❀ မဇ္ဈိမပဋိပဒါဆိုတာ ချမ်းသာကိုပဲ ခံစားတာလည်း မဟုတ်ဘူး။ ဆင်းရဲကိုပဲ ခံစားတာလည်း မဟုတ်ဘူး။
❀ မြတ်စွာဘုရားက ခံစားသင့်တဲ့ ချမ်းသာဆိုရင် ခံစားမယ်၊ ဆင်းရဲခံသင့်ရင် ခံရမယ်ဆိုတဲ့ မဇ္ဈိမပဋိပဒါ အလယ်လမ်းကို လျှောက်ခိုင်းတယ်။
❀ အဲဒီမှာ အလယ်လမ်းလို့ ဆိုတာ ဟိုဘက်မရောက်၊ ဒီဘက်မရောက် ဒီလို လမ်းမျိုးကို ပြောတာ မဟုတ်ဘူးနော်။
❀ အလယ်လမ်းဆိုတဲ့ အဓိပ္ပါယ်က ချမ်းသာ ခံစားသင့်ရင် ခံစားရမယ်။ တရားသဖြင့်ရလာတဲ့ `ဓမ္မသုခ´ကို မစွန့်ပယ်ရဘူး။
❀ ဆင်းရဲကိုသာခံရမယ် ဆိုတဲ့ဝါဒနဲ့ ချမ်းသာကိုသာ ခံစားရမယ်ဆိုတဲ့ ဝါဒဟာ တစ်ဖက်စွန်းရောက်နေတယ်။ အဲဒီလို အစွန်းမရောက်ဘဲနဲ့ မှန်ကန်တဲ့ အလယ်လမ်းစဉ်တစ်ခုကို ချမှတ်တယ်။
မဇ္ဈိမပဋိပဒါကို Middle ဒWayလို့ ဒီလို ဘာသာပြန်ကြတယ်။ အခုခေတ် နိုင်ငံရေး ပေါ်လစီလို ကြားနေဝါဒဆိုတာ Non aligned ဒီလိုဟာမျိုးကို ပြေတာ မဟုတ်ဘူး။
❀ မဇ္ဈိမပဋိပဒါဆိုတာ အလယ်လမ်းဟာ မှန်ကန်တဲ့ လမ်းစဉ် တစ်ရပ်ကို မြတ်စွာဘုရားက ချမှတ်ပြီးတော့ ပြောတာ။ ဟိုဘက်မပါ ဒီဘက်မပါ ကြားမှာဝင်ထိုင်နေတဲ့ဝါဒလို့ တစ်ချို့ကလည်း ထင်တယ်နော်။ စည်းရိုးပေါ်တက်ထိုင်နေတဲ့လမ်းက မဇ္ဈိမပဋိပဒါလမ်းလို့ ထင်နေကြတယ်။
❀ ဟိုဘက်လည်းမရောက် ဒီဘက်လည်းမရောက် အဲဒါမျိုးကို ပြောတာ မဟုတ်ဘူး။ အစွန်းရောက်ပြီးတော့ တစ်ဘက်သတ်ဝါဒမျိုးကို မလုပ်ရဘူးလို့ ဆိုလိုတာ။
ဒေါက်တာ နန္ဒမာလာဘိဝံသ ဆရာတော်
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။
ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု။
Crd:::
MgShweOo
Ngaoh
No comments:
Post a Comment