Wednesday, January 2, 2019

ရုပ်နဲ့နာမ်ကို ကွဲကွဲပြားပြားသိဖို့

❦ ❦ ရုပ်နဲ့နာမ်ကို ကွဲကွဲပြားပြားသိဖို့ ❦ ❦
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

★ မြတ်စွာဘုရားက ဝိပဿ     နာ ကျင့်စဉ်ဆိုပြီးတော့
ဟောတဲ့နေရာမှာ ရုပ်နဲ့နာမ် နှစ်ခုကို ခွဲခွဲခြားခြား
မြင်ဖို့လေးအတွက် ဟောထားတာလေး တစ်ခု
ရှိတယ်။ ကိုယ့်ကိုယ်ကို ဆင်ခြင်စဉ်းစားဖို့ရာ
ဟောထားတာ။

★ " အယံကာယော - ငါ့ရဲ့body လို့ ခေါ်တဲ့
ရုပ်ခန္ဓာကြီးဟာ စတုမဟာ ဘူတိကော
- မဟာဘုတ်လေးပါး ( ဓာတ်ကြီးလေးပါး)
နဲ့ တည်ဆောက်ထားတာ "
ဟုတ် မဟုတ် စဉ်းစားကြည့်ပေါ့။
ခန္ဓာကိုယ်ကြီးထဲမှာ အသားစိုင်တွေ၊
မာမာတွေ အတုံးအခဲတွေ ရှိတယ်။
အတုံးအခဲတွေဟာ ပထဝီ။
သွေး စတဲ့ အရည်တွေမှန်သမျှ အာပေါ၊
ခန္ဓာကိုယ်ထဲမှာရှိတဲ့ အပူငွေ့တွေ အအေး
တွေက တေဇော၊   ခန္ဓာကိုယ်ထဲမှာရှိတဲ့
လေတွေက ဝါယော၊    ခန္ဓာကိုယ်ကြီးကို
ဓာတ်ခွဲကြည့်လိုက်မယ်ဆိုရင် ပထဝီရယ်၊
အာပေါရယ်၊ တေဇောရယ်၊ ဝါယောရယ်ပဲရှိတယ်။
ဒါကြောင့်မို့   ဒီခန္ဓာကိုယ်ကြီးဟာ
စာတုမဟာဘူတိကော - မဟာဘုတ်လေးပါးနဲ့
တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ကြီးတဲ့။
ဒါ မြတ်စွာဘုရားကိုယ်တိုင် ခန္ဓာကိုယ်ရှုပုံနဲ့
ပတ်သက်ပြီးတော့  ပြောတဲ့စကားနော်။

★ " အယံကာယော ရူပီ စာတုမဟာဘူတိကော
ခန္ဓာကိုယ်ကြီးကို ရုပ်နဲ့တည်ဆောက်ထားတယ်။
မဟာဘုတ်လေးပါးနဲ့ ဖန်တီးထားတယ်။ မာတာ
ပေတ္တိက သမ္ဘဝေါ၊ အမေအဖေတို့ရဲ့ sperm နဲ့
ovum ဆိုတာတွေကို မှီတည်ပြီး ဖြစ်လာတာ။
ဒါကတော့ မှန်တာပေါ့။   လူမွေးတယ်ဆိုတာ
sperm နဲ့ ovum နှစ်ခုပေါ်မှာ သန္ဓေတည်ကြ
တာပဲ။
clone ဆိုတာတွေ လုပ်တဲ့ပုဂ္ဂိုလ်တွေ
လည်း ဒါတွေနဲ့ပဲ လုပ်တာပဲ။ မာတာပေတ္တိက
သမ္ဘဝေါ သစ်စေ့လေး မျိုးစေ့လေးချရင် မြေနဲ့
ရေနဲ့ ရှိရမှာပေါ့။ အဲဒီလိုပဲ မိဘရဲ့ သုတ်သွေး
ဆိုတဲ့အရာ ပေါ်မှာ ဝိညာဏ်မျိုးစေ့လေးဟာ
စတင်ဖြစ်ပေါ်တယ်။ ဘုန်းကြီးတို့တစ်တွေ ရရှိ
ထားတဲ့ ခန္ဓာကိုယ်ကြီးဆိုတာ မာတာပေတ္တိက
သမ္ဘဝေါ ။ အဲဒီအပေါ်မှာ အခြေပြုပြီးတော့
ဖြစ်ပေါ်လာတယ်။

★ အဲဒီလိုဖြစ်ပေါ်လာတဲ့ခန္ဓာကိုယ်ကြီး
မိခင်ဝမ်းကနေ ကျွတ်လာတဲ့အခါမှာ အခုလို 
လူကောင်ကြီး ကြီးလာအောင် ဘာဖြစ်တုန်း
ဆိုတော့ " သြဒန ကုမ္ဖာသူပစယော = ထမင်း
တွေ မုန့်တွေစားပြီးတော့ ကြီးလာတာ။
" ဒါက လူတိုင်း နားလည်အောင်
ပြောတဲ့စကားတွေနော်။
လူ့ခန္ဓာကိုယ်ကြီးဟာ မိဘရဲ့သုတ်သွေးအပေါ်မှာ
အမှီပြုဖြစ်လာပြီးတဲ့အခါ ထမင်းတွေ မုန့်ပဲသရေစာ
တွေ စားပြီး ကြီးလာတယ်။
အဲဒီကြီးလာတဲ့ ခန္ဓာကိုယ်ကြီးဟာ ဒီအတိုင်း
တည်တံ့နေတာလား ခိုင်မြဲနေတာလားဆိုတော့
မတည်တံ့ဘူး မခိုင်မြဲဘူးတဲ့။
အနိစ္စ မမြဲဘူး။ ပြောင်းလဲနေတယ်။
ထာဝပြောင်းလဲနေတယ်။
ထာဝရပြောင်းလဲနေရုံမကဘူး။
ဥစ္ဆာဒန အနံ့အသက်တွေ ဆိုးလို့
သနပ်ခါး အမွှေးအကြိုင်တွေ လိမ်းကျံကြရတယ်။
နောက်ဆုံးမှာ ဆပ်ပြာအမွှေးလေးတွေနဲ့
သုံးပြီးတော့ ခန္ဓာကိုယ်ကြီးရဲ့အနံ့ကို ဖျောက်ပေး
နေကြရတယ်။  ဒါက ဟုတ်တယ်။

★ ဒါတင် မရသေးဘူး။
ပရိမဒ္ဒန - နှိပ်နယ်ပေးရသေးတယ်။
massage တွေ ဘာတွေ လုပ်ပေးရသေးတယ်။
ဒီလို ခန္ဓာကိုယ်ကြီးရဲ့သဘောကို ပြောတာနော်။
အနိစ္စုစ္ဆာဒန ပရိမဒ္ဒန၊ ဒီလိုလုပ်ပေးတော့ ခန္ဓာကိုယ်
ကြီးက တည်မြဲသလားဆိုတော့ မတည်မြဲဘူး။
ပရိဘေဒန နောက်ဆုံးမှာ ပြိုကွဲသွားတယ်။
ဟိုနားက ဟိုဟာဖြစ် ဒီနားက ဒါဖြစ် ဝီဒ္ဒံ သန ပျက်စီးတဲ့ သဘော ရှိတယ်။ ဒါဟာ ရုပ်ခန္ဓာကိုယ်ကြီးရဲ့
သဘောကို ဖော်ပြတာပဲ။ ပြီးတော့ " ဣဒဉ္စ  ပန
ဝိညာဏံ ဧတ္ထ သိတံ ဧတ္ထ ပဋိဗဒ္ဓံ ငါရဲ့ အသိဆိုတဲ့
နာမ်တရားလေးဟာ ဟောဒီရုပ် ခန္ဓာကိုယ်ကြီးမှာ
မှီပြီးတော့ ဖြစ်နေတာပါလား " ဆိုလိုတာက
နာမ်တရားဟာ ရုပ်တရားနဲ့ ကွဲပြားသွားအောင်
ရုပ်နဲ့နာမ်နဲ့   နှစ်ခုခွဲပြီး   ရှင်းပြတာ။
သာမညဖလသုတ်မှာလည်း မြတ်စွာဘုရားက
ဒီအတိုင်းပဲ ဟောတယ်။
အခု မဟာသကုလုဒါယီသုတ်ကို ဟောတော့လည်း ဒီအတိုင်းပဲ ဟောတယ်။

★ ဥပမာမယ်တဲ့ သေသေချာချာ ထွင်းထားတဲ့
ကြိုးနဲ့ သီထားတဲ့ ပတ္တမြားလေးမှာဆိုရင်
ပတ္တမြားလေးကိုလည်း မြင်ရ၊ ကြိုးလေးကို
လည်း မြင်ရတယ်။
ရုပ်ကတစ်ခြား နာမ်က တစ်ခြားလို့
ဒီလိုဆိုတာနော်။
ရုပ်နဲ့နာမ်ဟာ ဆက်စပ်နေပေမယ့်လို့
သဘာဝချင်း  မတူဘူး။
ပတ္တမြားလုံးထဲမှာ ကြိုးရှိနေတာကို
မြင်ရသလိုပဲ ဟောဒီရုပ်ခန္ဓာကိုယ်ကြီးထဲမှာ
ဒီနာမ်တရားဟာ ဖြစ်ပေါ်လာတယ်ဆိုတာကို
သိရတယ်။ ဒီရုပ်နဲ့နာမ်နဲ့ ကွဲကွဲပြားပြားသိပြီး
အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာ
ရှုမြင်သုံးသပ်နိုင်တဲ့ ဝိပဿ     နာညာဏ် ဖြစ်ပုံကို
ဒီနေရာမှာ အတိုချုပ်ကလေး ဟောထားတာ။
••••••••••••••••••••••••°°°°°°•••••
#ဆရာတော်ဒေါက်တာအရှက်နန္ဒမာလာဘိဝံသ

#Posted_by_Words_of_Buddha

[ ဆရာတော်ဟောကြားသော "  တပည့်များ
လေးစားမြတ်နိုးတဲ့ဆရာ " တရားတော်မှ
ကောက်နုတ်ထားပါ၍ အကျယ်အား အဆိုပါတရားတွင်ဖတ်ရှုနိုင်ပါသည်။ ]
🙏🙏🌷ပြန်​လည်​မျှ ​ဝေပူ​ဇော်​ပါသည်​🌷🙏🙏🙏

No comments:

Post a Comment