Monday, December 3, 2018

ရုန်းထွက်လို့ လွှတ်မြောက်ခြင်း

ရုန်းထွက်လို့ လွှတ်မြောက်ခြင်း
=================

#စိတ်ပျော်ရွှင်မှုကိုထိခိုက်လာရင်
#စိတ်ဖိစီးမှုများလာရင်
#အနိုင်ကျင့်တယ်လို့ခံစားလာရရင်
#သိမ်ငယ်စိတ်ဝင်လာရင်
#ဘဝတိုးတက်မှုမရှိဘူးလို့မြင်လာရင်
#အရမ်းမျှော်လင့်ထားပြီးဖြစ်မလာရင်
#ရယူခြင်းတစ်မျိုးထဲနဲ့သာရပ်တည်တာကြာရင်
#ပေးဆပ်ခြင်းတစ်မျိုးထဲနဲ့သာရပ်တည်တာကြာရင်
#ယုံကြည်ချက်တွေနည်းပါးလာရင်
#ပတ်ဝန်းကျင်ကိုအလေးပေးလွန်းရင်
#မျှော်လင့်ချက်နဲ့လက်တွေ့ကွာဟလွန်းရင်
#သစ္စာဖောက်ခံရတယ်လို့ထင်မြင်လာရင်
#နားလည်မှုတွေမပေးနိုင်တော့ရင်
#ဘယ်လိုခရီးဆက်မလဲ?

©       ဒါပြီးရင် ဘာလုပ်မလဲဆိုတာကြိုတွေးထားပါ။ ဒီတစ်ခုက လွှတ်ရင်ပြီးပြီလို့ လွယ်လွယ်မတွေးစေချင်ဘူး။ဒီကိစ္စက ပြန်လည်ပြီး လက်ခံပေးလို့ရ/မရ နောက်ဆုံးအကြိမ် ပြန်တွေးသင့်ပါတယ်။

အဖြေရရင် တော့ ကိုယ်ရွေးတဲ့လမ်းအတိုင်း အဆုံးထိရောက်အောင်သွားပါ။အရာရာကို နားလည်ပေးနိုင်အောင်ကြိုးစားပါ။ ရုန်းထွက်မယ်လို့ စိတ်ကူးရင် အပြီးအပြတ်ဖြတ်လိုက် ဘဝသစ်စပါ။

#ဘာတွေမျှော်လင့်ထားရမလဲ?

©      အရာရာဟာ အကောင်းကြီးပဲ ဖြစ်တည်နေတာမဟုတ်ဘူး။ ရုန်းထွက်လို့ လွှတ်မြောက်ခြင်းဟာ သင့်အတွက်ပျော်ရွှင်မှု အစစ်အမှန်ကို မပေးစွမ်းနိုင်ရင် သင်ဟာ ရှုံးနိမ့်သူတစ်ယောက်ပဲ။

ဒါကြောင့် ရုန်းထွက်နိုင်ရင် ပျော် ရွှင်မှုကိုရှာ တန်ဖိုးထားပါ မေ့သင့်တာတွေကို မေ့ခဲ့ပါ အနှောက်အယှက်မဖြစ်ပါစေနဲ့။

©       ရပ်တည်မယ်စိတ်ကူးပြီး ပြန်လည်ကြိုးစားမယ်ဆိုရင်လဲ အရာရာကိုပြောင်းလဲပစ်ပါ။ အဲဒီပြောင်းလဲမှုတွေထဲမှာ အရေးအပါဆုံးက သင့်ရဲ့စိတ်ဓာတ်ပဲဖြစ်တယ်။

နားလည်ပေးနိုင်အောင်ကြိုးစားပါ။ သင်သိထားရမှာက မရနိုင်တာကို မမျှော်လင့်မိစေနဲ့ သင့်အတွက် နောင်တဆိုတာမရစေနဲ့ အဆိုးထဲက အကောင်းကိုရှာ နေတတ်အောင်သာပြင်ဆင်ပါ။

#crd MgMg Myo Naing

No comments:

Post a Comment