Thursday, January 10, 2019

ကုသိုလ်နဲ့ နိုးထဖို့ အကျင့်လုပ်ပေးပါ

“ကုသိုလ်နဲ့ နိုးထဖို့ အကျင့်လုပ်ပေးပါ”

လောကကြီးမှာ ဘုရားပွင့်ဖို့ရယ်
ကိုယ့်စိတ်မှာ ဘုရားပွင့်ဖို့ရယ် ဘယ်ဟာလွယ်သလဲ..

မနက်မိုးလင်းတာနဲ့
လူက အိပ်နေရာက မလှုပ်နဲ့ဦးတော့
စိတ်ကလေး နိုးလိုက်တာနဲ့
“နမောတဿ ဘဂဝတော အရဟတော သမ္မာသဗ္ဗုဒ္ဓဿ” လို့ဘုန်းဘုန်းက အမြဲရွတ်လေ့ရှိသလို မိုးလင်းတာနဲ့ ရွတ်တယ်..
ရှည်လို့ ၃-ခေါက် မရွတ်ဖြစ်ဘူးဆိုရင် ၁-ခေါက်တော့ ရွတ်ပါ..
၁-ခေါက်ရွတ်ဖို့တောင် ရှည်နေသေးတယ်ဆိုရင်

“သောဘဂဝါ ဣတိပိ အရဟံ” လို့ ရွတ်ပါ..
အဲဒါတောင် ရှည်နေသေးတယ်ဆိုရင်

“ဗုဒ္ဓေါ” လို့ ရွတ်ပါ..
ကိုယ့်စိတ်ထဲမှာ ဘုရားပွင့်ဖို့ အရေးကြီးပါတယ်..
ကြိုးစားပါ..အကျင့်လုပ်ပေးပါ..
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

Credit – original uploader.

No comments:

Post a Comment