Wednesday, January 16, 2019

သုစရှိက်တရား-ဝါ-ကုသလကမ္မပထတရား(၁၀)-ပါး

🙏 သုစရှိက်တရား-ဝါ-ကုသလကမ္မပထတရား(၁၀)-ပါး🙏

🌷 ၁။ သက်ရှိသတ္တဝါတို့၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
🌷၂။ ပိုင်ရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
🌷🀄️၃။ ကာမတို့၌ ဖောက်ပြန် မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
🌹၄။ မုသားစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
🌹၅။ ကြမ်းတမ်းသော စကား, ဆဲရေး ကြိမ်းမောင်းခြင်းမှ ရှောင်ကြဉ်ခြင်း၊
🌹၆။ ကုန်းတိုက်စကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
🌹၇။ အကျိုးမရှိသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
🍁၈။ သူတစ်ပါးဥစ္စာကို ရယူလိုသော စိတ်အကြံ မရှိခြင်း၊
🍁၉။ သူတစ်ပါးပျက်စီးလိုသော စိတ်အကြံ မရှိခြင်း၊
🍁၁၀။ မှားယွင်း ဖောက်ပြန်သော အယူအမြင် မရှိခြင်း။

🌷အဓိပ္ပါယ်
🌷သုစရိုက်  သုစရိုက်
     အကောင်းပြုကျင့်  သုစရိုက်
    အကောင်းပြုကျင့်  သုစရိုက်မှာ
    ဆယ်ပါးပြားတယ်ကွာ ။
🌷ကုသလကမ္မပထ
     တနည်းခေါ်သေးကြ။
    နတ်ပြည်ရောာက်ရ အကြောင်းတွေ
    အကောင်း လမ်းခရီးပေ။
🌷မောင်နှင့်မေ သတိထား
    သုစရိုက်ကို လွန်ကြိုးစား
    သုစရိုက်ကို လွန်ကြိုးစား

No comments:

Post a Comment