Friday, January 4, 2019

အာနပါနဿတိပွားရာ၌ ရှောင်ရန် ၈-ပါး နှင့် ဆောင်ရန် ၈-ပါးကို ရှင်းလင်းပြဆိုခြင်း

အာနပါနဿတိပွားရာ၌ ရှောင်ရန် ၈-ပါး
နှင့် ဆောင်ရန် ၈-ပါးကို ရှင်းလင်းပြဆိုခြင်း
…………………………………………………
ဝိသုဒ္ဓိ၇ပါးအစဉ်အရ ရှင်ရဟန်း၌ ရှင်
ရဟန်းသီလ၊ လူ၌ လူ့သီလ စင်ကြယ်သန့်
ရှင်း ဝိသုဒ္ဓိဖြစ်ခြင်းရှိသော ပုဂ္ဂိုလ်သည်
စိတ် သမာဓိအထူးစင်ကြယ်ရန် စိတ္တဝိသုဒ္ဓိကို ပွားပြန်ရန်အလို့ငှာ အာနာပါနဿတိ ကမ္မဋ္ဌာန်းကို အားထုတ်ရ၏။ အာနာပါနအားထုတ်ရာကနေ ဒိဋ္ဌိဝိသုဒ္ဓိစသည် အစဉ် အတိုင်း ဖြစ်တော့၏။ ဤကား ဝိသုဒ္ဓိမဂ်ကို မှီး၍ ဆိုသော အစဉ်တည်း။

ပဋိသမ္ဘိဒါမဂ်ပါဠိ၌ကား ဤ အာနာပါနဿတိကထာ၏ ရှေ့၌ မိစ္ဆာဒိဋ္ဌိအမျိုးမျိုးကို ပြ ဆိုရာ ဒိဋ္ဌိကထာကို ပြထား၏။ ထို့ကြောင့်
ထိုဒိဋ္ဌိကထာ၏ သင်ကြားချက်အရ မိစ္ဆာ ဒိဋ္ဌိ၏ အပြစ်အာဒီနဝကို လေ့လာထားသော မိစ္ဆာဒိဋ္ဌိအညစ်အကြေးတို့ကို မိမိသန္တာန်မှ သုတ်သင်လိုသော ယောဂီသည် ယထာဘူ တဉာဏ်ရဖို့ရန် အထောက်ကူပြုသော ဘုရားအစရှိသော သူတော်ကောင်းတို့ ကျင့် သုံးခဲ့သော ကိလေသာကင်းရေး နည်းစနစ် စိတ္တဝိသုဒ္ဓိ အာနာပါနဿတိကမ္မဋ္ဌာန်းကို ထူထောင်ရမည်ဟု သိစေလို အရှင်သာရိ
ပုတ္တရာက ဒိဋ္ဌိကထာနောက် အာနာပါန
ဿတိကထာကို ဟောသည်ဟု မှတ်ရာ၏။
(ပဋိသံ အဋ္ဌကထာကို မှီး၍ ရေးသည်။)

အာနာပါနဿတိပွားရာ၌ ရှောင်ရန် ဆောင်ရန် တရား၁၆ပါးတို့ကို အောက်ပါအတိုင်း သိပါ။

“တားမြစ်ခြင်း၌ ဉာဏ်ရှစ်ပါးနှင့် ကျေးဇူးပြု
ခြင်း၌ ဉာဏ်ရှစ်ပါးတို့ကား အဘယ်တို့
နည်း။

ကာမဂုဏ်တို့၌ လိုလားတတ်သောကာမစ္ဆန္ဒသည် သမာဓိကို တားမြစ်တတ်၏။ ကာမ
ဂုဏ်မှထွက်မြောက်တတ်သော ဈာန် နေက္ခမ္မသည် သမာဓိအား ကျေးဇူးပြုတတ်၏။

တက်ကြွ ဆုတ်နစ်သော ဒေါသသည် သမာဓိကို တားမြစ်တတ်၏။ ချစ်ခင်သော
မေတ္တာသည် သမာဓိအား ကျေးဇူးပြု
တတ်၏။

ထိုင်းမှိုင်းပျင်ရိသော ထိနမိဒ္ဓသည် သမာဓိကို တားမြစ်တတ်၏။ အလင်းရောင်၌ အ
မှတ်သားထားမှု အာလောကသညာသည် သမာဓိအား ကျေးဇူးပြုတတ်၏။

ပျံ့လွင့်ခြင်း "ဥဒ္ဓစ္စ"သည် သမာဓိကို တား
မြစ်တတ်၏။ မပျံ့လွင့်ခြင်းသည် သမာဓိအား ကျေးဇူးပြုတတ်၏။

ယုံမှားခြင်းဝိစိကိစ္ဆာသည် သမာဓိကို တား
မြစ်တတ်၏။ တရားကို ပိုင်းခြားမှတ်သား
ခြင်းပညာသည် သမာဓိအား ကျေးဇူးပြု
တတ်၏။

အဝိဇ္ဇာသည် သမာဓိကို တားမြစ်တတ်၏။
ဉာဏ်သည် သမာဓိအား ကျေးဇူးပြုတတ် ၏။

မမွေ့လျော်ခြင်း သည် သမာဓိကို တားမြစ် တတ်၏။ ဝမ်းမြောက်ခြင်းသည် သမာဓိအား ကျေးဇူးပြုတတ်၏။

အကုသိုလ်တရားအားလုံးတို့သည်လည်း သမာဓိကို တားမြစ်တတ်ကုန်၏။  ကုသိုလ်တရားအားလုံးတို့သည်လည်း သမာဓိအား ကျေးဇူးပြုတတ်ကုန်၏။

ဤကား တားမြစ်ခြင်း၌ ဉာဏ်ရှစ်ပါးနှင့်
ကျေးဇူးပြုခြင်း၌ ဉာဏ် ရှစ်ပါးတို့တည်း။” 
(ပဋိသမ္ဘိဒါမဂ် မြန်မာပြန်ကို ဖြည့်ထား၏)

ထိုတွင် အကုသိုလ်မှန်သမျှ သမာဓိကို တားသည်, ကုသိုလ်မှန်သမျှ သမာဓိကို
ကျေးဇူးပြုသည်ဟု ရှောင်ရန်ဆောင်ရန်ကို အချုပ်အားဖြင့် ပြထားသည်ကို သတိပြုရာ၏။ ထိုဒေသနာအရ ကုသိုလ်ဝေယျာဝစ္စ အလုပ်များကို တစ်ခုမှတစ်ခု ပြောင်းလဲ
လုပ်နေက, ပုံမှန် စာကြည့်ခြင်း ဘုရားရှိခိုး
ခြင်း ဂုဏ်တော်ပွားခြင်းစသည့် အလုပ်တစ်ခုခုကို လုပ်နေက သမာဓိရသည်ဟု သိရာ၏။ အကုသိုလ်ပွဲလမ်းများ၌ သမာဓိမရ, ထိုနေရာသို့ မသွားလေလင့်။

သားနှင့် မယားနှင့် နေသူဖြစ်စေကာမူ အား လပ်သည့်အချိန်ကို ရအောင်ယူ၍ စိတ်
တည်ငြိမ်အောင် အာနာပါနအားထုတ်ခြင်း ပင် သမာဓိကို ကျေးဇူးပြုခြင်း ကာမစ္ဆန္ဒမှ ထွက်မြောက်ခြင်း နေက္ခမ္မဟု မှတ်ရာ၏။

ကာမစ္ဆန္ဒရှိက ရတာမလို လိုမရ ဒေါသဖြစ် တတ်၏။ တက်ကြွသော ဒေါသရှိလွန်းက မကြာခဏစိတ်တိုနေမိ၏။ ဆုတ်နစ်သော ဒေါသရှိကလည်း သရဲတစ္ဆေကြောက်၍
တစ်ကိုယ်တည်း ဆိတ်ငြိမ်ရာနေလျက် အာ နာပါနဿတိ မထားမိ ရှိတတ်၏။ ထို
ဒေါသမှန်သမျှသည် သမာဓိမှန်ပြောင်း၏
ဘေးရန်များ ဖြစ်၏။ ထို့ကြောင့် သမာဓိ၏ မိတ်ဖက်ဖြစ်သော မေတ္တာကို ပွားရာ၏။
သရဲခြောက်လာစေကာမူ ငါ့အတွက် အ
ဖော်ရသည်ဟု အိမ်မွေးတိရစ္ဆာန်နှယ် စိတ် ပြောင်း ချစ်ခင်ရာ၏။ မိမိကို ပစ်ထားခဲ့
သော သားသမီးဇနီးခင်ပွန်းတပည့်မိတ်
ဆွေချစ်သူတို့အပေါ် စိတ်တိုမနေအပ်။ အာနာပါဿတိကိုသာ အဖော်လုပ်အပ်၏။

တစ်ခါတစ်ရံ မောဟဝင်လာ၍ တရားအား မထုတ်ဘဲ နေတာက ကောင်းမှာပါဟု မောဟ အဝိဇ္ဇာဖြစ်တတ်၏။ ထိုအခါ ပညာ၏ တန်ဖိုးကို သတိရ၍ ပညာကိုဖြစ်စေ၍
အာနာပါနဿတိအလုပ်၏ အားသာချက်များကို ရှာဖွေဆင်ခြင် သိမြင်နေရာ၏။
(လောဘ ဒေါသ မောဟ, အလောဘ
အဒေါသ အမောဟ)

အလင်းနိမိတ်မရသေး၍သာ ငါပျင်းရိထိုင်း မှိုင်းနေရ၏ဟု အာနာပါနဿသတိအား
ထုတ်၍ သူတကာတွေ အလင်းနိမိတ်ရရင် ငါရော ဘာမို့ မရရမှာလဲဟု ဝီရိယထားရာ ၏။ အာလောကသညာ (ထီ) [အာလောက+သညာ] အရောင်အလင်း-အာလောက-နိမိတ်၌ဖြစ်သော သညာ၊ အရောင်အလင်းဟူ၍ ဖြစ်သော သညာ။ တိပိ၊၄က၊၃၉၆- ဟု အဖွင့်ရှိ၍ ပျင်းရိက အလင်းရှာ၍
အလင်းရောင်ကို ကြည့်ရာ နှလုံးသွင်းရာ၏။
ညအခါ၌ လူတိတ်ချိန်ဝယ် ဖရောင်းတိုင်မီး
ဖြင့် စာဖတ်ရာ အာလောကသညာကြောင့် သမာဓိအတန်သင့်ဖြစ်ဖူး၍ ရေးပြလိုက်၏။

ကျန်သည့် ပျံ့လွင့်ခြင်း ဝိစိကိစ္ဆာဖြစ်ခြင်း မမွေ့လျော်ခြင်းတို့၏ အပြစ်တို့ကို ထိုတရား ၃ပါး ဖြစ်ချိန်၌ ဘာတရားသဘောတွေလဲ ဟု ယင်းတို့ကို စူးစမ်းဆင်ခြင် သိမြင် ပယ် စွန့်ရာ၏။ ထိုအခါ တည်ကြည်မှု သံသယ
ရှင်းမှု တရားအလုပ်၌ မွေ့လျော်မှုတို့ ဖြစ် လာလတ္တံ့။

စိတ်၌ အထက်ပါ ကုသိုလ် အကုသိုလ် အားပြိုင်မှုများ ရှိနေပုံကို အစကတည်းက
ကြိုသိစေရန် အရှင်သာရိပုတ္တရာက မိန့်ထား သည်ဟု သိရာ၏။ အကျယ်သိလိုသူများ မဟာသတိပဋ္ဌာနသုတ်အဖွင့်လာ ကာမစ္ဆန္ဒ စသည် ဖြစ်ကြောင်း ဗောဇ္ဈင်၇ပါး ဖြစ်
ကြောင်းတို့ကို ရှာဖွေ ဖတ်ရှုရာ၏။ ယောနိ
သော မနသိကာရ အယောနိသော မနသိ ကာရဟူသော ကုသိုလ် အကုသိုလ် ဖြစ်
ကြောင်းတရားစသည်ကို ဆိုလို၏။

အရှင်ဇနနန္ဒ။

No comments:

Post a Comment