာဘုန်းကြီးက မြင်အောင်ကြိုးစားရှုလို့ သင်္ခတလက္ခဏာတွေကို ကြပ်ကြပ်ကြည့်ပေးပါ။
သင်္ခတလက္ခဏာတွေကို ကြပ်ကြပ်ကြည့်ပေးရင်
သင်္ခတလက္ခဏာဟာ ရှုပေးရင်' သင်္ဂြိုဟ်က သင်္ခတ
ပြတာ' သင်္ခတလက္ခဏာပြတာ မဟုတ်ဘူး(တင်ပါ)
ရုပ်က  ကံ  စိတ်  ဥတု  အာဟာရကြောင့် ဖြစ်တယ်ဆိုတာ သင်္ခတသာ ပြတာ။
နာမ်က  အာရုံဒွါရကြောင့် ဖြစ်တယ် ဆိုရင် သင်္ခတပြတာ။  သင်္ခတလက္ခဏာကျတော့ကို--တဲ့
အချို့ ကျမ်းတွေမှာ ပြတာက သင်္ခတလက္ခဏာက
"ဥပ္ပါဒေါ  ပညာယတိ' ဝယော ပညာယတိ"ကိုမြင်အောင်ကြည့်ကွ  ရှင်းပြီလား-?(ရှင်းပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်မှာ ဘာမြင်အောင်ကြည့်ရမလဲတဲ့-?(သင်္ခတကိုမြင်အောင်ကြည့်ရပါမယ်)
အင်း--သင်္ခတလက္ခဏာကို မြင်အောင်ကြည့်ရမယ်'
လက္ခဏာမြင်အောင် ကြည့်ရမယ်--တဲ့။
လက္ခဏာမြင်အောင်ကြည့်တဲ့အခါကျတော့မှ
လက္ခဏာမြင်အောင်ကြည့်တော့ ဘုန်းကြီးက---
အကျဉ်းချုံးဟောထားတာ--"
ဖြစ်ပျက် မြင်အောင်ကြည့်-(မှန်ပါ) မုံးအောင်ကြည့်
ဆုံးအောင်ကြည့်။ သင်္ခတလက္ခဏာ ကုန်သွားတာပေါ့။  ဆုံးတော့ သင်္ခတလက္ခဏာ မကုန်သေးဘူးလား-?(မှန်ပါ)"  သင်္ခတလက္ခဏာကုန်လို့ရှိရင်
ဘယ်သူ အစားထိုးမတုံး--တဲ့
အသင်္ခတလက္ခဏာ ပေါ်ရမယ်--" ရှင်းရဲ့လား--။
သင်္ခတလက္ခဏာကုန်သွားပြီ' ခင်ဗျားတို့က
သင်္ခတဆိုလို့ရှိရင် မုန်းပြီ--"  ဆုံးပြီ--ဆိုတော့
ဒီမဂ္ဂင်ရှစ်ပါးဖြစ်ပြီး အသင်္ခတလက္ခဏာ မမြင်ဘူးလား-?(မြင်ပါတယ်ဘုရား)။
အသင်္ခတလက္ခဏာက ဘာတုံးလို့  မေးတော့
ဘုရားက  မင်းနိဗ္ဗာန်မြင်တာ မမြင်တာ မင်းမရှင်းဘဲနေမှာစိုးတဲ့အတွက် "ဥပ္ပါဒေါ နပညာယတိ"
ဥပ္ပါဒေါ-ဖြစ်ခြင်းသည်' နပညာယတိ-မင်းဉာဏ်ထဲ
မထင်ဘူးကွ။ ဝယော-ပျက်ခြင်းသည်' နပညာယတိ-
မင်းဉာဏ်ထဲ မထင်ဘူးကွ။
ဖြစ်ခြင်း ပျက်ခြင်း မထင်လို့ရှိရင် အဲဒါ  နိဗ္ဗာန်မြင်တယ်လို့မှတ်--။ ပေါ်ပြီလား---
ဖြစ်ခြင်းပျက်ခြင်း မမြင်လို့ရှိရင်-?(နိဗ္ဗာန်)'
ဖြစ်ခြင်း ပျက်ခြင်း မြင်ရင် သင်္ခတမြင်ရမယ်။
ဖြစ်ခြင်း ပျက်ခြင်း မမြင်တော့ပါဘူးဆိုရင်?(နိဗ္ဗာန်ပဲ)
အသင်္ခတနယ်။ ခင်ဗျားတို့က သင်္ခတကနေပြီး ဆုံးအောင်လိုက်မှ  အသင်္ခတရောက်မယ်။
သဘောကျပြီလား-?(ကျပါတယ်)'
သင်္ခတဆုံးရင်-?(အသင်္ခတ)"
သင်္ခတဆုံးအောင် ဟိုဉာဏ်နဲ့ ရှေ့နောက်လိုက်လိုက်လို့ရှိရင်  သုံးချက်မြောက်ကျတော့ အသင်္ခတမြင်တဲ့ဉာဏ်လာမယ်-----မဂ်ဉာဏ်လာမယ်။
ဒါဖြင့် ယထာဘူတဉာဏ်နဲ့  နိဗ္ဗိန္ဒဉာဏ်ဟာ သင်္ခတနယ်ပဲ'  မဆိုနိုင်ဘူးလား-?(ဆိုနိုင်ပါတယ်)'
မဂ်ဉာဏ်က အသင်္ခတနယ်--?(ဆိုနိုင်ပါတယ်)'
အသင်္ခတ နိဗ္ဗာန်ကို မြင်တယ်ဆိုတော့ သြော်--ဒါဖြင့်
သင်္ခတသိပြီး  သင်္ခတလက္ခဏာသိရင် တို့သည်--
သစ္စာနှစ်ပါး ကိုယ်တိုင်ရတယ်။ သစ္စာနှစ်ပါး တို့နဲ့
အိုးစားကွဲတယ် မဆိုနိုင်ဘူးလား-?(ဆိုနိုင်ပါတယ်)
ဒီဘက်က သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာနဲ့ အိုးစားကွဲတယ်။ ဒီဘက်က နိရောဓသစ္စာနဲ့ ဒီဘက်က မဂ္ဂသစ္စာနဲ့
ကိုယ်ပိုင်လာဖြစ်တယ်--။
မဖြစ်လာဘူးလား-?(ဖြစ်လာပါတယ်)။
ဒီလိုဆိုလို့ရှိရင် ခင်ဗျားတို့မှာ ကမ္မဋ္ဌာန်းသာ လမ်းဆုံးအောင် သင်လွှတ်လိုက်သည်လို့ အောက်မေ့ပါ။
ရှင်းပြီလား-?(ရှင်းပါပြီဘုရား)
ကိုင်း--နာရီစေ့ပြီ တော်ကြဦးစို့နော်---"
ချမ်းသာခြင်းလက်ငင်းရကြပါစေ---

No comments:

Post a Comment