Tuesday, January 8, 2019

လူတစ်ဦး၏ ဆန္ဒအမှန်ကို မသိရသေးဘဲ

လူတစ်ဦး၏
လောဘတက်ချိန်ကို မတွေ့ရသေးဘဲ
ထိုသူ၏ ရိုးသားတည်ကြည်မှုကို စိတ်မချပါနဲ့။

လူတစ်ဦး၏
ဒေါသထွက်ချိန်ကို မတွေ့ရသေးဘဲ
ထိုသူ၏ ယဉ်ကျေးဖော်ရွေမှုကို စိတ်မချပါနဲ့။

လူတစ်ဦး၏
မာန်မာနဖြင့် ခက်ထန်ချိန်ကို မတွေ့ရသေးဘဲ
ထိုသူ၏ နူးညံ့သိမ်မွေ့မှုကို စိတ်မချပါနဲ့။

လူတစ်ဦး၏
ဆန္ဒအမှန်ကို မသိရသေးဘဲ
ထိုသူ၏ ပေးကမ်းရက်ရောမှုကို စိတ်မချပါနဲ့။

credit >> Original uploader

No comments:

Post a Comment