Thursday, January 10, 2019

အောက်ပါစကားလုံးများကို အကြိမ်ကြိမ်ဆင်ခြင်သုံးသပ်ကြည့်ပါ။

တစ်ခုခု သိသွားသလိုလို ခံစားရတာပဲဖြစ်ဖြစ်၊ရင်ထဲမှာ အသိတစ်ခုခု ကျန်ခဲ့သလိုလို ခံစားရတာပဲဖြစ်ဖြစ်၊ သင်နောက်တစ်ခေါက်ဖတ်ရှုသင့်ပြီ။

**************************

အပိုဒ် ( ၁ )
__________

သင်၏တာဝန်ဟာသင့်ရဲ့ ဘ၀လားရာဖြစ်တယ်။
သင်၏အတွေ့အကြုံဟာ သင့်ရဲ့အရင်းအနီးဖြစ်တယ်။
သင့်၏ ကိုယ်ကျင့်တရားဟာ သင့်ရဲ့ ဘ၀ကံကြမ္မာဖြစ်တယ်။

**************************

အပိုဒ် ( ၂ )
_________

ရူတ်ထွေးနေသည့်အလုပ်ကို ရိုးရှင်းအောင်လုပ်ပါ။
သင်သည်ပညာရှင်။
ရိုးရှင်းနေသည့်အလုပ်ကို
အကြိမ်ကြိမ်လုပ်ပါ။ သင်သည် ပါရဂူ။
အကြိမ်ကြိမ်လုပ်နေရတဲ့အလုပ်ကို
စိတ်ပါလက်ပါလုပ်ပါ။ သင်သည် အောင်နိုင်သူ ဖြစ်လာပါမည်။

**************************

အပိုဒ်( ၃ )
________

လှပခြင်းသည် မိမိကိုယ်မိမိယုံကြည်မူရှိသူတို့အတွက်၊
အခွင့်အရေးသည် စွန့်ဦးထိုးဖောက်သူတို့ အတွက်၊
အံ့ဖွယ်အောင်မြင်သူမူတို့သည် ဇွဲရှိသူတို့အတွက်ဖြစ်သည်။

*************************

အပို်ဒ် ( ၄ )
_________

သင်မလုပ်ချင်လျင် အကြောင်းပြချက်တွေ့စမြဲ ။
သင်တကယ်လုပ်ချင်လျင် နည်းလမ်းရှာဖွေတွေ့စမြဲ ။
*************************

အပိုဒ် ( ၅ )
_________

သဲဟာ အမိုက်သရိုက်၊ ဘိလပ်မြေဟာလည်း
အမိုက်သရိုက်သူတို့ကို ရောလိုက်ရင် ခိုင်မာတဲ့
ကွန်ကရစ် ဖြစ်လာတယ်။ ကွန်ကရစ် ဟာ
အဖိုးတန်ပစ္စည်းဖြစ်တယ်။

ဆန်ဟာ အဖိုးတန်ပစ္စည်း၊ ဓါတ်ဆီဟာလည်း
အဖိုးတန်ပစ္စည်း၊အဲဒီနှစ်ခု ရောမိရင်တော့ အမှိုက်
ဖြစ်သွားပါတယ်။ ဒါကြောင့်မို့လို့၊ သင်ဟာ အမှိုက်လား၊ အဖိုးတန်ပစ္စည်းလားဆိုတာထက် သင်ဘယ်သူနဲ့
ရောတယ်၊ ဘာအလုပ်နဲ့ရောတယ်ဆိုတာ
ပိုအရေးပါတတ်ပါတယ်။

Credit to (သိမှတ်​ဖွယ်​ရာ​_​ဗဟုသုတရွာ)
#MgShweOo
Ngaoh

No comments:

Post a Comment