Wednesday, January 9, 2019

အခုခေတ်မှာ

#အခုခေတ်မှာ
------
👛တက်တူးထိုးထားတဲ့သူက အိုက်တတ်လာတယ်.…
👛iPhone သုံးတဲ့သူတွေက အိတ်ကပ်မရှိတော့ဘူး.…
👛ဈေးကြီးနာရီပတ်ထားရင် ခြေထောက်ခဏခဏဖုန်ခါတယ်.…
👛ရွှေသွားတပ်ထားရင် စကားပြောများလာကြတယ်.…။

#အခုခေတ်မှာ
======
👛လက်မထပ်တဲ့သူတွေက လက်ထပ်ထားတဲ့အတိုင်းအတူတူနေတယ်.…
👛လက်ထပ်ထားတယ့် သူတွေက လက်မထပ်ထားသလိုပဲ ခွဲနေကြတယ်.…
👛တိရစ္ဆာန်တွေက လူတွေလို အကျီင်္ ဝတ်လာတယ်.……
👛လူတွေက တိရစ္ဆာန်တွေလို အသားတွေပေါ်လာကြတယ်.…
👛ကလေးက လူကြီးလို ရင့်ကျက်လာတယ်(၁၈+)……
👛လူကြီးက ကလေးလို ငယ်မူပြန်ချင်ကြတယ်(နွားအို မြက်နုကြိုက်)……
👛မိန်းကလေးက ယောက်ျားလေးလို မိုက်ရဲလာကြတယ်.……
👛ယောက်ျားလေးက မိန်းကလေးလို ခြောက်လာကြတယ်……
👛ဆင်းရဲသားက ဂုဏ်အတွက် သူဌေးလို ဟန်ဆောင်လာကြတယ်……
👛သူဌေးသားက အသက်အတွက် ဆင်းရဲသားလို ဟန်ဆောင်လာကြတယ်……
👛တိတ်တိတ်ပုန်းက မယားကြီးထက် ပိုချစ်ပြလာကြတယ်……
👛မယားကြီးက စွန့် ပစ်ခံရမှာကြောက်လို့  အချိန်ပြည့် စိုးထိတ်နေကြရတယ်……
👛သူဌေးတွေက မမြတ်ဘူးလို့ ညည်းပြီး တိုက်တွေ တစ်လုံးပြီးတစ်လုံး ဖြစ်လာတယ်……
👛လခစားတွေက လာစာထုတ်ရင်ပျော်ပြီး လုံးပါးပါးလာကြတယ်.……

👒👒တဖြည်းဖြည်းနားလည်လာတာက
ငွေသုံးထောင်တန် လက်ပတ်နာရီနဲ့ သိန်းသုံးဆယ်တန် လက်ပတ်နာရီရဲ့ချိန်က အတူတူပါပဲ……

👛ငါးရာတန်ဆေးလိပ်နဲ့ ငါးသိန်းတန်ဆေးလိပ် ကင်ဆာဖြစ်ပုံခြင်းအတူတူပဲ……

👛ပေသုံးဆယ်ပတ်လည်အိမ်နဲ့  သုံးရာပတ်လည်အိမ် အထီးကျန်ရတာခြင်းက အတူတူပဲ………

👛ရိုးရိုးတန်းမှစီးတာနဲ့ BUSSINESS Class မှာစီးတာချင်း accident ဖြစ်ရင် အိမ်မပြန်ရတာခြင်းအတူတူပါပဲ…

👒👒တစ်နေ့ သင်လည်း နားလည်လာလိမ့်မယ်
ငါတို့ တကယ်လိုချင်နေတဲ့အရာတွေက တကယ်လိုအပ်နေတာလား?
ဒါမှမဟုတ် ငါတို့  မရှာဖွေမိခဲ့တဲ့ ပျော်ရွှင်မှုကပဲ တကယ်လိုအပ်ခဲ့တာလား?

👒👒လိုချင်လျှင်ဆင်းရဲသည်
မလိုချင်လျှင် ချမ်းသာသည်ဆိုတဲ့  စကားလေးအတိုင်း တစ်ခါတစ်လေ ဘဝမှာ ရောင့်ရဲတင်းတိမ်မှု ဆိုတာ လိုအပ်လာပါလိမ့်မယ်
သင် ဘယ်သူနဲ့ နေရတာပျော်လည်း
ထိုသူဘေးမှာပဲ ထာဝရလက်မလွှတ်ဘဲ
ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါ
လူ့ အဖြစ်ကရခဲလှပါတယ်
ဘဝခြေလှမ်းတစ်လှမ်းချင်းဆီတိုင်းကို ချစ်တတ် မြတ်နိုးတတ်ပါစေ......

No comments:

Post a Comment