Saturday, January 5, 2019

သားသမီး{ ၃ }မျိုး

သားသမီး{ ၃ }မျိုး ....

❆ ❆ အကြွေးလာဆပ်တဲ့ သားသမီးနဲ့
အကြွေးလာတောင်းတဲ့ သားသမီးဆို
ပြီး
နှစ်မျိုးရှိပါတယ်..........
.................................

❆ ❆ အကြွေးလာဆပ်တဲ့
သားသမီးကတော့.........

သူတတ်တဲ့ပညာတွေနဲ့ မိဘတွေကို
ပညာတတ်ရင်လည်း ပညာနဲ့
ပညာမတတ်ရင်လည်း ခွန်အားနဲ့
လုပ်ကြွေးပြုစုမယ့် သားသမီးမျိုးပေါ့..

❆ ❆ အကြွေးလာတောင်းတဲ့ သားသမီးကတော့..........

မိဘစိတ်ဆင်းရဲအောင်လုပ်မယ် ဂျီတိုက်မယ်
မသေခင် အမွေတောင်းမယ် စတဲ့ စိတ်ဆင်းရအောင်​ လုပ်မယ် အရှက်ပေးမယ်
အန္တရာယ်ပေးမယ့် သားသမီးမျိုးပေါ့...

...............................

❆ ️❆ ဘုရားဟောစကားတော်အရကတော့.........................

အတိဇာတသား , အနုဇာတသား , အဝဇာတသား
ဆိုပြီး သုံးမျိုးရှိတာပေါ့..

❆ ❆ အတိဇာတသားဆိုတာက​တော့.....

မိဘထက်အလွန် ကိုယ်ကျင့်သိက္ခာက
အစသာသွားတာ၊ဥပမာ ဘုန်းကြီးရဟန်း
အဖြစ်နဲ့ မိဘကို လုပ်ကျွေးပြုစုတဲ့သားမျိုး ၊
သားကောင်းသားမြတ်မျိုးပေါ့..

❆ ❆ ️အနုဇာတသား ဆိုတာက​တော့.....

မိဘနဲ့ ကိုယ်ကျင့်သိက္ခာတူ မိဘကို
လုပ်ကျွေးပြုစု ကျွေးမွေးစောင့်ရှောက်တဲ့
သားသမီးမျိုးပေါ့

❆ ❆ ️အဲ့ဒီ ၂နှစ်မျိုးက သားကောင်း
သမီးကောင်းတွေပေါ့
အထက်မှာပြောထားသလို
အကြွေးဆပ်မယ့် သားသမီးမျိုးပေါ့...

❆ ❆ ️အဝဇာတသားကတော့
မိဘထက်ယုတ်ညံတဲ့ သာသမီးမျိုး
အကြွေးတောင်းလာတဲ့ သားမျိုးပေါ့
မိဘကို ဒုက္ခပေးဖို့ သက်သက် ဖြစ်လာတဲ့
သားမျိုး မွေးလာလို့သာချစ်မြတ်နိုးရပေမယ့်
ဒီသားသမီးမျိုးကိုတော့ ဘယ်မိဘမှ
မလိုလားတဲ့ သားသမီးမျိုးပေါ့

❆ ❆ ️ဒီသားသမီးမျိုးကျ အထက်မှာပြောထားသလို
အကြွေးလာတောင်းတဲ့ သားသမီးမျိုးပေါ့

❆ ❆ ️ဒါပေမယ့် မိဘဆိုတာက
ဘယ်သားသမီးကိုမဆို
ဆိုးရင်လည်းဂရုဏာနဲ့ ချစ်တာပါပဲ

❆ ❆ ကောင်းတဲ့သားသမီးကိုလည်း
လိမ္မာလို့ချစ်ရတာပါပဲ
ခွဲခြားတာမျိုးတော့မရှိဘူးပေါ့

❆ ❆ တကယ်လိုလားတာက
အတိဇာတ သားသမီးမျိုးသာ
မိဘတိုင်း လိုလားကြပါတယ်

❆ ❆ ဒါကြောင့်မို့လို့ သားသမီးတွေ အနေနဲ့
အတိဇာတ သားသမီးမျိုးထိ
မဖြစ်နိုင်တောင် အနုဇာတ သားသမီး
လောက်တော့ ဖြစ်အောင် မိဘကို
ကျွေးမွေးစောင့်ရှောက်နိုင်တဲ့
သားသမီးများဖြစ်အောင်
ကြိုးစားနိုင်ကြပါစေ................
                      ................

          သားသမီး​ကောင်းများဖြစ်​လို့

                 မိဘကို အသက်​​ပေးလို့

                        ကာကွယ်​နိုင် ပါစေ....
                      ..................

       { ဗဟုသုတ မျဝေပါသည် }

လေးစားလျက်...Dar Li
.
.#credit

No comments:

Post a Comment