မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က လဟုပရိဝတ္တခေါ စိတ္တံ – စိတ်ဆိုတာ တကယ်ကို အလျင်အမြန်ကြီးပြောင်းလဲဖြစ်ပေါ်နေတာတဲ့၊ ဥပမာပိ န သုကရာ – ဥပမာနဲ့နှိုင်ယှဉ်ပြီးပြောဖို့တော် မလွယ်ဘူးတဲ့၊ သိပ်မြန်လွန်း အားကြီးတယ်ပေါ့၊ စိတ်ရဲ့ ပြောင်းလဲဖြစ်ပေါ်မှုဟာ အလွန်မြန်သည့်
အတွက်ကြောင့် သာမန်သတိကလေးနဲ့ ဒီစိတ်ရဲ့ အခြေအနေမှန်ကို သိဖို့ဆိုတာ အလွန်ခဲယဉ်းတယ်၊ စိတ်ကို စိတ်နဲ့ ကြံတွေးပြီးတော့ သိကြရမှာ ဖြစ်သည့်အတွက်ကြောင့် ကိုယ်ကြံတွေးပြီါ်တော့ သိကြရတဲ့ စိတ်တွေ၊ ဖြစ်နေဆဲစိတ်ကို အဲဒီစိတ်နဲ့ ပြန်ပြီးတော့ သိနိုင်တာတော့ မဟုတ်ဘူး၊ ရှေ့ကဖြစ်သွားတဲ့စိတ်ကို နောက်က လိုက်ပြီးတော့ သိတဲ့ စိတ်၊ ရှေ့စိတ်ကို နောက်စိတ်က သိတယ်ဆိုတာမျိုးသာ ဖြစ်နိုင်တယ်။
ဒီစိတ်ကလေးကို ဒီစိတ်ကလေးနဲ့ ပြန်သိတယ်ဆိုတာ မဖြစ်နိုင်ဘူး။
ဒါကြောင့်မို့ ရှေ့ကဖြစ်သွားတဲ့စိတ်ကို နောက်ကလိုက်ပြီးတော့ သိအောင် စိတ္တာနုပဿနာ လုပ်ရမယ်တဲ့၊ ရှေ့ကဖြစ်သွားတဲ့စိတ်ကို နောက်စိတ်က လိုက်ပြီး မသိဘူး၊ အမှတ်တမဲ့ နေမယ်ဆိုရင် မှားယွင်းတဲ့ အတွေးတွေ ဝင်လာနိုင်တယ်၊ မှားယွင်းတဲ့ အတွေးတွေ ဝင်လာလို့ ရှိရင် တွယ်တာမှုတွေရော နောက်က ဆက်တိုက်လာမှာ၊ ဒါကြောင့်မို့
စိတ္တာနုပဿနုပဿနာကိုဟောတယ်ဆိုတာ မြဲနေတယ်ဆိုတဲ့ နိစ္စအတွေးတွေ၊ မှားယွင်းတဲ့ အယူအဆအတွေးတွေ အထင်တွေအမြင်တွေကို ဖယ်ရှားပစ်ဖို့ရာအတွက် စိတ်ကလေးရဲ့ သဘာဝကို သိဖို့ စိတ်ကို အနီးကပ်စောင့်ကြည့်တဲ့ နည်းစနစ်ကို ပေးတဲ့အနေအားဖြင့် စိတ္တာနုပဿနာကို ဟောတာ။
စိတ္တနုအဿနာဆိုတော့ စိတ်ရဲ့ သဘာဝလေးကို အရင်ကြည့်။ စာပေမှာ စိတ်လို့သုံးလိုက်လို့ရှိရင် တစ်ခါတစ်ရံ စေတသိက်တွေ ပါတယ်၊ ဒီနေရာမှာက စိတ်လို့ပြောလိုက်လို့ရှိရင် စေတသိက်တွေကို
ပြောတာမဟုတ်ဘူး၊ အာရုံကို သိတဲ့ သဘာဝ တရားလေးကိုသာ ဦးတည် ပြောတာ။ စာပေကျမ်းဂန်မှာ စိတ်လို့ ဆိုလိုက်ရင် လူတွေရဲ့ အသိစိတ်ရော၊ ခံစားချက်တွေရော၊ တော်တော်များများမှာ ပါဝင်တယ်၊ တစ်ခါတစ်ရံကျတော့ စိတ်လို့ ပြောလိုက်တာဟာ သမာဓိကို ရည်ညွှန်းတာလည်းရှိတယ်၊ ဝိသုဒ္ဓိမဂ်မှာ ကိုးကားထားတဲ့ သီလေပတိဋ္ဌာယ နရော သပယော၊ စိတ္တံ ပညဉ္စ ဘာဝယံ – ဆိုတဲ့နေရာမှာ စိတ်နဲ့ ပညာကို တိုးပွားစေရမယ်လို့ ဆိုထားတဲ့ စိတ္တ ဆိုတာ စိတ်ကို ဦးတည်ပြီးတော့ သမာဓိကို ပြောတာ၊ အဲဒါကျတော့ သမာဓိလို့ ယူရမယ်။
စိတ္တေန နိယျတေ လောကေ – စသည်ဖြင့် ပြောတဲ့အခါကျတော့ စိတ်ရော စေတသိက်ရော အားလုံးနှစ်ခုလုံးဆိုင်တဲ့ အရာမျိုးတွေပေါ့၊ စိတ်ကို ပဓာနထားပြောလိုက်လို့ရှိရင် နောက်က စိတ်နဲ့ ယှဉ်တဲ့ စေတသိက်တွေလည်း ပါလာတယ်။
အခု စိတ္တနုပ၍နာကျတော့ အဲဒီသဘောမျိုးမဟုတ်ဘဲနဲ့ – အာရမ္မဏဝိနနလက္ခဏာ – မျက်စိက မြင်တဲ့အာရုံ၊ နာဒက ကြားတဲ့ အာရုံ၊ နှာခေါင်းက ရှုရှိုက်လိုက်ရတဲ့ အာရုံ၊ လျှာက လျက်လိုက်ရတဲ့ အာရုံ၊ ခန္ဓာကိုယ်က ထိတွေ့ရတဲ့ အာရုံ၊ စိတ်ထဲက ကြံတွေးရတဲ့ အာရုံ၊ အဲဒီအာရုံတွေကို သိတဲ့ လက္ခဏာရှိတဲ့ သဘာဝတရားကို ပြောတာ၊
စိတ်ဆိုတာ အာရုံကို သိတဲ့သေဘောလေး၊ သိတဲ့ငဘောလို့ ဆိုတာ အာရုံကို ရယူပေးတဲ့ သဘောလေး၊ အဲဒီထဲမှာ ခံစားမှုဆိုတာ မပါဘူး၊ ကြံတွေးမှုဆိုတာ မပါဘူး၊ စေ့ဆော်မှုဆိုတာတွေ မပါဘူး၊ အာရုံကို ရယူပေးမှု သက်သက်ကလေးကို စိတ်လို့ခေါ်တယ်လို့ ဒီလိုမှတ်ရမယ်၊ အဲဒါကို စာပေကျမ်းဂန်က အာရမ္မဏ ဝိဇာနနလက္ခဏံ စိတ္တံ – တဲ့၊ စိတ်ကို သိချင်ရင် သူရဲ့ Characteristic လို့ခေါ်တဲ့ လက္ခဏာ ရှုထောင့်က ကြည့်ရတယ်၊ သဘာဝတရားတိုင်းမှာ သဘာဝလက္ခဏာဆိုတာ ရှိတယ်၊ ကိုယ်ပိုင် အမှတ်လက္ခဏာလေးတွေ ရှိတယ်။
အမှတ်အသားလက္ခဏာဆိုတာ နှစ်မျိုးရှိတယ် လို့ မှတ်ထားရမယ်၊ သဘာဝတရားတိုင်းကို ကြည့်လိုက်လို့ရှိရင် လက္ခဏာသည် နှစ်ခုရှိတယ်၊ တစ်မျိုးက သဘာဝလက္ခဏာ၊ နောက်တမျိုးက သာမည လက္ခဏာ၊
သဘာဝလက္ခဏာဆိုတာ ကိုယ်ပိုင်အမှတ်အသားလေးတွေကိုခေါ်တာ၊ အများနဲ့ မဆက်ဆံဘူး၊ ကိုယ်နဲ့သာ သက်ဆိုင်တဲ့ အမှတ်အသားလေးတွေ၊ ဒါလေးတွေကို သဘာဝလက္ခဏာ Individual Characteristic လို့ ခေါ်တယ်။
အများဆိုင် လက္ခဏာကိုတော့ Universal or General Characteristic သာမညလက္ခဏာလို့ခေါ်တယ်၊
ဆိုပါစို့ – ဖဿ ဆိုတဲ့ သဘာဝတရားမှာ အာရုံနဲ့ စိတ်ကို တွေ့ဆုံပေးခြင်းလက္ခဏာ ရှိတယ်၊ သညာက အာရုံကို မှတ်သားပေးခြင်းလက္ခဏာ ရှိတယ်၊ ဒါကိုယ်ပိုင် အမှတ်အသားလေးတွေ၊ အဲဒီ ဖဿ ဝေဒနာ သညာ စတဲ့ ဒီသဘာဝတရားတွေဟာ မမြဲတဲ့ သဘော၊ ဆင်းရဲတဲ့ သဘော၊ အစိုးမပိုင်တဲ့ အနတ္တသဘောရော မရှိဘူးလား၊ အနိစ္စ ဒုက္ခ အနတ္တလို့ဆိုတဲ့ ဒီသဘောတွေကျတော့ သာမညလက္ခဏာ လို့ခေါ်တယ်။ ဝိပဿနာ ရှုပြီဆိုလို့ရှိရင် ဘယ်ကစရတုန်းဆိုလို့ရှိရင်
သဘာဝလက္ခဏာက စရတယ်၊ Individual လက္ခဏာကို သေချာမိအောင် သတိကပ်ရတယ်၊ ကိုယ်ပိုင်လက္ခဏာလေးတွေကို မသိဘဲနဲ့
ဖြစ်တယ်ပျက်တယ် သွားလုပ်လို့ မရသေးဘူးတဲ့၊ အတွေး အဖြစ် အတွေးအပျက် ဖြစ်သွားလိမ့်မယ်၊ မမြဲသေးတဲ့သဘော သွား စဉ်းစာရင် အတွေးထဲမှာပေါ်တဲ့ မမြဲတာပဲ ဖြစ်မယ်၊ သစ္ဆိကဋ္ဌ ပရမတ္ထ လို့ခေါ်တဲ့ တကယ့်ကို ကိုယ်တိုင်သိတဲ့ ပရမတ္ထအနှစ် လက္ခဏာထိအောင် မဆိုက်ထိနိုင်ဘူး၊ အဲဒါဆို ဝိပဿနာဉာဏ် မဖြစ်သေးဘူးလို့ ဒီလိုပြောတယ်။
မှန်ကန်တဲ့အတွေးက ဝိပဿနာကို ကျေးဇူးပြုပေမယ့်လို့တကယ့် ဝိပဿနာအစစ်ဆိုလို့ရှိရင် တကယ်ဖြစ်နေတာကို တကယ်မြင်တဲ့ဟာမှ ဝိပဿနာအစစ်လို့ ပြောရမှာပေါ့၊ ဒါကိုပဲ ပရမတ်မြင်တယ်လို့ ပြောတာပေါ့နော်၊ သစ္ဆိကဋ္ဌ တဲ့ တကယ် မှန်ကန်တဲ့သဘော၊ ပရမတ္တ တဲ့ လုံးဝပြောင်းလဲမှု မရှိတဲ့ တကယ့်အစစ်အမှန်သဘော၊ အဲဒီ ငဘောကို မြင်ဖို့ရာ မြင်ရတဲ့ အနေအထားထိအောင် ရှိရမယ်၊ တွေးကြည့်တဲ့အတွေးဟာ အမှန် မဟုတ်ဘူး၊ စိတ်ထဲက ပုံဖော်ထားတာသာ ဖြစ်တယ်ပေါ့၊
ပရမတ်ဆိုတာ တကယ့်အရှိ၊ တကယ့်အသိနဲ့ သိတဲ့ဟာမျိုးမှ ပရမတ္တ၊ အဲဒီတော့ တွေးပြီးတော့ကြည့်တာမျိုးကတော့ မှန်ကန်တဲ့ အတွေးဆိုရင် အထောက်အကူပြုပါတယ်၊ မပြုဘူးပြောတာ မဟုတ်ဘူး၊ မှန်ကန်တဲ့ အတွေးနဲ့ တွေးလို့ရှိရင် အထောက်အကူဖြစ်တယ်၊ သို့သော် အဲဒီအတွေးတင် ဆိုတလို့ရှိရင် အသိဉာဏ် မဟုတ်သေးဘူးပေါ့၊
ဒါကြောင့်မို့လို့ ဝိပဿနာရှုပြီ ဆိုလို့ရှိရင် နံပါတ်တစ် ဘာက စရတုန်ဒ၊ သဘာဝတရားကို ရှုတော့မယ် ဆိုလို့ရှိရင် ရုပ်ကို မြင်အောင်ကြည့်မယ်၊ နာမ်ကို မြင်အောင်ကြည့်မယ်၊ သို့မဟုတ် ဖဿကို မြင်အောင်
ကြည့်မယ်၊ ဝေဒနာကို မြင်အောင်ကြည့်မယ်၊ ဖဿ၊ ဝေဒနာဆိုတာ ဘယ်ပုံစံနဲ့ ကြည့်ရမှာတုန်းဆိုလို့ရှိရင် Individual Characteristic လို့ ဆိုတဲ့ သဘာဝလက္ခဏာရှုထောင့်က ကြည့်ရမယ်။
ဖဿကို ကြည့်လိုက်တာနဲ့ ဘာသွားတွေ့တုန်းဆို စိတ်နဲ့ အာရုံ တွေ့ပေးတဲ့သဘောပါလား၊ စိတ်အာရုံ တွေ့အောင် ဆက်သွယ်ပေးတဲ့သဘောပါလား ဆိုတာလေးကို သွားပေါ်တယ်၊ ဒါက ဘာကို သိတာတုန်းလို့ဆို ဖ သကို သိတယ်၊ ဖဿကို သိတာ ဘယ်ရှုထောင့်က သိတာတုန်းဆို ဖဿရဲ့ Characteristic လက္ခဏာ ရှုထောင့်က သိတာတဲ့၊
သဘာဝလက္ခဏာ တွေမှာလည်းပဲ ထိုကအတူပဲ သဘာဝ တရားတွေကို သိချင်ပြီဆိုလို့ရှိရင် ထို သဘာဝတရားတွေရဲ့ သွင်ပြင်လက္ခဏာကနေ မှတ်တာတဲ့၊ ဖဿကို တွေ့တယ်ဆိုရင် အာရုံနဲ့ စိတ် contact လုပ်ပေးတယ် ဆက်သွယ်ပေးတယ် ဆိုတဲ့ သဘော၊ စိတ်ဟာ အာရုံပေါ် ထိကပ်တယ်၊ ထိရောက်တယ် ဆိုတဲ့သဘော၊ ဝေဒနာကို သိရင် အာရုံ၏ အရသာကို ခံတယ် အတွေအကြုံရှိတယ် ဆိုတဲ့သဘော၊ သညာကို သိရင် အာရုံကို အမှတ်သားဖြင့် သိတယ်ဆိုတဲ့ သဘော၊ ဒါလေးတွေကို သွားတွေ့တယ်။
နာမ်ကိုတွေ့လို့ရှိရင်လည်း ခြုံငုံပြီးတော့ နာမ်ဆိုတာ အာရုံရှိတဲ့ဘက် ညွတ်ညွတ်သွားတဲ့ သဘော၊ ဘယ်တော့မဆို အာရုံဘက်ကို သူက ဦါ်လှည့်ပြီးတော့ သွားတယ်၊ အဲဒါ နာမ်ရဲ့သဘော၊ အာရုံရှိတယ်၊ ညွတ်တယ်လို့ဆိုတာ အာရုံရှိတဲ့ဘက်ကို အမြဲတမ်း မျက်နှာလှည့်တာ။
ဒါကြောင့် ကိုယ်ံစိတ်လေးကို အာရုံပြုပြီးတော့ ကိုယ့်သန္တာန်မှာ ဖြစ်တဲ့ စိတ်၊ စေတသိက်လေးတွေကို အကဲခတ်ကြည့်နေလို့ရှိရင် အာရုံ ရှိတဲ့ဘက်ကို သွားနေတာပဲ၊ အာရုံကို ရှာနေတဲ့ ပုံစံမျိုးပဲ၊ ကြည့်လေ တိတ်တိဆိတ်ဆိတ် ကိုယ့်အိမ်မှာ နေရင်း ဒေါက်ကနဲ တစ်နေရာက အသံ ကြားရရင် စိတ်ကလေးက အဲဒီရောက်သွားတယ်။ စိတ်ကလေးက ဟိုအာရုံ ဘက်ရောက်လိုက်၊ ဒီအာရုံဘက်ရောက်လိုက်၊ ဒါကြောင့်မို့
အဲဒီစိတ်ကလေးရဲ့ သဘောကို မြတ်စွာဘုရားက သုတ္တန်ပါဠိတော်တွေထဲမှာ ထင်ထင်ရှားရှား ဟောထားတာ၊ ဒုရင်္ဂမံ တဲ့၊ ဒူရဆိုတာ အဝေးကြီးကို ဂမ – သွားတာ၊ စိတ်ကလေးက အဝေးကြီးကို အင်မတန် သွားတယ်၊ အဝေးကြီးကို ရောက်တယ်၊ သို့သော် နားလည်ရမယ်ံ အဓိပ္ပါယ်က
ဝေးလံတဲ့အာရုံကို ရယူတယ်လို့ ဒီလိုနားလည်ရမယ်။
နောက်တစ်ခုက ဧကစာရံ – စိတ်ကလေးဟာ နှစ်ခုတွဲ ဘယ်တော့မှ မဖြစ်ဘူးဆိုတာ မှတ်ထားပါ၊ စိတ်ကလေးဟာ တစ်ခုပြီးမှသာ တစ်ခုဖြစ်လို့ရတယ်၊ နှစ်ခုတွဲ ဘယ်တော့မှ မဖြစ်ဘူး၊
တစ်စိတ်ဆိုတာ အသက်ရှင်နေတဲ့ အချိန်ပိုင်းလေးကို ပြောတာ၊
တစ်စိတ်ပြီး တစ်စိတ် ဖြစ်နေလို့ နှစ်စိတ်လိုလို သုံးစိတ်လိုလို ဒီလိုထင်နေတာ၊ ဧကစိတ္တ သမာယုတာ – စိတ်တစ်ခုထဲနဲ့ပဲ နေကြတာ။
အသရီရံ – ပုံပန်းသဏ္ဍာန် ခန္ဓာကိုယ်ဆိုတာ မရှိဘူး၊ စိတ်ကို ရုပ်လုံးဖော်လို့ မရဘူး၊ အသရီရံ – Body မရှိဘူး၊ ဂုဟာသယံ – စိတ်ကလေးဟာ မဟာဘုတ်လေးပါး ဆိုတဲ့ (သို့မဟုတ်) ဟဒယဝတ္ထုရုပ် (သို့မဟုတ်) ဝတ္ထုရုပ်တွေလို့ ဆိုတဲ့ ကိန်းအောင်ရာနေရာလေး ရှိတယ်၊ ဒီစကားမှာလည်းပဲ အရပ်အနေနဲ့ တင်စားပြီးပြောတာ၊ ဂုဟ + အာသယံ – လှိုဏ်ထဲမှာ ကိန်းနေတယ်လို့ ဒီလိုပြောတာ၊ စိတ်ကလေးဟာ တကယ်တော့ ရှိနေတာ မဟုတ်ဘူးတဲ့၊ ဝတ္ထု အာရုံ တိုက်ဆိုင်မှ ဖြစ်ပေါ်လာတယ်၊လို့ – ဒီလို နားလည်ရမယ်၊ သို့သော် အဲဒီနေရာပ ဖြစ်ပေါ်လာသည့်အတွက်ကြောင့် ရှိနေတယ်လို့ ဒီလိုပြောကြတာ၊ တကယ်ရှိနေတာ မဟုတ်ဘူး၊
ဝတ္ထုရုပ်တွေမှာ စိတ်ရှိနေတာ မဟုတ်ဘူး၊ အဲဒီ ဝတ္ထုရုပ်တွေဟာ အာရုံက လာထိခိုက်ရင် စိတ်ဖြစ်နေနိုင်တဲ့ အနေအထားရှိတယ်၊ အဲဒါကြောင့်မို့ ဂုဟာသယံ ဆိုတဲ့ စကာလုံးကို သုံးတာ၊ စိတ်ကလေးက ဖြစ်ပြီး ဒီထဲမှာ အောင်းနေတာ မဟုတ်ဘူး၊ အိမ်ထဲမှာ လူရှိနေတယ်ဆိုတာက လူတကယ်ရှိနေတာ မဟုတ်လား၊ စိတ်ကလေးက မဟာဘုတ်တည်းဟူသော လှိုဏ်ဂူထဲမှာ ရှိနေနတယ်လို့ ပြောတာကျတော့ တကယ်ရှိနေတာ မဟုတ်ဘူး၊ ဖြစ်နိုင်တဲ့ အနေ အထားရှိတာကို ပြောတာ၊ ဝတ္ထုအာရုံဆုံမှ
ဖြစ်ပေါ်လာတာ၊ စိတ်ရဲ့ သဘာဝတရားတွေကို မြတ်စွာဘုရားက ဒီလို ပုံဖော်ပြီးတော့ ဟောကြားတာဖြစ်တယ်။
အဲဒီလို အနေအထားရှိတဲ့စိတ်ကလေးကို သတိကပ်ပြီးတော့ လေ့ကျင့်ပေးဖို့ မဟာသတိပဋ္ဌာန်သုတ်မှာ စိတ္တာနုပဿနာကို မြတ်စွာဘုရား ဟောထားတယ်၊ စိတ္တာနုပဿနာဆိုတာ စိတ်ရဲ့ သဘာဝ (သို့မဟုတ်) စိတ်ကို အဖန်ဖန် အထပ်ထပ် အနီးကပ်ကြည့်ရှုခြင်း (သို့မဟုတ်) စိတ်ကို သင့်လျော်တဲ့ ရှုထောင့်က ရှုမြင်ခြင်းလို့ အဓိပ္ပါယ် ရတယ်နော်၊ Contemplation of Consciousness – သတိစွမ်းအားတွေ၊ ဉာဏ်စွမ်းအားတွေနဲ့ သဘာဝအနေအထားကို ဆင်ခြင်သုံးသပ်နေတာ၊ စိတ်ကလေးရဲ့ သဘာဝကို ဆင်ခြင်သုံးသပ်ပြီးတော့ ကြည့်ရှုခြင်းပဲ။ အနုပဿနာဆိုတဲ့ စကားလုံးရဲ့ အဓိက ဦးတည်ချက်ကတော့ ဉာဏ်ကို ပြောတာပါပဲ။ အဲဒီဉာဏ်က မြင်အောင် ဉာဏ်က ကြည့်လို့ရအောင် အာရုံကို ယူပေးနိုင်တာ သတိပဲ၊ သတိက စိတ်ဆိုတဲ့ အာရုံလေးကို ဆုပ်ကိုင်ပြမှ အသိဉာဏ်က သှူုရဲ့ သဘာဝကို သိနိုင်တာနော်၊ သတိနဲ့ဉာဏ် ပူးပေါင်းလုပ်တယ်၊ သို့သော် ဘာတွေ ပါသေးတုန်းဆို ဝီရိယလည်း ပါတာပဲ။ သမ္မာ သင်္ကပ္ပဆိုတဲ့ ကြံတွေးမှုလည်း
ပါတာပဲ၊ သမာဓိ ဆိုတာလည်း ပါတာပဲ၊ ဒါတွေမပါဘဲနဲ့ မဖြစ်ဘူး၊ ဒီစွမ်းအားတွေ အကုန်လုံးစုံမှ စိတ္တနုပဿနာဆိုတာဖြစ်တယ်ပေါ့။
ဒီစိတ်ကလေးဟာ ဘယ်သူ့စိတ်ကို ကြည့်ရမှာလဲ ကိုယ့်သန္တာန်မှာရှိတဲ့ စိတ်တွေ မြောက်များစွာပဲ၊ မသိတာက များတယ် သိတာက နည်းနည်းပဲ၊ ကိုယ့်စိတ် ကိုယ်သိတာ မဟုတ်ဘူး၊ ကိုယ်သိတာက အာရုံ့ကို သွားသိနေတာ စိတ်ကိုလေ့လာ အကဲခတ်ကြည့်တာ မဟုတ်ဘူး၊ ကိုယ်ကြည့်နေတာက အာရုံတွေပဲ၊ မျက်စိက မြင်တဲ့အာရုံကို သိတယ်၊ နားက ကြားတဲ့အသံကို သိတယ်၊ အခုဒီကနေ လူအများပြောနေကြတာ လှတယ်၊ မလှဘူးဆိုတာ ဘာကိုပြောတာတုန်း၊ မျက်စိက မြင်တာကို ပြောနေတာ၊ အသံ သာယာတယ်၊ မသာယာဘူဆိုတာ ဘာကိုပြောတာတုန်း၊ နားက ကြားတာကို ပြောနေတာ၊ ဒီအနံ့လေးက မွှေးတယ်၊ မမွှေးဘူဆိုတာ ဘာကိုပြေနောတာတုန်း
နှခေါင်းကရတဲ့ အနံ့ကို ပြောနေတာ၊ အပြင်ကဟာတွေချည်းပြောနေတာပဲ၊ အာရုံတွေအကြောင်း ပြေနေတာ၊ အဲဒီလိုမဖြစ်ရအောင်မြတ်စွာဘုရားက
ဦးလှည့်ပေးလိုက်တာ စိတ္တနုပဿနာတဲ့၊ စိတ်ကိုပြန်ပြီးတော့ သတိကပ် လိုက်စမ်းပါ၊ ကိုယ်စိတ်လေးကို ကိုယ်ပြန်ပြီးတော့ သတိကပ်ပါ၊ ဒီနေရာမှာ စိတ္တနုပဿနာဆိုတာ စိတ်နဲ့ စေတသိက်ရောနေတာ၊ စိတ်ကလေးချည်း ဘယ်လို ခွဲထုတ်ကြည့်ရမလဲ၊လို့ တွေးကောင်း တွေးမိမယ်၊ စိတ်ဆိုတာ အာရုံကို သိတတ်တဲ့ သဘောလေးတစ်ခုတည်းသာ ဖြစ်လို့ ဘယ်စိတ်ပဲဖြစ်ဖြစ်
ပေါ်လာတဲ့အာရုံကို သိတာချည်းပဲဆိုတော့ တစ်မျိုးတည်းပဲ ဖြစ်နေတယ်။
စိတ္တနုပဿနာမှာ မြတ်စွာဘုရားက စိတ်ကို အခြေအနေနဲ့ ယှဉ်တွဲမှုတွေကိုကြည့်ပြီး ၁၆ မျိုး ခွဲပြထားတယ်၊ စိတ္တာနုပဿနာ ဆိုတဲ့ စိတ်ကို သတိကပ်ပြီးတော့ ရှုမှတ်မယ်ဆိုလို့ရှိရင် ၁၆ မျိုး ဖြစ်နိုင်တယ်၊ ဒါ လူတိုင်း ၁၆ မျိုး ဖြစ်တယ်လို့ပြောတာ မဟုတ်ဘူးနော်၊ အထွေထွေ ဖြစ်နိုင်ချေ ရှိတာတွေကို မြတ်စွာဘုရားက ဟောတာ၊ ဒီ ၁၆ မျိုး ခွဲထားတာက အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ ခွဲထားတာတွေနဲ့ တချို့တူသော်လည်းပဲ တချို့ မတူဘူး၊ အခြားအဘိဓမ္မာကျမ်းတွေမှာလည်းပဲ ၁၆ မျိုးခွဲတာ ရှိတယ်ပေါ့။
ဘုန်းကြီးတို့ကြည့်ရမှာက စိတ်နဲ့ စေတသိက် ရောနေတယ် ဆိုတဲ့နေရာမှာ သိသာထင်ရှားတဲ့ ယှဉ်တွဲလာတဲ့ သဘာဝလေးနဲ့ စိတ်ကို သတ်မှတ်ပြီး ပြောရမှာ၊ ဆိုပါစို့ -နွားအကြောင်းကို ပြောချင်လို့ရှိရင်
နွာအနီဘယ်နှစ်ကောင်၊ နွားအနက်ဘယ်နှစ်ကောင် ခွဲခြားပြောတယ်။ နွားကတော့ နွားပဲလေ။ စိတ်ကိုလည်းပဲ အဲဒီလိုပဲ ပြောရမှာပဲ၊ စိတ်ကတော့ စိတ်ပဲ။
မြတ်စွာဘုရားက စိတ်ကို ခွဲခြားပြီးတော့ ရှုလို့ရအောင် သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ – ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ စိတ်ကလေးဟာ တွယ်တာမှု ရာဂတွေနဲ့ ယှဉ်တွဲနေတဲ့ စိတ်ကလေး ဆိုလို့ရှိရင် တွယ်တာမှုရှိတဲ့ စိတ်ကလေးလို့ သိပါတဲ့၊ တွယ်တာမှု ဆိုတာလေးနဲ့ စိတ်ကလေးကို ဖမ်းကြည့်တာ ဟုတ်ကဲ့လား၊ တွယ်တာမှုကို ရှုတာ မဟုတ်ဘူး၊ တွယ်တာမှုကို ရှုရင် ဓမ္မာနုပဿနာ ဖြစ်တယ်။
ဒါပေမယ့် ယောဂီတွေအနေနဲ့ စဉ်းစားဖို့တော့ မကြိုးစားနဲ့ပေါ့၊
မြတ်စွာဘုရားက ကာယနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ လို့ အာရုံ ၄ မျိုး ပေးထားတာမှာ ငါရှုနေတာ ကာယာနုပဿနာလား၊
ဝေဒနာနုပဿနာလား၊ စိတ္တာနုပဿနာလား၊ ဓမ္မာနုပဿနာလားလို့ တွေးမနေနဲ့၊ အဲဒီလိုတွေးနေတာနဲ့ တစ်ပြိုင်နက် ကိုယ်ရှုနေတဲ့အာရုံကနေ လမ်းချော်သွားပြီလို့သာ မှတ်လိုက်တော့၊ အဲဒီလို စဉ်းစားစရာ
မလိုဘူးနော်၊ မြင်တဲ့အာရုံကို ရှုမိမှာပဲ၊ တစ်ခါတစ်ရံ ဝေဒနာကို ရှုမိလိမ့်မယ်၊ တစ်ခါတရံ ရုပ်ဆိုတဲ့ ဓမ္မကို ရှုမိလိမ့်မယ်။ တစ်ခါတစ်ခါ ခံစားမှုတွေ ရှုမိရင်လည်း ရှုမိလိမ့်မယ်။
ကာယ၊ စိတ္တ၊ ဝေဒနာ၊ ဓမ္မ လို့ဆိုတာ မြတ်စွာဘုရားက ဝိပဿနာရဲ့ အာရုံ ဖြစ်နိုင်ချေရှိတာလေးတွေကို မိမိသန္တာန်မှာရှိတဲ့ အာရုံလေးတွေကို ၄ မျိုးပိုင်းပြီး ဟောထားတာဖြစ်တယ်။ ငါ – စိတ်ချည်းပဲကြည့်မယ်၊ ဝေဒနာကို မကြည့်ဘူးလို့ ဒီလို လုပ်လို့လည်း မရဘူနော်။ ကမ္မဋ္ဌာန်းရှုနေပြီဆိုရင် စိတ်အာရုံ ပေါ်ချင်လည်း ပေါ်မယ်၊ ဝေဒနာ ပေါ်ချင်လည်း ပေါ်မယ်၊ ဘာပေါ်ပေါ် ပေါ်တာကို သိဖို့လိုတယ်၊ အဲလို ဆိုလိုတာဖြစ်တယ်။ ဆိုလိုတာက သတိပဋ္ဌာန်အာရုံ ၄ မျိုးထဲမှာ ဘယ်အာရုံပဲ ဖြစ်ဖြစ်
သို့သော် သမထကျင့်စဉ်ကို ပြောတဲ့အခါကျတော့ ထွက်လေ ဝင်လေ သပ်သပ်ရှုတာကျတော့ ကာယနုပဿနာပဲ.အဲဒါ ကာယပဲ ရှုတာပဲ၊
ဝေဒနာတို့ စိတ်တို့ ဓမ္မတို့ကျတော့ သူတို့က ရောလာတယ်၊ ရောနေတာ၊ အဲဒီ ရောနေတာကို သွားပြီးတော့ ခွဲခြားဘို့ မကြိုးစာနဲ့ပေါ့၊ ရှုလို့ မရဘူးလားဆိုတော့ အာရုံဆိုတာ မဟာစည်ဆရာတော် ဆရာတော်ဘုရားကြီး လမ်းညွှန်သလိုပဲ ပေါ်ရာပေါ်ရာရှု ဆိုတာ ရှိတယ်လေ။ အဲဒီ ပေါ်ရာ ပေါ်ရာ ရှု ဆိုတဲ့ စကားဟာ ဝိသုဒ္ဓိမဂ်က စကားကိုခြုံပြီးတော့ပြောတာ၊
ဝိသုဒ္ဓိမဂ်မှာ ကမ္မဋ္ဌာန်းရှုရမယ့် ရှုလို့ရတဲ့ သဘာဝတရားတွေ ရှိတယ်တဲ့ – ရုပ်တရား၊ နာမ်တရားတွေ၊ အဲဒီ ရုပ်တရား၊ နာမ်တရားတွေထဲက မိမိရဲ့ သန္တာန်မှာ ပစ္စုပ္ပန်ခဏမှာ ဖြစ်ပေါ်လာတာတွေကို သွားတွေးရှုနေလို့ရှိရင် ပတွေးပဲ ဖြစ်သွားမယ်၊ အဲဒီတော့ အတွေးထဲက ပုံရိပ်ဆိုတာ ပုံမှန်ဟုတ်ပါ့မလား၊ မဟုတ်နိုင်ဘူး၊ အတွေးထဲမှာ ပေါ်လာတာက ပုံရိပ်အမှန် မဟုတ်ဘူးတဲ့။
ဒါကြောင့်မို့လို့ ကိုယ်သန္တာန်မှာ ဖြစ်ခိုက်ကလေးတွေ ရှုနိုင်အောင် ကြိုးစားရမှာ၊ စ စချင်းတော့ ကမ္မဋ္ဌာန်းအလေ့အကျင့် မရသေူတဲ့ ပုဂ္ဂိုလ် ကတော့ ဖြစ်ခိုက်ကလေးတွေကို မိဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါတယ်၊ သို့သော် ခဲယဉ်းတာ လုပ်လို့ မရဘူးလို့ပြောတာမဟုတ်ဘူး၊
ခဲယဉ်းတယ်လို့ ပြောတာနော်၊ အလေ့အကျင့် ကောင်းလာတဲ့အခါကျတော့ ဘယ်လောက်ပင် ခဲယဉ်းခဲယဉ်း လွယ်သွားတာပဲ။ဝိပဿနာ အလေ့အကျင့်
ရလာပြီဆိုလို့ရှိရင် ကိုယ့်စိတ်မှာ ပေါ်လာတဲ့ အာရုံမှန်ကမျှ၊ သဘာဝတရားတွေမှန်သမျှ ပေါ်တိုင်းပေါ်တိုင်း သတိစွမ်းအား ဉာဏ်စွမ်းအားတွေနဲ့ မှတ်ပြီး သိနိုင်တဲ့အနေအထားမျိုး
ရောက်သွားပါတယ်တဲ့၊ အဲဒီအနေအထားမျိုးရောက်အောင် မှတ်စိတ်တွေ အင်အားကောင်းလာအောင်၊ သတိစွမ်းအားတွေ ထက်လာအောင် ဆိုရင် ပေါ်ရာပေါ်ရာတွေ အကုန်လုံး မှတ်ပြီး ရှုနိုင်သွားတာပါတဲ့နော်၊ အဲဒီလို ရှုနိုင်သည်အထိ ကြိုးစားရမှာလို့ ဒီလိုပြောတယ်။
စိတ်ကလေးကို ရှုပြီဆိုတဲ့အခါ သူနဲ့ယှဉ်တွဲလာတဲ့ မတူ – ထူးခြားတဲ့ သဘာဝတရားတွေ ရှုထောင့်ကနေ ကြည့်၊ ခုနက နွားချင်းက အတူတူပဲ။ သို့မို့ အရောင်နဲ့ကြည့်ရတယ် – ဒါက နွာနီ၊ ဒါကနွားနက် ဆိုပြီးတော့ အရောင်နဲ့ ကြည့်ခွဲ သလိုပဲ ဖြစ်ပေါ်လာတဲ့ စိတ်ကလေးဟာ ပာရုံကို သိတတ်တဲ့ သဘာဝတရား တစ်မျိုးတည်းဖြစ်တော့ အဲဒီသဘာဝ တရားလေးမှာ အရောင်ခြယ်ထားတာနဲ့ ကြည့်ပြီးတော့ ဒီစိတ်က ဘာစိတ်လို့ ဒီလိုပြောတာ၊ အဲဒါကို မြတ်စွာဘုရားက ၁၆ မျိုး ခွဲ ဟောကြားခဲ့ပါတယ်။
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
No comments:
Post a Comment