Wednesday, January 9, 2019

မာန်

အပွင့်ကိုခူး
အဖူး ငါ့မှာကျန်သေးတယ်...

အဖူးကိုဖျက်
အခက် ငါ့မှာကျန်သေးတယ်....

အခက်ကိုချိုး
အရိုး ငါ့မှာကျန်သေးတယ်....

အရိုးကိုနှုတ်
အငုတ် ငါ့မှာကျန်သေးတယ်...

အငုတ်ကို ပယ်ရွေ့
မျိုးစေ့ ငါ့မှာကျန်သေးတယ်...

မနက်ဖြန်ဆို ငါပင်ပျိုသည်.ဝေစည်စိမ်းလျှက်
သီးပွင့်ရွက်နှင့် ဆက်လက်ဝေဆာ မြေကမ္ဘာမှာ
သာယာ ဝင့်လန်း မေတ္တာဖျန်းပြီး ငါလမ်းငါလျှောက်နေဦးမယ်...။

#ဒေါင်းနွယ်ဆွေ

လေးစားစွာဖြင့်

Credit:::
#MgShweOo
Ngaoh

No comments:

Post a Comment